Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ (သို့သော်) Firefox Browser မှာ မြန်မာစာတွေ မမှန်ခဲ့ရင်


ဒီနေ့ စောစောလေးကပဲ Viber PC ဗားရှင်းမှာ မြန်မာစာမှန်သွားတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး
Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ.. ဆိုတဲ့ ပို့စ်ကို ညီလေး  ပြည့်ဖြိုး (MMiTD) က တင်ပေးထားပါတယ် .. တင်ပေးထားတဲ့ Font ကို ထည့်လိုက်တာနဲ့ Viber PC Version မှာ ရေးရင် လေးထောင့်တုန်းလေးပေါ်ပြီး Enter (or) Send လိုက်ရင်တော့ မြန်မာစာတွေ အမှန် ပေါ်လာတာ မှန်ပါတယ် .... 100% မမှန်သေးပါဘူး... တင်ပေးထားတဲ့ Font ကို Install လုပ်လိုက်တာနဲ့ Firefox Browser မှာ မြန်မာစာတွေ မပေါ်ပဲ အတုန်းတွေ ဖြစ်သွားတတ်ပါတယ်.... အဲ့ဒီလို....


အကြောင်းအမျိုးမျိုးကြောင့် Firefox Broswer,Facebook တို့မှာ အောက်ကပုံပါအတိုင်း မြန်မာစာတွေဟာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ ပြန်လည် အဆင်ပြေသွားအောင်  စောစောက သွင်းထားတဲ့ Font လေးကို (မလိုအပ်ရင်) Uninstall လုပ်နိုင်အောင် နည်းလမ်းလေးဖေါ်ပြပေးလိုက်ပါတယ် .....။



ပထမ နည်းလမ်းကတော့...  မြန်မာစာတွေ ဖတ်မရ အပေါ်ကပုံလို ဖြစ်နေရင် Firefox > Tool > Option > Content > font and color > advanced ကိုနှိပ်ပြီး ဝင်လိုက်ပါ အဲဒီထဲက....


 Allow pages to choose their own fonts instead of my selections above  ဆိုတဲ့စာသားရှေ့က အမှန်ခြစ်လေးကိုဖြုတ်ပြီး OK ပေးလိုက်ပါ....။

အောက်မှာ Comment ပေးသွားတဲ့ Bro nat ywa thar 
ရေ ကျေးဇူးပါ....:) 


အဆင်မပြေသေးရင်.....

အောက်ပါ နည်းလမ်းအတိုင်း စောစောက Install လုပ်ထားတဲ့ Font ကို Uninstall လုပ်ပေးနိုင်ပါတယ်...။

Start > Search မှာ Font ရေးထည့်ပြီး  Font Folder ကို ဖွင့်လိုက်ပါ..။


ပုံပါအတိုင်း Arial Folder ကို ဆက်ဖွင့်ပါ...


Abg > Airal Regular ကို Select မှတ်ပြီး အပေါ်နားက Delete (or) Right Click > Delete ကိုနှိပ်ပြီး ဖျက်လိုက်ပါ...


Yes ကိုနှိပ်ပါ...။


ခုဆိုရင် Firefox Browser ကို ပြန်ဖွင့်ကြည့်လိုက်ပါ... မြန်မာစာတွေ ပြန်မှန်သွားပါပြီ...။

တခြားဖြစ်တတ်တဲ့ Firefox Browser မှာ မြန်မာစာ အဆင်မပြေတာမျိုးကိုတော့ ဒီပို့စ်ထဲက အတိုင်းပြုပြင်ပေးနိုင်ပါတယ်...

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


12 comments:

Tools>Options> Content> Advanced>Allow pages to choose မှာ အမှန်ခြစ်လေး ဖြုတ်ပေးရင် ဖိုင်းယားဖောက်မှာ အဆင်ပြေပါတယ်။

zawgyi font နှင့် arial font ကို (Replace) ပြန် Install လုပ်လည်းရပါတယ်

ok thank now myanmar font is fit on firefox , thank bros

viber မှာတော့မြန်မာစာပေါ်သွားပြီ ဒါပေမယ့် firefox မှာ colour အဖြူရောင်ဖြစ်သွားတယ် ဘယ်လိုပြန်ဖြေရှင်းရမလည်းအကို..

ကျနော်ကတော့ ဘာပြသနာမှမဖြစ်လိုက်ဘူး အားလုံးအိုကေဘဲ Install လုပ်လိုက်တယ် ပြီးတော့ font ကိုကော်ပီကူးထည့်လိုက်တယ် ဗိုက်ဘာ ကိုဖွင့်ကြည့်လိုက်တယ် အစဉ်ပြေပါတယ် တစ်ခုတော့ရှိတယ် ကျနော်Install လုပ်တုံးကတော့
firefox ကို ဖွင့်ထားတဲ့ တန်းလန်းလေးပါ သေချာအောင် ကွန်ပျူတာကိုလဲ restart ချကြည့်လိုက်သေးတယ် ပြန်တတ်လာတော့လဲ firefox ကိုဖွင့်ကြည့်ပါတယ် ဘာမှပြောင်းလွဲမသွားဘူး အားလုံးအဆင်ပြေပါတယ် ပြည့်ဖြိုး (MMiTD) နှင့် ကိုဝင်းကိုလဲ အရမ်းကျေးဇူးတင်ပါတယ် ။

ရေးတုန်းတော့ အတုံးဘဲဟုတ်....

viber မှာ စာရေးရင် အသုံးတွေ ပေါ်နေတယ် သူများပို့ထားတာတွေတော့ ဖတ်လို့ရတယ်

ကျေးဇူးပါ အကို အဆင်ပြေသွားပြီဗျ Install လုပ်ပြီး Restart လိုက်တယ် ပြီးတော့ Viber ကိုပြန်ဖွင့်ပြီး Send လိုက်တော့အဆင်ပြေသွားတယ်ဗျ

အကိုကူညီပါအုံ window8 မှာ viber က မြန်မာလို မရဘူးထင်တယ် ကြိုးစာကြည့်ပါတယ် ကူညီပါအုံ

အကို ကျနော်သိချင်တာလေးရှိလို့ ကျေးဇူးပြုပြီးကျနော့် commentလေးကိုဖတ်ပြီးသွား၇င် အကြောင်းပြန်ပေးပါ...ပြန်ဖြေကြားပေးပါနော်.....ကျနော်သိချင်တဲ့ အကြောင်းအ၇ာက ကျနော်ဖွင့် ထားတဲ့ viberက ဖုန်းနံပတ်ဟာ သေသွားခဲ့ ၇င် သုံးလို့ မ၇တော့ ၇င် ဒီviberကဖုန်းနံပတ်က ဆက်ပြီးသုံးလို့ ၇သေးလား...ပြော၇မယ်ဆို၇င်ဗျာ..........ကျနော်တို့ ဖုန်းကဒ်ကိုပိုက်ဆံမထည့် တာကြာလို့ ဆက်သုံးလို့ မ၇ဘူးဆို၇င်ပေါ့ဗျာ....ဒီviberကဖွင့် ထားတဲ့ ကျနော်တို့ ဖုန်းနံပတ်က ဆက်သုံးလို့ ၇သေးလား သိချင်လို့ ပါ...ကျေးဇူးပြုပြီးဖြေကြားပေးပါနော်....

ရပါတယ်ခင်မျာ ဒါပေမဲ့ Viber ကို ဖြုတ် (Uninstall) လုပ်လိုက်တာမျို Reset ချလိုက်တာမျိုး ဆိုရင်တော့ ရမှ မဟုတ်တော့ပါဘူးး... ကုဒ်အသစ်ပြန်တောင်းယူရပါတယ်...

ဟုတ်ကဲ့ အခုလိုပြန်ဖြေကြားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...

Post a Comment