♪ “Huawei Y6 Pro” ♫


Y6 Pro သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ထုတ်လုပ်ရောင်းချ ပေးထားခြင်းဖြစ်ပြီး ရှေ့ပိုင်းတွင် ရိုးရိုး Y6 ကို ရောင်းချပေးထားပါသေး တယ်။ Y6 သည် 5 inches မျက်နှာပြင်အကျယ်ရှိပြီး Multitouch စနစ်၌ Emotion 3.1 UI ကို သုံးစွဲနိုင်ပါမယ်။ အဓိကကင်မရာသည် 8MP စွမ်းရည် ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။

မှတ်ဥာဏ် ပမာဏအပိုင်းတွင် 8GB ထည့်သွင်းပေးထားပြီး RAM အပိုင်းတွင်တော့ 1 / 2 GB ဆိုပြီး နှစ်မျိုးရှိပါမယ်။ CPU စွမ်းရည်ကတော့ Quad Core 1.1 GHz ဖြစ်ကာ ဘက်ထရီအမျိုးအစားသည် Li-Pro 2200 mAh ဖြစ်ပါတယ်။ Y6 Pro ကို Honor Play 5X (သို့) Enjoy 5 လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 143.1 × 71.8 × 9.7 mm ဖြစ်ကာ အလေးချိန်မှာ 160g ရှိပါတယ်။ ဖုန်းသည် Dual Sim အမျိုးအစားဖြစ်ကာ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အရွယ်အစားမှာ Micro SIM ပါ။ IPS LCD Capacitive Touch Screen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။

မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 294 ppi ဖြစ်ပါတယ်။ Multitouch စနစ်တွင် EMUI 3.1 ကို သုံးစွဲ နိုင်ပါမယ်။ အဓိက ကင်မရာသည် 13 MP , f/2.0 အမျိုးအစား ဖြစ်ကာ ရှေ့ကင်မရာငယ်ကတော့ 5 MP, f/2.2 အမျိုးအစားပါ။ 1080P စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 frames နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။

ထည့်သွင်း ပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6735P ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ Li-Po 4000 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/ HSPA/ LTE
Memory - 16 GB
CPU - QC 1.3GHz
Camera - 13MP
Screen - 5 inches
OS - Android OS, v5.1.1
Contact - 01-381035
Mobile Guide Journal (Every Monday)



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment