အတ္တကို ရှေ့တန်းတင်တတ်သည့် "လူတချို့သို့"



 ဖတ်/မှတ် ဖူးခဲ့တဲ့  (မေတ္တာရှင် ရွှေပြည်သာ)  ရဲ့ စာတချို့ကို အရင်ဆုံးမျှဝေပါရစေ...။


"သုဒဿံ ဝဇ္ဇ မညေသံ ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိသော ဝဇ္ဇာနိ ၊ သြဖုနာတိ ယထာ ဘုသံ"


" သူတစ်ပါးအပြစ်ကို မြင်လွယ်၏။ မိမိအပြစ်ကို မြင်နိုင်ခဲ၏။ သူတစ်ပါးအပြစ်ကိုသာ မြင်လေ့ရှိ၍ မိမိအပြစ်ကို မြင်လေ့မရှိသောသူသည် သူတစ်ပါးအပြစ်ကို များများပြောခြင်းဖြင့် မိမိအပြစ်ကို ဖုံးကွယ်တတ်ကြ၏။ ဥပမာအားဖြင့် ငှက်တို့ကို ဖမ်းလိုသော ငှက်မုဆိုးသည် ငှက်တို့မမြင်အောင် သူ့ခန္ဓာကိုယ်ကို သစ်ခက်စသည်ဖြင့် ဖုံးလွှမ်းသကဲ့သို့ပင်တည်း" ဟု ဟောကြားထား၏။


ဘုရားမဖြစ်သေးသမျှ မိမိကိုယ်ကို အသိဥာဏ် ပြည့်စုံပြီဟူ၍ ဘယ်သောအခါမှ မအောက်မေ့သင့်ပေ။ စေတနာကောင်းဖြင့် မိမိအပြစ်ကို ထောက်ပြပေးလာလျှင် ပြုပြင်ရမည်သာ ဖြစ်၏။


ပုထုဇဉ်မှန်သမျှ သိမှုနှင့် မသိမှုတွင် မသိမှုက များသောကြောင့် အပြစ်အနာအဆာ တွေ့တိုင်း ပြုပြင်နေရမည် ဖြစ်၏။ မည်သည့်အချိန်ထိ ပြုပြင်ရမည်နည်းဟု မေးခဲ့လျှင် သေသည့်အချိန်ထိ
ပြုပြင်နေရမည် ဖြစ်သည်။


ဘုရားရှင်ပြီးလျှင် ပညာဥာဏ်အရာ ဧတဒဂ်ဘွဲ့ထူးရ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အဓိဋ္ဌာန်ချက်ကို ကြည့်ပါ။


" ယနေ့မှ ဝတ်သော ခုနှစ်နှစ်သား ကိုရင်ငယ်၏ ဆုံးမစကားပင် ဖြစ်သော်လည်း ငါသည်ဦးထိပ်ဖြင့် ခံယူ၍ ကျင့်သုံးလိုက်နာပါမည်"


ဤစကားသည် အပြောမဟုတ် လက်တွေ့လုပ်ရပ်မှ ပေါက်ဖွားလာသော စကားဖြစ်၏။ တစ်ခါတွင် ဆွမ်းခံကြွခါနီး သင်္ကန်းရုံတာ မညီမညွတ်ဖြစ်နေသော အရှင်သာရိပုတ္တရာအား ကိုရင်ငယ်လေးတစ်ပါးက သင်္ကန်းရုံတာ မညီမညွတ်ဖြစ်နေ၍ ပြင်ရုံသင့်ကြောင်း လာ၍ဆုံးမ၏။ ထိုအခါ အရှင်သာရိပုတ္တရာသည် ချက်ခြင်းညီအောင် ပြန်ရုံကာ ကိုရင်ထံလာ၍ လက်အုပ်ချီလျက် ယခုလိုပြော၏။


" ဆရာကိုရင်လေး သင်္ကန်း ပြင်ရုံလိုက်တာ ညီပါပြီလား နောက်တစ်ခါ အပြစ်တွေ့ခဲ့လျှင် ယခုလို ဆုံးမပါဘုရား"


ပညာဧတဒဂ်ရ ရဟန္တာမထေရ်မြတ်ကြီးပင် ချို့ယွင်းချက် ရှိနေလျှင် ပုထုဇဉ်ဖြစ်သော လူသားများမှာ အားနည်းချက် ချို့ယွင်းချက် ဆိုသည်မှာ ဧကန်မုချ ရှိတော့မည်သာ ဖြစ်၏။


