♪ Apple Pay ကို ၀က်ဆိုက်များမှာ အသုံးပြုနိုင်မည် ♫

၂

Apple က Credit Card များကို ဒစ်ဂျစ်တယ်နည်းဖြင့် iPhone များမှာ ထည့်သွင်းစေပြီး မြေပြင် အရောင်းဆိုင်များနဲ့ Apps များမှာ ငွေပေးချေနိုင်တဲ့ Apple Pay ကို ပြုလုပ်ပေး ထားပါတယ်။

Apple Pay ဟာ မိုဘိုင်းဖုန်းမှ ငွေပေးချေတဲ့ ၀န်ဆောင်မှုပါ။ ယခုအခါ Apple က ဖုန်းမှ Apps များမှာသာမကဘဲ ၀က်ဆိုက်များမှာပါ ငွေပေးချေနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ ဒါဟာ Apple Pay ကို လူသုံးများစေမှာပါ။ ယခင်နှစ် အားလပ်ရက် ဈေးဝယ်ရာသီမှာ ဈေးဝယ်သူများဟာ Mobile Apps များထက် Mobile Websites များမှာ ၂၀ ရာခိုင်နှုန်း ပိုမို ၀ယ်ယူကြတယ်လို့ comScore က စစ်တမ်းပြုစုထားပါတယ်။

အွန်လိုင်း ဈေးဝယ်မှုများကို အဓိကအားဖြင့် ဒတ်စတော့ ၀က်ဆိုက်များမှာ ပြုလုပ်ကြပါတယ်။ Mac Computer ကနေ ဈေးဝယ်ရင် iPhone ထံ Notification ပေးပို့မှာ ဖြစ်ပြီး လက်ဗွေရာဖြင့် ငွေပေးချေ ရမှာ ဖြစ်ပါတယ်။

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment