MacBook Pro နှင့်ယှဉ်ပြိုင်မည့် Xiaomi လက်တော့ပ်ကို ဇူလိုင်လတွင် တွေ့မြင်ရဖွယ်ရှိ


မကြာသေးမီက ပေါက်ကြားထွက်ပေါ်လာခဲ့သော အချက်အလက်အရ Xiaomi သည် Windows 10 အသုံးပြုထားသည့် လက်တော့ပ်ကို ဖန်တီးနေကြောင်း၊ Mi Notebook ဟုခေါ်သည့် အဆိုပါ လက်တော့ပ်ကို ဇူလိုင်လတွင် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။


တရုတ်နိုင်ငံမှ ပေါက်ကြားသတင်းအချက်အလက် ဖော်ပြသူတစ်ဦးဖြစ်သည့် @Mocha RQ သည် Mi Notebook နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို တရုတ် microblogging site ဖြစ်သည့် Weibo တွင် ဖော်ပြခဲ့သည်။




၎င်းက Xiaomi notebook ကို နွေရာတွင် ဖြန့်ချိမည်ဖြစ်ကြောင်းနှင့် အဆိုပါလက်တော့ပ်ကို တစ်လအကြာတွင်ပြုလုပ်မည့် ပွဲတစ်ခု၌ မိတ်ဆက်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် Mobi Picker ကလည်း Xiaomi Mi Notebook ကို Intel Skylake Core i5 နှင့် Core i7 ပရိုဆက်ဆာများဖြင့် ရရှိနိုင်ပြီး မော်ဒယ်မြင့်ဗားရှင်းတွင် 8GB RAM ပါဝင်ဖွယ်ရှိကြောင်း၊ လက်တော့ပ်၏ အခြေခံဈေးနှုန်းမှာ ဒေါ်လာ ၄၅၀ ခန့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


ကောလာဟလသတင်းအဖြစ် ထွက်ပေါ်နေသော Xiaomi လက်တော့ပ်တွင် Windows 10 ကို အသုံးပြုမည်ဖြစ်ပြီး ၁၂.၅ လက်မ သို့မဟုတ် ၁၃.၃ လက်မ display ကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။


Internet Journal


0 comments:

Post a Comment