♪ “Acer Liquid X2” ♫


Acer မှ Octa Core ဖြင့် အသစ်ထုတ်လုပ်ထားသော Acer Liquid X2 ကိုမိတ်ဆက်ပေးချင်ပါတယ်။ Acer မှ ထုတ်လုပ် ထားသောအခြားဟန်းဆက် များရှိပေမယ့် ယခုဟန်းဆက်သည် ပိုမိုထူးခြားကောင်းမွန်သည့် ထူးခြား စွမ်းရည်များကိုပိုင်ဆိုင် ထားပါတယ်။ အထူးသဖြင့် ဆင်းကတ် ထည့်သွင်း အသုံးပြုနိုင်မည့် စွမ်းရည်ဖြစ်ပါတယ်။ ဖုန်းအများစုဟာဆင်းကတ်နှစ်ကတ် သာထည့်သွင်းသုံးစွဲနိုင်ပါတယ်။ Acer Liquid X2 မှာတော့ Sim Card 3 Card ထည့်သွင်းအသုံးပြုနိုင်အောင် တည်ဆောက် ထားပြီး၊ 4G Network ကွန်ရက်ကိုချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Android Version ကို 5.1 (Lollipop) အသုံးပြု ထားပြီး၊ Processor ကတော့ Octa Core 1.3 GHz ပဲဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန်စွာတုံ့ပြန် ပေးနိုင်မှာဖြစ်ပါတယ်။ Data သိမ်းဆည်းရန်အတွက် Storage ကို 32GB နှင့် System Memory ကို 3GB တပ်ဆင်ပေးထားသောကြောင့် သုံးစွဲသူများ ကိုကျေနပ်နှစ်သက်စေနိုင်မယ့် အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ X2 တွင် ဓာတ်ပုံများ၊ video ဖိုင်များသိမ်းဆည်းရန် များလွန်း၍ ဖုန်း၏ internal storage ဖြင့် မလုံလောက်လျှင်လည်းStorage အတွက် micro SD ကို128GB အထိတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်က ၅.၅ လက်မ အကျယ်အ၀န်းဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသောPixels ပမာဏကတော့ 1920 × 1080 ဖြစ်တာ ကြောင့် ကြည်လင်သောပုံရိပ်များကိုခံစားနိုင်ပါမယ်။ ဖုန်းCamera ကို ရှေ့ရောနောက်ပါ 13MPစွမ်းရည်ကိုအသုံးပြုနိုင်အောင် ဆောင်ရွက် ပေးထားပြီးFlash မီးကိုထည့်သွင်းဆင်ယင်ပေးထားပါတယ်။ ဒါကြောင့် မည်သည့်အနေအထားကပဲဓာတ်ပုံရိုက်ကူးပါစေပုံထွက် ကောင်းမယ့်ဖုန်း ဖြစ်ပါတယ်။ Acer Liquid X2 ဖုန်းတွင် မြန်မာစာကိုကောင်းမွန်စွာ ဖတ်ရှု နိုင်ပါသည်။ Acer X2 ၏ Warranty ကိုPart and Service ၁ နှစ်ပေးထား ပါတယ်။
<Specification>
Network - GSM
Screen - 5.5 inches
CPU - Octa Core 1.3GHz
OS - Android OS,v5.1
Memory - up to 128GB
Bluetooth - Yes
Contact - 01-227781
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment