♪ ဈေးအသင့်အတင့်နဲ့ အရည်အသွေးမြင့်ဖုန်းတစ်လုံး ကိုင်ဆောင်ချင်သူတွေအတွက် Gionee S6 Pro ♫


မြန်မာနိုင်ငံမှာလည်း နာမည်ရစပြုလာပြီဖြစ်တဲ့ Gionee ဟာ S6 Pro လို့ ခေါ်တဲ့ စမတ်ဖုန်းမော်ဒယ်အသစ်ကို တနလာင်္နေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ ပါတယ်။ ဈေးနှုန်းအားဖြင့် ၃ သိန်းခွဲလောက်ရှိပြီး၊ နာမည်ကြီးစမတ်ဖုန်းတွေကို ယှဉ်နိုင်မယ့် စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။

Gionee S6 Pro ဖုန်းရဲ့ ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ထားပြီး၊ ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာ ပါဝင်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လက်ဗွေရာဆန်ဆာဟာ ၀.၁ စက္ကန့်အတွင်းမှာ ဖုန်းကို lock ဖွင့်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ USB Type-C အားသွင်းပေါက် ပါဝင်လာတာဖြစ်ပါတယ်။ USB-C port ဟာ ဒေတာအပြောင်းအရွှေ့မြန်နှုန်းကော၊ အားသွင်းနှုန်းပါ တခြား USB port တွေထက် သိသိသာသာ မြန်ဆန်ပါတယ်။

Gionee S6 Pro စမတ်ဖုန်းကို Android 6.0 Marshmallow အခြေခံ Amigo 3.2 OS နဲ့ လည်ပတ်ထားပြီး၊ 4G SIM နှစ်ကတ် (Micro+Nano) ထည့်သုံးနိုင်ပါတယ်။ SIM slot က microSD ကတ်ပါ တွဲသုံးရတဲ့ နှစ်မျိုးစပ် hybrid ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်ဟာ ၅.၅ လက်မအရွယ် full-HD (1080×1920 pixels) IPS မျက်နှာပြင်ပါရှိပြီး၊ 64-bit octa-core MediaTek Helio P MT6755m ပရိုဆက်ဆာကိုအသုံးပြုထားပါတယ်။ RAM က 4GB အထိ ပါရှိပြီး၊ ဖုန်းဂရပ်ဖစ်ပိုင်းအတွက်လည်း Mali-T860MP2 GPU ကို အသုံးပြုထားတာကြောင့်၊ ဖုန်းစွမ်းဆောင်ရည်က အမြင့်စားပါပဲ။ ဖုန်းတွင်း storage မှာလည်း 64GB အထိပါရှိပြီး၊ microSD ကတ်မစိုက်ဘဲ သုံးရင်တောင် အေးဆေးသုံးနိုင်မယ့်အနေအထားပါ။

ကင်မရာမှာတော့ PDAF စနစ်ပါဝင်တဲ့ 13-megapixel ကျောကင်မရာနဲ့ LED ဖလက်ရှ်မီးပါရှိပြီး၊ ရှေ့ကင်မရာကတော့ သာမန် 5-megapixel ပဲပါရှိပါတယ်။ ကင်မရာ mode အနေနဲ့ HDR ၊ magic focus စသဖြင့် တော်တော်စုံပြီး၊ GIF တွေလည်း ကင်မရာနဲ့ ရိုက်နိုင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း full-HD mode နဲ့ ရိုက်ကူးနိုင်ပါတယ်။

Gionee S6 Pro ဖုန်းရဲ့ ဘက်ထရီကတော့ 3130mAh ဘက်ထရီဖြစ်ပြီး၊ ဖုန်းပြောချိန် ၃၉ နာရီ၊ မသုံးဘဲထားမယ်ဆိုရင် ၅၅၈ နာရီအထိခံတယ်လို့ ဆိုပါတယ်။ အလေးချိန်အနေနဲ့လည်း ၁၇၀ ဂရမ်ပဲရှိတာကြောင့်၊ ကိုင်ဆောင်ရတာအလွန်ပေါ့ပါးမှုရှိပါတယ်။

Gionee S6 Pro ကို တရုတ်နိုင်ငံတွင်းမှာ ကုမ္ပဏီရဲ့အွန်လိုင်းစတိုးကနေ ၀ယ်ယူရရှိနိုင်နေပြီဖြစ်ပြီး၊ အဖြူရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး ကာလာသုံးမျိုးရွေးချယ်နိုင်မှာပါ။ တရုတ်နိုင်ငံပြင်ပကို ဘယ်တော့ဖြန့်မလဲဆိုတာ ကိုတော့ မသိရသေးပါဘူး။
gionee_s6_pro_rear

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment