♪ “FBI ကြောင့်ကျိုးပျက်သွားခဲ့သောiPhone ၏လုံခြုံရေးတံတိုင်းများ” ♫


အသေဖမ်းဆီးရမိခဲ့သည့်ရာဇ၀တ်ကောင်၏iPhone ၏လုံခြုံရေးစနစ်ကို Apple
ကုမ္ပဏီ၏အကူအညီမယူဘဲချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဟုအမေရိကန်
အစိုးရထောက်လှမ်းရေးအဖွဲ့FBI ကပြီးခဲ့သောအပတ်၊တနင်္လာနေ့က
ထုတ်ပြန်ကြေညာသွားခဲ့သည်။FBI သည်ကယ်လီဖိုးနီးယားပြည်နယ်၊
ဆန်ဘာနာဒီနိုမြို့တွင်အသေဖမ်းဆီးရမိခဲ့သည့်အကြမ်းဖက်သမား၊လူသတ် ကောင်Syed
Farook၏iPhone 5c မှအချက်အလက်များကိုရှာဖွေသိရှိနိုင် ရန်အတွက်Apple
အားလုံခြုံရေးစနစ်ချိုးဖျက်ပေးရန်တောင်းဆိုခဲ့ရာမှ တစ်ဆင့်
တရားရုံးတွင်အမှုရင်ဆိုင်ရသည်အထိဖြစ်ခဲ့သည်။FBI ၏ယခု ကြေညာချက်က၎င်းနှင့်Apple
အကြား ဖြစ်ပွားနေသောဥပဒေပိုင်းဆိုင်ရာ
အငြင်းပွားမှုများကိုအဆုံးသတ်ပေးလိုက်ပြီဖြစ်၏။သို့သော်iPhone အသုံးပြု
သူများအတွက်တော့စိုးရိမ်သောကများယူဆောင်လာခဲ့လေပြီ။
အမေရိကန်
တရားရုံးချုပ်တွင်အမှုပိတ်သိမ်းခဲ့ရာ၌FBI ကApple မဟုတ်သော
တတိယအဖွဲ့အစည်းတစ်ရပ်၏နည်းလမ်းကိုအသုံးပြုကာFarook၏iPhone
အတွင်းသို့ဝင်ရောက်ရှာဖွေနိုင်ခဲ့ပြီဟုကြေညာခဲ့သည်။ယင်းတတိယအဖွဲ့
အစည်းကိုမည်သူမျှမသိနိုင်သလို၎င်းတို့၏နည်းပညာကိုလည်းသိခွင့်ရရှိမည်မဟုတ်ပေ။ထို့အတူ၎င်းတို့ အစမ်းသပ်ခံiPhone
မော်ဒယ်များကိုလည်း လျှို့ဝှက်ချက်
အဖြစ်သာဆက်လက်ထိန်းသိမ်းထားမည်မှာသေချာပါသည်။
<iPhoneတို့၏အားနည်းချက်များကိုရှာဖွေခြင်း>
FBI အနေဖြင့်iPhone မော်ဒယ်အသီးးသီး၏အားနည်းချက်များကိုနှိုင်းယှဉ်
လေ့လာရင်း ဆန်ဘာနာဒီနိုရာဇ၀တ်ကောင်၏iPhone 5cကိုချိုးဖောက် ၀င်ရောက်
နိုင်သည့်နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း
နည်းပညာကျွမ်းကျင်သူများကခန့်မှန်းထားကြသည်။လွန်ခဲ့သောတစ်ပတ်ကဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီတစ်စု၏ကြေညာချက်ကလည်းထို
ခန့်မှန်းချက်ကိုပိုမိုခိုင်မာစေခဲ့ပြန်သည်။ထိုသုတေသီများသည်iPhone
များတွင်ပါဝင်သောiMessage Protocol ၏သိသာထင်ရှားသော အားနည်းချက်
တစ်ရပ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးApple ထံထောက်ပြခဲ့သည်။ Apple
ဘက်ကလည်းအားနည်းချက်ကိုပြန်လည်ပြင်ဆင်ထားသောUpdated Version ပါဝင်သည့် iOS
(iOS 9.3) ကိုထပ်မံဖန်တီးလိုက်သည်။ ဂျွန်ဟော့ကင်း
အဖွဲ့၏ကောင်းသည့်အချက်ကiPhone ၏အားနည်းချက် တစ်ခု ကိုApple ဘက်က
ပြင်ဆင်ချက်ထွက်ပေါ်လာမှသာအများသိစေရန်
ထုတ်ဖော်ကြေညာလိုက်ခြင်းပင်။တစ်နည်းအားဖြင့်Research ခေါ် သုတေ
သနလုပ်ငန်းများသည်Apple ၏iPhone များကိုပို၍ခိုင်မာလုံခြုံစေရန် ကူညီ
ပေးနေခြင်းပင်ဖြစ်လေသည်။
FBI
ကတော့နည်းလမ်းခြင်းတူသော်လည်းသုတေသနလုပ်ငန်းများ နှင့်
ဆန့်ကျင်ဘက်လုပ်ဆောင်နေခြင်းပင်။ဆန်ဘာနာဒီနိုရာဇ၀တ်ကောင်၏ iPhone
အတွင်းသို့မွှေနှောက်ရှာဖွေနိုင်မည့်အားနည်းချက်ကိုသိရှိခဲ့ကြ
သည်။ထိုအချက်ကိုလျှို့ဝှက်ထားပြီးအခြားသောရာဇ၀တ်မှုဆိုင်ရာစုံစမ်း
စစ်ဆေးမှုများတွင်လိုအပ်ပါကအခြားသောiPhone များ၏စနစ်များကိုထပ်မံ
ချိုးဖောက်ပါလိမ့်ဦးမည်။ရာဇ၀တ်ကောင်Farook၏iPhone 5c ကို အောင်မြင်စွာ
Unlock လုပ်နိုင်ခဲ့ပြီးနောက်FBI အနေဖြင့်နောက်ထပ် လူသတ်မှု
တစ်ခုကိုစစ်ဆေးရန်အခြားiPhone တစ်လုံးအားထပ်မံUnlock
ပြုလုပ်ပေးရန်သဘောတူညီလိုက်ပြီဟုသတင်းများအခိုင်အမာထွက်ပေါ်လာ ခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်းရာဇ၀တ်မှုနှိမ်နင်းရေးနှင့်ဥပဒေပိုင်းဆိုင်ရာတို့တွင်လိုအပ်ပါကအခြားသောiPhone
များကိုလည်းထပ်၍Unlock ပြုလုပ် မည်ကိုတော့သံသယရှိစရာမလိုပါ။ထိုiPhone
များမှာ ရွေးကောက်ထားသော နိုင်ငံ့ခေါင်းဆောင်များ၏ဖုန်းများဖြစ်လာနိုင်သည်။
ပြည်နယ် အလုပ်သမား များ၏ဖုန်းများလည်း ဖြစ်လာနိုင်သည်။ထိုမျှသာမကFBI
အေးဂျင့်များ အပါအ၀င်နိုင်ငံလုံခြုံရေးကိုတာဝန်ယူထားသူများ၏ဖုန်းများလည်း
ဖြစ်ကောင်း ဖြစ်လာနိုင်သည်မဟုတ်ပါလား။

နည်းပညာပစ္စည်းတိုင်းတွင်အားနည်းချက်ကတော့အမြဲလိုလိုရှိကြလိမ့်မည်သာ။ထိုအားနည်းချက်ကို ရှာဖွေဖော် ထုတ်နိုင်ခဲ့ခြင်းသည်ဖုန်းတစ်လုံးအတွက်သာမဟုတ်ဘဲအမျိုးအစားတူဖုန်းများအားလုံးအတွက်အန္တရာယ် ကျရောက်
လာခြင်းဟုသာဆိုရပါလိမ့်မည်။ဥပမာအားဖြင့်Windows 10 တွင်
အားနည်းချက်တစ်ရပ်ရှိနေသည်ဆိုပါစို့။ထိုအားနည်းချက်သည်ကမ္ဘာပေါ်ရှိWindows 10
အသုံးပြုသူများအားလုံးနှင့်သက်ဆိုင်လာခဲ့ပြီဟုဆိုရပေမည်။
ရရှိထားသောနည်းပညာပစ္စည်းတစ်ခုခု၏အားနည်းချက်ကိုအခြေခံ၍
ချိုးဖောက်တိုက်ခိုက်မည်လား။နောက်ကွယ်မှနေ၍ကာကွယ်ပေးမည်လား
ဆိုသည့်မေးခွန်းမှာအမေရိကန်အစိုးရအားနှစ်ပေါင်းများစွာဦးနှောက်စား
လာခဲ့သောမေးခွန်းတစ်ရပ်သာဖြစ်သည်။အားနည်းချက်ကိုစုံစမ်းသိရှိသောအခါမည်သို့ဆက်၍စခန်းသွားမည် ဆိုသည်မှာအရေးကြီးသောမေးခွန်း
တစ်ရပ်ပင်။များသောအားဖြင့်တော့FBI ကဲ့သို့အစိုးရအဖွဲ့အစည်းများ
အနေဖြင့်iPhone တစ်လုံး၏အားနည်းချက်ကိုရှာဖွေသိရှိခဲ့ပြီးပါကလည်း
ထုတ်ပြန်ကြေညာခြင်းမျိုးလုပ်မည်လား၊သို့မဟုတ်လျို့ဝှက်စွာအကာအကွယ်ပေးသွားမည်လားဆိုသည်မှာ စဉ်းစားစရာအနေအထားပင်ဖြစ်သည်။
အိမ်ဖြူတော်အစိုးရအဖွဲ့ဝင်များကတော့ကာကွယ်ရေးကိုသာအဓိကဦးစား
ပေးသတ်မှတ် ထားကြောင်းကြေညာ သွားခဲ့သည်။ဂျွန်ဟော့ကင်းတက္ကသိုလ်
မှသုတေသီများကတော့“စနစ်တစ်ခုရဲ့အားနည်းချက်ကို ရှာဖွေတွေ့ရှိပြီ
ဆိုရင်လုပ်စရာက၂မျိုးပဲရှိပါတယ်။FBI ကလူတွေလုပ်သလိုတစ်ခုခုကို
ပြန်လည်တိုက်ခိုက်ဖို့အသုံးပြုသလိုကာကွယ်ဖို့လည်းအသုံးပြုနိုင်ပါတယ်”
လို့သုံးသပ်ခဲ့ကြပါတယ်။
<ပုဂ္ဂလိကလုံခြုံရေး>
FBI
အနေဖြင့်ဆန်ဘာနာဒီနိုရာဇ၀တ်ကောင်၏iPhone ကိုUnlock ပြုလုပ်
နိုင်ခဲ့ခြင်းမှာလည်းအားနည်းချက်တစ်ရပ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းသာ
ဖြစ်လေသည်။ သို့ရာတွင်အငြင်းပွားဖွယ်ရာလုပ်ရပ်များကထိုအဆင့်တွင်
စတင်လာခဲ့ပြီဖြစ်သောကြောင့်ပင်။FBI အနေဖြင့်၎င်းတို့သိရှိထား သော iPhone 5c
၏အားနည်းချက်၊ပျော့ကွက်တစ်ခုခုကိုထုတ်ပြန် ကြေညာခြင်း
မပြုဘဲဆက်ထိန်းထားခဲ့သည်မှာအမှန်ပင်။သို့သော်အခြား တစ်ဖက်တွင် Apple ဘက်မှ
ပြန်လည် ပြင်ဆင်ဖာထေးနိုင်ရန်အတွက်ယင်း အားနည်းချက် ကို
သိရှိရန်လည်းလိုအပ်နေသည်။FBI ကတော့မသမာသူများကိုအသိမခံခဲ့
သလိုကာယကံရှင်Apple ကိုလည်းအသိမခံခဲ့ပေ။Apple နှင့်FBI တို့၏
အကြားကလွဲမှားသောမာနများရှိနေခြင်းသည်သာမန်PR စစ်ပွဲတစ်ပွဲ၊
ဥပဒေပိုင်းဆိုင်ရာအငြင်းပွားတစ်ခုဆိုသည်ထက်များစွာပိုလွန်နေပြီဟုဆိုရ
မည်ဖြစ်သည်။လတ်တလောတွင်ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသည့်တတိယအဖွဲ့အစည်းတစ်ခုကြောင့် FBI
နှင့်Apple အကြားမှတရားဥပဒေပိုင်းဆိုင်ရာ
အငြင်းပွားမှုကတော့အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။သို့သော်iPhone ၏
အားနည်းချက်ကိုFBI မှမထိန်းသိမ်းနိုင်ခဲ့သည်ရှိသော် ပြဿနာ အမြောက်
အမြားကိုဆက်လက်ရင်ဆိုင်ရလိမ့်မည် ဖြစ်တော့သည်။အမေရိကန် နိုင်ငံ
တစ်ဝန်းတွင်လည်းiPhone နှင့်ပတ်သက်သောလုံခြုံရေးပြဿနာများကို
တသီတတန်းကြီးထပ်မံတွေ့ရနိုင်ဖွယ်ရှိနေသည်။တစ်ချိန်တည်းမှာပင် Apple
နှင့်FBI တို့၏ကိစ္စမှနောက်ထပ်အံ့အားသင့်စရာကောင်းသောဖြစ်ရပ်
တစ်ခုကိုလည်းတွေ့မြင်ခဲ့ကြရသေးသည်။

