♪ “Made in Korea Evolving Mobile Technology” ♫


နှစ်စဉ်နှစ်တိုင်းမှာပဲ Android စမတ်ဖုန်းတွေဟာ ပိုမိုတိုးမြှင့်ထားတဲ့
လုပ်ဆောင်ချက်အသစ်တွေ ဖန်တီးမှုအား ကောင်းလာတဲ့ ဒီဇိုင်းပုံစံတွေ
ပေါင်းစပ်ပြီး စမတ်ဖုန်းသုံးစွဲသူတွေကိုဆွဲဆောင်လေ့ရှိပါတယ်။ ကမ္ဘာ့
မိုဘိုင်းဈေး ကွက်ရဲ့ android ဖုန်းတွေထဲမှာ အင်အားအကောင်းဆုံးကတော့
Samsung ဖြစ်ပြီး အခြားဖုန်းတွေကလည်း သက်ဆိုင်ရာနိုင်ငံတစ်ခုချင်းစီမှာ
ဈေးကွက်ဝေစုတွေကိုပိုင်ဆိုင်ထားကြပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီအလိုက်
မွမ်းမံခြယ်သမှုတွေနဲ့ထွက်လာတဲ့ဖုန်းတွေဖြစ်တာကြောင့်မတူကွဲပြားတဲ့လုပ်ဆောင်ချက်တွေတော့ရှိနေပါ တယ်။
ဒါကလည်းမိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့
လွယ်လင့်တကူမှတ်သားသိရှိနိုင်ပါတယ်။ Samsung ဖုန်းဆိုရင် ဘယ်လို
လုပ်ဆောင်ချက်တွေကောင်းတယ်။ LG ဖုန်းတွေဆိုရင်ဘယ်လို လုပ်ဆောင် ချက်
တွေကောင်းတာတွေ အပြင် ကိုရီးယားနိုင်ငံထုတ် စမတ်ဖုန်း တွေထဲ မှာမှ OS ကို
ပြန်လည်ဆန်းသစ်တီထွင်လာမှုတွေပါ တွေ့လာရမှာ ဖြစ်ပါ တယ်။ LG အီလက်ထရောနစ်ဟာ
တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့ဈေး
ကွက်ကိုနောက်ဆုံးပေါ် စမတ်ဖုန်း တွေ တင်ပို့ရောင်းချခြင်းနဲ့
ပရိသတ်အခိုင်အမာရရှိထားပါတယ်။ LG အနေနဲ့ ကမ္ဘာ့စမတ်ဖုန်းစင်မြင့်ထက်မှာ G
Series စမတ်ဖုန်းတွေကို Android OS အသုံးပြုပြီးရောင်းချနိုင်ဖို့ စတင်လှုပ်
ရှားခဲ့တာဟာ 2012 ခုနှစ်ပိုင်းလောက် ကဖြစ်ပါတယ်။ သို့ပေမယ့် LG ဟာ ၂ဝ၁၃
ရောက်တဲ့အချိန်မှသာ ဒီကိစ္စကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ၂ဝ၁၃
ခုနှစ်တတိယသုံးလပတ်စာရင်း ကောက်ယူမှုများအရ LG
ဟာကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ စတုတ္ထအကြီးမားဆုံးမိုဘိုင်းဖုန်း
ထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်ခဲ့ ပါတယ်။
၂ဝ၁၃ ဇူလိုင်မှာ LG ဟာ
Optimusအမည်နဲ့စမတ်ဖုန်းထုတ်လုပ်မှုကို ဆက်မလုပ်တော့ဘဲရပ်ဆိုင်း လိုက်ပါတယ်။
ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အနာဂတ်စမတ်ဖုန်းတွေကို ‘’G’’ နဲ့ “Vu”
ဆိုတဲ့ Brand ခွဲခြားပြီးဈေးကွက်ကို ဦးတည်ထုတ်လုပ်လာခဲ့ပါတယ်။
ပထမဆုံးသော G Branded ဖုန်းကတော့ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လမှာမိတ်ဆက်ခဲ့တဲ့ LG
G2 ဖြစ်ပြီး ထွက်ရှိစဉ် အချိန်တည်း ကနေ လက်ရှိအချိန်ထိ အကောင်းဆုံးဖုန်း
အဖြစ်ရပ်တည်နေ ပါတယ်။ သူရဲ့နောက်ထပ်မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ LG
G3မထွက်ခင် အချိန်ထိတောင်မှ New Flagship ဖုန်းဟာ G2 ပါပဲ။ G2
ရဲ့နောက်မှာတော့ တောင်ကိုရီးယားအခြေစိုက်ထုတ်လုပ်သူကြီးဟာ နောက်ထပ်
စမတ်ဖုန်း တွေဖြစ်တဲ့ G Pro Lite, G Flex , GX, G Pro 2, G2 Mini တို့ကို
ဆက်တိုက် ထုတ်လုပ်လာခဲ့ပြီး လက်ရှိ G5 ထုတ်လုပ်လိုက်တဲ့အချိန်ထိဆိုရင်
သူ့ရဲ့ G မျိုး ဆက်စမတ်ဖုန်းတွေဟာ လက်ချိုးရေ တွက်လို့ရနိုင်ပါသေးတယ်။
အားလုံး သောစမတ်ဖုန်းတွေထဲမှာတော့ G2 နဲ့ G3 ဟာတီထွင်ဆန်းသစ်မှုအရှိဆုံး
ဒီဇိုင်းနဲ့အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ G5
ဆိုရင်ပိုမိုတည်ထွင်ဆန်းသစ် နိုင်စွမ်းရှိတယ်လို့တောင်ဆိုနိုင်ပါတယ်။
အခြားထုတ်လုပ်သူတဦးဖြစ်တဲ့ Samsung ကိုကြည့်လိုက်မယ်ဆိုရင် လည်း အရမ်းကို
innovative ဖြစ်တဲ့ဖုန်းတွေထုတ်လုပ်ထားတာကိုတွေ့ရမှာပါ။
သူတို့အခုနောက်ဆုံးထုတ် ထားတဲ့ S7,S7 edge ဆိုရင် ကမ္ဘာ့အနှံ့သုံးစွဲသူ
ပရိသတ်အများစုရဲ့အားပေးလက်ခံမှုကိုရရှိတဲ့အပြင် အခြား သော edition
တွေပါထပ်မံထုတ်လုပ်ပေးလာခဲ့ပါတယ်။ ဘယ်သူကအကောင်းဆုံးဆိုတာကို ပြောတာထက်
စာရင်စမတ်ဖုန်းတစ်လုံးချင်းစီမှာထည့်ပေးထားတဲ့ လုပ်ဆောင်ချက်တွေကို
နှိုင်းယှဉ်လေ့လာကြည့်တာက ပိုကောင်းမွန်နိုင် ပါတယ် . . .