မိမိကိုယ်ကို အရင်ဦးဆုံး ဆုံးမသွန်သင်ရာ၏။ ပြီးမှ သူတစ်ပါးကို ဆုံးမသွန်သင်အပ်၏။
လူမိုက်သည် ဆုံးမသွန်သင်သောသူကို မုန်း၏။ သူတော်ကောင်းသည် ဆုံးမသွန်သင်သောသူကို ချစ်၏။
အပြစ်ပြ၍ ဆုံးမသွန်သင်လာသူကို ရွှေအိုးရှိရာ ညွှန်ပြသူကဲ့သို့ သဘောထား၍ ဆည်းကပ်ရမည်။
အပြုစိတ်ထားဖြင့် အပြစ်ပြ၍ ဆုံးမသွန်သင်လာသူသည် မိမိအပေါ်တွင် ချစ်ခင်သောကြောင့်သာ ဖြစ်၏။ မိမိအပေါ်တွင် မေတ္တာမရှိသူသည်ကား မိမိမည်ကဲ့သို့ မှားနေသည်ဖြစ်စေ အမုန်းခံပြီး ဆုံးမသွန်သင်လိမ့်မည် မဟုတ်ချေ။


ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ရင်သွေးတော်ဖြစ်သော ရှင်ရာဟုလာသည် မနက်မိုးလင်းသည်နှင့် သဲများကို လက်နှစ်ဖက်ဖြင့် ကျုံးယူလိုက်ပြီး ယနေ့အဖို့ ဤသဲလုံး အရေအတွက်မျှရှိသော ဆရာများသည် " ငါ့အား အပြစ်ပြ၍ ဆုံးမကြပါစေ" ဟု အဓိဋ္ဌာန်ပြုလေ့ရှိ၏။


အပြစ်တင်ဆုံးမခြင်းကို မကြိုက်ရခြင်း၏ အဓိကအကြောင်းမှာ " မာန" တရားပင်ဖြစ်၏။ "မာန" သည် ထောင်လွှားတက်ကြွခြင်း သဘောရှိသော်လည်း သူ့ကိုလက်ခံထားသူအား ဖြစ်ရာဘဝတွင် ယုတ်ညံ့သောအမျိုး ယုတ်ညံ့သောဘဝသို့ ပို့ဆောင်ပေးတတ်သည်။

မာနကင်းပြီး ရိုသေထိုက်သူကို ရိုသေ။ လေးစားထိုက်သူကို လေးစားသော ဂါရဝနိဝါတသည် အပေါ်ယံအမြင်အားဖြင့် နိမ့်ကျခြင်း သဘောရှိသော်လည်း သူ့ကိုလက်ခံထားသူ မှန်သမျှအား မြင့်မြတ်သောအမျိုး မြင့်မြတ်သောဘဝသို့ ပို့ဆောင်ပေးတတ်သည်။



xxxxxxxxxxxxxxxx@@@@@@@@xxxxxxxxxxxxxxxxx



ထိုထိုသော ဘုရားဟော ကျမ်းဂန် စာပေများကို ဖတ်/မှတ်ထားဖူးသော်လည်း  "ဆိုရေးရှိက ၊ ဆိုအပ်လှ၏" ဆိုသည့် စကားနှင့်အညီ....


မိမိကိုယ်တိုင် လုပ်မတတ်တိုင်း ၊  လုပ်မရတိုင်း ၊  မိမိကိုယ်တိုင် $သုံးမကျတိုင်း  ဝါးလုံးရှည်နဲ့ ပါတ်ရမ်းပြီး ဆဲ ချင်တဲ့  လူတချို့ကို.....
စကားအနည်းငယ်ပြောပါရစေ... 
 (မဆိုင်သူတွေတော့ ကျနော် အားနာပါတယ်)





 မစွန့်လွှတ်နိုင်တဲ့ ဝါသနာကြောင့် ကိုယ့်ထမင်းကိုယ်စားပြီး အချိန်ကုန်၊ငွေကုန်ခံကာ ဒီ Website ကို တည်ထောင်ထားခြင်းဖြစ်ပါတယ်... ပိုက်ဆံတစ်ပြားမှမရပါ။


 (စိတ်ညစ်ခံချင်လွန်း၍၊ အဆဲခံချင်လွန်း၍ သက်သက် ယွပြီး လုပ်ထားခြင်းမဟုတ်ပါ)


ဖုန်းဆိုင်မှာအလုပ်လုပ်ခဲ့ဖူးသူမို့ ၊ Website ကြီး ထောင်ထားသူမို့ဆိုကာ အရာခပ်သိမ်းသိနိုင်လိမ့်မည်ဟု မထင်ပါနှင့် ၊ အရပ်လေးမျက်နှာက
 မေးလာသမျှတွေကို ထိုင်ဖြေပေး ၊ ကူညီပေးနေရလောက်အောင်လည်း အချိန်တွေ ပေါမနေပါဘူး ၊ ကုဋေရှစ်ဆယ် သူဌေးသားမဟုတ်လို့ အခြားသူတွေလိုပဲ စား ၊ဝတ် ၊ နေရေး ဆိုတာ ရှိပါသေးတယ်..။


ဖုန်းတွေကို Root ဖေါက်ခြင်း ၊ Recovery သွင်းခြင်း ၊  မြန်မာစာထည့်ခြင်း ၊ Error တခုခုဖြေရှင်းခြင်း စ,တာတွေကို  ရေးထားသည့် ပို့စ်ပါအတိုင်း (အတွေ့အကြုံမရှိပါပဲ) လက်တည့်စမ်းပြီး လိုက်လုပ်ကြတဲ့အခါမှာ...

 တခါတရံ.....

 တစ်ကြိမ်တည်းနဲ့  ၊ တစ်ချက်တည်းနဲ့ အဆင်ပြေချင် ပြေသွားတတ်သလို  နှစ်ကြိမ် ၊ သုံးကြိမ် ၊ လေးကြိမ် ကနေ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်ပေးရတတ်ပြီး ...  နောက်ဆုံး ကိုယ်တိုင် ဖြေရှင်းမနိုင်တော့လို့ ကုမ္ပဏီ ပြန်ပို့လိုက်ရတဲ့အခါလည်းရှိတတ်ပါတယ်။ (အနည်ဆုံး နှစ်ပါတ်ကနေ တစ်လအထိကြာမြင့်တတ်ပါတယ်)

 ဖုန်းဆိုင်မှာ အလုပ်လုပ်ခဲ့စဉ်က အလုပ်အတွက် လိုအပ်တဲ့  မြန်မာစာထည့်ဖို့ Software တွေ ၊ Root ဖေါက်ဖို့ Tool တွေ ၊ TWRP Recovery ဖိုင်လ်တွေ ၊ Myanmar Font Installer တွေ ၊ Firmware တွေ ၊ Error ဖြေရှင်းနည်း အစ ရှိသည်တို့ကို  မည်သူတစ်ဦးတစ်ယောက်ကမှ ရော့ အင့် ဒီလိုဖြေရှင်းရတယ်ဟုဆိုကာ အလွယ်တကူ လာပေးထားကြတာတွေမဟုတ်ပါဘူး ၊  ဒီဖုန်းတစ်လုံးအတွက် ဒီ Software တစ်မျိုး ၊ ဟိုဖုန်းတစ်လုံးအတွက် ဟိုSoftware တစ်မျိုးလည်း ကိုယ်တိုင်မတီထွင်တတ်ပါဘူး ၊  ဥုံဖွ... ဖုန်းတိုင်း အဆင်ပြေစေသတည်း ဆိုတဲ့ ဂါထာ မန္တန်တွေလည်းမတတ်ပါဘူး..


  ဗျို့.. ကိုဝင်းကမ္ဘာကျော်  ကျုပ်နာမည်က ဘာSoftware လို့ခေါ်ပါတယ်... ကျုပ်ဆိုတဲ့ Software က.. ဘယ်ဖုန်း ၊ ဘယ် Model ၊ ဘယ်အမျိုးအစားနဲ့ လုံးဝအဆင်ပြေ ကိုက်ညီစေပါတယ်...  ဒါ့ကြောင့် ကျုပ်ဆိုတဲ့ Software ကို ရဲရဲကြီး အသုံးပြုလိုက်စမ်းပါဟူ၍လည်း ဘယ် Software ကမှ အသက်ဝင်လာကာ လမ်းပြမပေးကြပါဘူး....

ဖုန်းတစ်လုံးနှင့် တစ်လုံး နာမည် ၊ အမျိုးအစား ၊ အရောင်အသွေးအထိ ခွဲမရအောင် တူပင်တူနေငြားသော်လည်း  Model တွေ မတူကြတာလည်း လက်တွေ့လုပ်ဖူးမှ သိရတာပါ...  (သိ၍မကုန်နိုင်တဲ့ ၊ မသိသေးတဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိပါသေးတယ်)


ဒီလိုပဲ....  စမ်းတဝါးဝါးနဲ့  အချိန်ပေးပြီး  လေ့လာ  စမ်းသပ် ၊ မရရင် နောက်တစ်မျိုးထပ်ရှာ.... ရမလားမျှော်လင့်ချက်နဲ့ ..  မရပြန်ဘူး.. နောက်တစ်ကြိမ် အခြားနည်းလမ်းတစ်ခုနဲ့ ထပ်ကြိုးစားကြည့်တယ်...  မရဘူးပဲ ..  ရကို ရရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဇွဲမလျှော့ပဲ ထပ်ရှာတယ်..


တခါတရံ လိုအပ်တဲ့ Software ကတော့တွေ့ပါတယ်.. Download Link က သေနေတယ် ဒေါင်းမရတော့ဘူး... အဲဒီလိုဒေါင်းမရတာကို ဒီအတိုင်းပဲ ကြည့်နေရမလား (ဒါမှမဟုတ်) ထိုင်ဆဲနေရမလား ??? စောင့်နေရအောင်လည်း Website ပိုင်ရှင်က အချိန်ပြည့် Online မှာ ရှိမနေနိုင်တာသေချာတယ်..  ဒါဆိုဘာလုပ်သင့်လဲ??? အကြောင်းအရာချင်းတူတဲ့ အခြားတနေရာရာ၊ အခြား Website တစ်ခုခုမှာ ထပ်ရှာရမယ်... ကိုယ့်အတွက်အရေးကြီးနေပြီလေ... ထိုင်စောင့်နေလို့မှမရတာ..။

 ထပ်ခါတလဲလဲ ရှာရတယ်။  ရှာဖွေတယ်ဆိုတာတွေထပ်နေလို့ ကြောက်လန့်မသွားပါနဲ့ ... အချိန် နဲ့ Internet ကွန်နက်ရှင်လေးရှိနေဖို့ပဲ လိုတာပါ.... Website တစ်ခုမှာ ဝင်/ထွက် ရှာဖွေတိုင်း ဝင်ကြေးပေးစရာမလိုပါဘူး... ခွင့်တောင်းစရာလည်းမလိုပါဘူး ၊  ၄င်း Website ဟာ ပိုင်ရှင်ရှိတယ်ဆိုတာ မှန်ပေမဲ့ တကယ်တမ်း လက်တွေ့မှာ မိမိ နဲ့ ကွန်ပျူတာပဲ ရှိနေတာပါ... ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုသလို ၊ ဘယ်သူ့ကိုမှလည်း ဂရုစိုက်နေစရာမလိုပါဘူးးးး  အချိန်ပေးနိုင်ဖို့ပဲ လိုတာပါ...

ဒီလိုရှာဖွေလိုက် ၊ စမ်းသပ်လိုက် နဲ့ ... ကြိမ်ဖန်များလာတဲ့အခါ...
တခါတရံ အသစ်ချပ်ချွတ်ဖုန်းတွေတောင် ပါဝါ ပြန်ဖွင့်မရတော့တာမျိုး ၊ ဘာမှနှိပ်မရတော့တာမျိုးအထိဖြစ်သွားတဲ့အခါလည်း ရှိတတ်ပါတယ်...

 ပျက်ရင်ပျက်သွားပစေ...   တကယ်လို့ပျက်ရင် ငါစိုက်ရော်လိုက်မယ်... အတွေ့အကြုံ ၊ ပညာတခုခု ရအောင်တော့ ကြိုးစားရမှာပဲလို့မျှော်လင့်ကာ... အံကျိတ်ပြီး  "ရင်း"  ရဲတဲ့ သတ္တိလည်း ရှိရပါတယ်။

လုပ်မရဘူးကွာ ၊ မလုပ်တတ်တော့ဘူးကွာ ဆိုပြီး လက်မှိုင်ချကာ သူများအားကိုးချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး ....

  Online ပေါ်က ဆြာတေကို မေးကျိအုန်းမှဘာ အကူအညီတောင်းကျိအုန်းမှဘာ ??? ဆိုတဲ့ အတွေးမျိုး  ယောင်လို့တောင် ဝင်မလာပါစေနဲ့...

လူတိုင်း ကိုယ့်အပူနှင့်ကိုယ် အပူကိုယ်စီရှိနေကြပါတယ်... သေချာတာကတော့ သူလည်းကိုယ်လိုလူတစ်ယောက်ပါပဲ ခေါင်းတစ်လုံး အပိုမပါပါဘူးးးး

အဲဒီလို အချိန်တွေပေးပြီး ခတ်ခတ်ခဲခဲ နဲ့ ရလိုက်တဲ့ အတွေ့အကြုံ လေးတစ်ခုကို... 
 အော်... အခြားသူတွေ ငါ့လိုမျိုး အချိန်မကုန်ပါစေနှင့်ဟု ရည်ရွယ်ကာ စေတနာတွေ ဒလပွနဲ့ သိသလောက် မှတ်သလောက် ကြိုးစားသီကုံးပြီး  မျှဝေပေးလိုက်ပါတယ်...

 "လုပ်မရဘူး" "အဆင်မပြေဘူး"ဘေလ်ကုန်တာပဲ အဖတ်တင်တယ်" "ဘာဖစ်တယ်" "ညာဖစ်တယ်" ဟုဆိုကာ  ပြောသူကပြောဆဲ သူက ဆဲခနဲ့သူက ခနဲ့ ......


အတတ်နိုင်ဆုံး အမှားနည်းအောင် ဂရုစိုက်ကာ...  နောက်တစ်ကြိမ် မျှဝေပေးလိုက်ပေမဲ့လည်း...

  "လုပ်မရဘူး"  "အဆင်မပြေဘူး"


Root ပြုလုပ်နည်း၊  Recovery သွင်းနည်း၊ မြန်မာစာထည့်သွင်းနည်း၊ Error ဖြေရှင်းနည်း  စသည့် Post များမှ ရေးသားဖေါ်ပြသည့်နည်းအတိုင်း  အဆင်ပြေခြင်း မပြေခြင်းလုပ်ရသည် မရသည်မှာ
မိမိ၏ကျွမ်းကျင်မှု နှင့် ကြိုးစားမှု အပေါ်မှာသာမူတည်၍ တစုံတရာဖြစ်ခဲ့လျှင် တာဝန်ယူမည်မဟုတ်ပါ။
မေးမြန်းမှုများကိုလည်း တော်ရုံဖြေရှင်းမည်မဟုတ်ပါ။


မည်သို့ပင်ဆိုစေကာမူ....


 ဝဋ်ကြွေးရှိသမျှ  ကျေစေရန်ဟု ရည်မျှော်ကာ  မှိတ်ကျိတ်ပြီး သီးခံ ကိုယ်ယုံကြည်ရာလမ်းကိုတော့ ဆက်လှမ်းချီတတ်နေဦးမှာပါ။


သို့သော်....


 Comment တိုင်းကို Reply လုပ်ခြင်း၊ လမ်းညွှန်ပေးခြင်း ၊ တပ်အပ် သိထားတာမျိုးနှင့် ကြုံခဲ့ရင်တောင် ယုတ်စွအဆုံး ထပ် ဆဲ သွားဦးတော့ တုံဏှိဘာဝေ မတုန်မလှုပ် ပါးစပ်ပိတ်ပြီး နေပါတော့အံ့...။




ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မည်ဟု


မျှော်လင့်ရင်းးးး


အားလုံးကို


 လေးစားလျှက်

WinKabarKyaw (WKK)
http://winkabarkyaw.net

6 comments:

အကို site က နည်းပညာ သမားတွေ အတွက် တကယ် ပြေတာပါ ညီမတို့ဆို ဘာလိုလို ဒီက ရှာနေရတာ ဗျ

ဆရာ ခင်ဗျား---
ကျွန်တော်တို့အတွက်ကတော့ တော်တော်လေးကို အဆင်ပြေပါတယ်။
ဆရာကို----ကျွန်တော်တို့က---အမြဲလေးစားလျှက်ပါခင်ဗျာ။
ကဗျာတပုဒ်ကို--ဆရာ ကြားဘူးမှာပါ----
"လေတိုက်တိုင်းသာ--သစ်ရွက်ကြွေလျှင်-သစ်ရွက် ဘယ်မှာရှိပါမည်နည်း "တဲ့ ဆရာခင်ဗျား။
ဒါ့ကြောင့် --လျစ်လျု ရှုလိုက်ပါဆရာ။
လေးစားလျှက်----

ဆက်လက်ကြိုးစားပါ အမြင့်ရောက်လာလေ အတိုက်ခိုက်များ သတိထားရလေပါဘဲ ။

I get many experience from your website.I appreciate your help thank for all upload.Myanmar font has many error in present writing now.So I use English unfortunately.

ထပ်ဆင့်ဖြန်ဝေပါရစေ

I must be thankful for sharing your ideas.Thank you for the good writeup.its a brellint job.please visit here for more detail:
Packers and Movers Delhi
We Provide Best Packers And Movers Delhi List for Get Free Best Quotes, Compare Charges, Save Money And Time, Household
Shifting Services @ Packers-and-Movers-Delhi.in

Post a Comment