ယင်းအဖြစ်ကတော့အမေရိကန်အစိုးရလုံခြုံရေးဆိုင်ရာဝန်ထမ်းဟောင်းများ၊အရာရှိဟောင်းများကလက်ရှိ အဆုံးသတ်သွားခဲ့ပြီ
ဖြစ်သောကိစ္စတွင်Apple
ဘက်မှရပ်တည်ခဲ့ကြခြင်းပင်ဖြစ်သည်။အဆိုပါအစိုးရအရာရှိဟောင်းများ၏
ခံယူချက်မှာနည်းပညာပိုင်းအရချိုးဖောက်ဝင်ရောက်မှု (Cyberdefence) ခံရ
ရန်အားနည်းချက်ရှိနေချိန်တွင်၎င်းတို့၏Cyberdefenceကိုတတ်နိုင်သမျှ
အခိုင်မာဆုံး ဖြစ်စေရန်လိုအပ်လိမ့်မည်ဟူ၍ပင်။အားနည်းချက်ရှိနေသော် လည်း
ထိုအားနည်းချက်ကိုလျို့ဝှက်ထားမည့်အစားအလျင်မြန်ဆုံး နည်းလမ်း
ဖြင့်ပြန်လည်ဖာထေး ပြင်ဆင်ထားလိုက်ခြင်းကသာ အကောင်း
ဆုံးနည်းလမ်းဖြစ်မည်ဟုနည်းပညာဖြင့်နီးစပ်သူများကယူဆထားကြခြင်းဖြစ်သည်။ထို့ကြောင့်FBI
အနေဖြင့်အစောပိုင်းကiPhone 5c ကိုချိုးဖောက်
ဝင်ရောက်ပြီးသတင်းအချက်အလက်ရယူလိုခြင်းအတွက်Apple အပါအ၀င်
စောင့်ကြည့်သူများကတရားစီရင်မှုဆိုင်ရာအဖြစ်နားလည်လက်ခံပေးမည်
ဆိုလျှင်ရနိုင်သောအနေအထားမျိုးရှိသည်။သို့သော်ပထမiPhone တစ်လုံး တွင်
အောင်မြင်မှုရရှိခဲ့ပြီးနောက်အလားတူကြိုးပမ်းမှုမျိုးကိုနောက်ထပ်
အခြားသောiPhone များတွင်ဆက်လက်ပြုလုပ်သွားမည်ဆိုပါက
အမေရိကန်ပြည်သူများ၏လုံခြုံရေး၊ပုဂ္ဂလိကလုံခြုံရေးကိုဖျက်ဆီးပစ်နေခြင်းဟုသာသတ်မှတ်ကြပါလိမ့်မည်။
<Bruce Schneier၏Your iPhone just got less secure. Blame the FBI
ဆောင်းပါးကိုကိုးကားပြန်ဆိုသည်။ဆောင်းပါးရှင်Bruce Schneierသည်
အမေရိကန်အခြေစိုက်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီResilent Systems မှ Security
Technologist နှင့်CTO အဖြစ်ဆောင်ရွက်နေပြီးData and Goliath: The Hidden
Battles to Collect Your Data and Control Your World. စာအုပ်ကို
ရေးသားထုတ်ဝေထားသူလည်းဖြစ်သည်။>


ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

2 comments:

BIOS password ဖျက်​လို့ရတဲ့နည်းရှိရင်​ ​ပြောပြ​ပေးပါ ​ဆော့ဝဲဖြစ်​ဖြစ်​ ဟာ့ဝဲဖြစ်​ဖြစ်​ပါအကို laptop ပါ acer aspire 4560 ပါ အကို

Jumper နဲ့ေ၇ှာ့ ရိုက်ဖျက်လို့ရပါတယ် အမျိုးအစားအတိအကျနဲ့ Google မှာ Jumper way ရှာလိုက်ပါ

Post a Comment