<Evolution of S Series>
<Galaxy S>
Galaxy S ဟာ မျက်နှာပြင်အရွယ်အစား 4" နဲ့ အရွယ်အစားကြီးမားတဲ့
စမတ်ဖုန်းတစ်လုံးအဖြစ် စတင်ဝင် ရောက်လာခဲ့ပြီး Camera 5 MP အရည်အသွေးကို
ပိုင်ဆိုင်ထားပါတယ်။ ဒီအရည်အသွေးဟာ အခုအချိန်မှာ မပြောပလောက်တော့ပေမယ့်
သူ့ခေတ်သူ့အခါက ထိပ်တန်းစမတ်ဖုန်း တစ်လုံးဖြစ်ခဲ့ပါတယ်။ အလေးချိန်အား ဖြင့်
118g သာရှိခဲ့တဲ့အတွက် ပြိုင်ဘက်တွေထဲမှာ
အပေါ့ပါးဆုံးဖုန်းတစ်လုံးဖြစ်ခဲ့သလို ဈေးကွက်မှာ အလုံးရေ ပေါင်း 25
သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။
<Galaxy S2>
Galaxy S
မှာကတည်းက အောင်မြင်မှုသန္ဓေတည်ခဲ့တယ်လို့ဆိုနိုင်ပြီး S2 ထွက်ရှိလာတဲ့အခါ
နောက်ထပ် အောင်မြင်မှုတွေ ထပ်မံပေါက်ဖွားလာခဲ့ ပါတယ်။ S2 မှာ တည်ဆောက်ပုံရော
hardware အဆင့်အတန်းပါ အကုန်လုံး နီးပါးပြောင်းလဲသွားခဲ့ပါတယ်။
ဒီဇိုင်းပုံစံဟာလည်း Galaxy S နဲ့ သိသိသာသာ ကွဲပြားသွားခဲ့ပါတယ်။ CPU
အမြန်နှုန်းကို 1GHz Single core ကနေ 1.2 GHz dual-core
အထိမြှင့်တင်နိုင်ခဲ့သလို ကင်မရာအရည် အသွေးဟာလည်း 5 MP ကနေ 8MP အထိ
တိုးမြှင့်နိုင်ခဲ့ပါတယ်။
<Galaxy S3>
S3 မှာတော့
Galaxy S တုန်းကလိုမျိုး အနားသတ်လုံးဝန်းတဲ့ပုံစံမျိုးကို
ပြန်လည်ပြုပြင်ပုံဖော်ခဲ့ပါတယ်။ ကြီးမား တဲ့နည်းပညာအပြောင်းအလဲနဲ့အတူ
quad-core CPU၊ HD resolution တွေကြောင့် S3 ရဲ့အောင်မြင်မှုအရှိန် အဟုန်ဟာ
အမြင့်ဆုံးထိရောက်ရှိခဲ့ပါတယ်။ Galaxy S စီးရီးဖုန်းတွေထဲမှာ
အအောင်မြင်ဆုံးဖုန်းလို့ဆိုနိုင်တဲ့ S3 ဟာအလေးချိန်လည်းမသိမသာ တိုးလာ
ခဲ့သလို မျက်နှာပြင်အရွယ်အစားဟာ 4.8" အထိ ရောက်ရှိလာခဲ့ပါတယ်။ ယခင် 4.3"
အရွယ်အစားဖုန်းတွေကို သေးငယ်တဲ့ဖုန်းတွေအဖြစ် စတင်ခံစား မိလာစေခဲ့ပါတယ်။
<Galaxy S4>

စမတ်ဖုန်းဈေးကွက်ရဲ့ပြိုင်ဆိုင်မှုအပြင်ထန်ဆုံးအချိန်မှာထိပ်တန်းစမတ်ဖုန်းအဖြစ်ထွက်ပေါ်လာခဲ့တဲ့
S4 က တော့ မယုံနိုင်လောက်တဲ့မြှင့်တင်မှုတွေနဲ့ အတူထွက်ပေါ်လာခဲ့ပါတယ်။
မျက်နှာပြင်အရွယ်အစားဟာလည်း Full HD ဖြစ်လာခဲ့သလို ကင်မရာအရည်အသွေးဟာ 13
MP ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံး Quad Core CPU နှစ်ခုပါဝင်တဲ့
စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ သလို RAM 2GB ဆိုတဲ့ပမာဏကြောင့်
လျင်မြန်လွန်းတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါ တယ်။
တဖြည်းဖြည်းများပြားလာတဲ့အလေးချိန်ကို ဒီဖုန်းမှာကန့်သတ်နိုင်ခဲ့ပြီး
ပြန်လည်လျှော့ချ နိုင်ခဲ့ပါတယ်။
<Galaxy S5>
S5
ကိုမြန်နှုန်းမြင့် 2.5 GHz quad-core CPU နဲ့အတူ မျက်နှာပြင် အရွယ် အစား
5.1" မှာ Full HD Super AMOLED အရည်အသွေးရရှိအောင်ပြုလုပ် ပေးထားပါတယ်။
ကင်မရာရဲ့အရည်အသွေးကိုတော့ S4 မှာပါဝင်တဲ့ 13 MP ကနေ 16 MP
ကိုမြှင့်တင်ပြီး 4K အရည်အသွေးရှိ video ရိုက်ချက်တွေ
ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။အရှေ့ဘက်မျက်နှာစာ ကင်မရာက 2.1 MP
အရည်အသွေးရှိပြီး 1080p အရည်အသွေးရိုက်ကူးနိုင်စေပါတယ်။ WiFi
အမြန်နှုန်းရော၊ 3G, LTE အမြန်နှုန်းပါနှစ်မျိုးစလုံး
တစ်ပြိုင်နက်အသုံးပြုဖို့ အတွက် MIMO နည်းပညာ
သစ်ထည့်သွင်းထားပြီးမြန်နှုန်းမြင့်တဲ့ Wi-Fi Spot နှစ်ခုကို
တစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။Network
အမြန်နှုန်းနှစ်ခုစလုံးအသုံးပြုနိုင်ဖို့အတွက် Galaxy S5 ရဲ့အတွင်းမှာ
WiFi-antenna နှစ်ခုထည့်သွင်း တည်ဆောက်ထားပါတယ်။
<Galaxy S6 edge>
S6 edge ဟာမိုဘိုင်းဖုန်းတွေအတွက် ပြောင်းလဲလာခဲ့တဲ့ display မြင်ကွင်း
ဒီဇိုင်းနဲ့အတူ hardware လုပ် ဆောင်နိုင်မှုမှာလည်း အရင်ထွက်ထားတဲ့
ဖုန်းတွေထက် မျိုးဆက်သစ်ဟာပိုသာပြီး 5.7 လက် မမျက်နှာပြင် အကျယ်
အဝန်းရှိမှာဖြစ်ပါတယ်။ ပြီးတော့သူ့မှာပါဝင်လာခဲ့တဲ့ Edge လုပ်ဆောင်ချက်
လည်း ပိုမိုအဆင့်မြင့် လာပါတယ်။ အဓိကပြောင်းလဲမှုကတော့ dual-edge
မျက်နှာပြင်သုံးစွဲနိုင်မှုပဲဖြစ်ပါတယ်။ ဖုန်းရဲ့ screen
ပေါ်ကနေစာမရိုက်ချင်တဲ့ သူတွေအတွက်တော့ keyboard ကိုသုံးစွဲနိုင်ပါလိမ့်မယ်။
<Evolution of G Series>
<LG G2>
LG ရဲ့ ယခင်ကထုတ်လုပ်နေတဲ့ Optimus ပုံစံတွေကနေခွဲထွက်ထားပြီး Android
စမတ်ဖုန်းအသုံးပြုသူ တွေအတွက် အချို့လုပ်ဆောင်ချက်အသစ် တွေကို G2 မှာ
ပထမဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ တည်ဆောက်မှု ဒီဇိုင်း ပုံစံဟာ
ထိပ်တန်းစမတ်ဖုန်းတွေအတွက် စိန်ခေါ်မှုအသစ်တစ်ခုအဖြစ် မြင်တွေ့ရပြီး Power
ON/Off button ကိုဖုန်းရဲ့နောက်ကျောဘက်ကင်မရာ ရဲ့အောက်တည့်တည့်မှာ Volume
up/down button နဲ့အတူ ပေါင်းစပ် ထည့်သွင်း တည်ဆောက်ထားပါတယ်။
ဖုန်းရဲ့ကိုယ်ထည် ဘေးဘက်အပေါ် နားမှာ Sim Card ထည့်ဖို့ tray တစ်ခုပါဝင်ပြီး
ကိုယ်ထည်ဘေးဘက်၊ အပေါ်ဘက်ပတ်ပတ်လည်မှာနှိပ်ပြီး အသုံးပြုရန်ဘာခလုတ်မှ ပါဝင်
မှာ မဟုတ်ပါဘူး။ စပီကာကိုတော့ ဖုန်းရဲ့အောက်ခြေဘက်မှာထည့်သွင်းထားပြီး
micro USB port နဲ့ 3.5 mm jack အပေါက်တို့ကိုလည်း အောက်ခြေမှာပဲ
ထည့်သွင်းပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစား 5.2" ရှိပြီး 1080x1920 p
အရည်အသွေးရှိပါတယ်။ ဒီအရွယ်အစားဟာ wide screen HD video တွေကိုတိကျတဲ့
အချိုးအစား (16:9) အတိုင်း ကွက်တိကြည့်ရှု နိုင်ပြီ ဖြစ်ပါတယ်။ Qualcomm
Snapdragon 800 SOC ပေါ်မှာ Quad core 2.26 GHz Krait 400 CPU ကိုအသုံးပြု
ထားတဲ့အတွက် အမြန်နှုန်းက အံ့မခန်း ပါပဲ။ RAM ပမာဏ 2GB ပါဝင်ပြီး Adreno 330
GPU ကိုအသုံးပြု ထားပါတယ်။
<LG G3>
အဓိကအားဖြင့် G3
မှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ Feature တွေနဲ့အတူ
ကင်မရာလုပ်ဆောင်နိုင်စွမ်းတိုးမြှင့်မှုတွေကို ထပ်မံပေါင်းထည့်ပေးထား ပါတယ်။
LG ဟာ ယခင်ကတည်းက မျက်နှာပြင်တည်ဆောက်မှု အပိုင်းမှာ
အထူးနာမည်ရအောင်မြင်ခဲ့တာကြောင့် G3 ကိုလည်း Quad HD Display နဲ့
ထုတ်လုပ်ပေးထားပါတယ်။ G3 ကို Android OS 4.4 Kitkat နဲ့မြင်တွေ့ရမှာ
ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ Optimus UI နဲ့ ပေါင်းစပ်
သုံးစွဲနိုင်မှာဖြစ်ပါ တယ်။ ဒါ့အပြင်သူ့ရဲ့ကြီးမားတဲ့
ဆော့ဝဲလုပ်ဆောင်ချက်တွေဖြစ်တဲ့ Smart Notic, Smart Securityနဲ့ Smart
Keyboard လို နည်းပညာတွေလည်း သုံးစွဲနိုင်ဦးမှာဖြစ်ပါတယ်။
တည်ဆောက်မှုပုံစံမှာတော့ ကျောဘက်ကာဗာ ကိုအခြစ်ရာအစင်းရာတွေ
အလွယ်တကူမဖြစ်စေဖို့အတွက် Metallic skin နဲ့ပြုလုပ်ပေးထား ပါတယ်။
စမတ်ဖုန်းရဲ့ အဓိကလုပ်ဆောင်ချက်တွေကို မြန်ဆန်စွာ
စွမ်းဆောင်နိုင်စေဖို့အတွက် Qualcomm Snapdragon 801 SOC ပေါ်မှာ Quad core
2.5 GHz Krait 400 CPU ကိုအသုံးပြုထားတဲ့ အတွက် အမြန်နှုန်း ကအံ့မခန်းပါပဲ။
RAM အတွက်တော့ သူ့မှာခွဲခြားထားမှု ရှိပါတယ်။ 16GB အတွက်ဆိုရင် 2GB RAM
ဖြစ်ပြီး 32GB အတွက်ဆိုရင် တော့ 3GB RAM နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ Quick
Cycle Case နဲ့ QI Wireless တို့ဟာ ဘက်ထရီအတွက် နောက်ထပ်ထောက်ပံ့မှုတွေပါပဲ။
<LG G4>
5.5 လက်မမျက်နှာပြင်နဲ့ Quad HD Display
ဟာအရင်မျိုးဆက်နဲ့ သွားရောက် တူညီပြီး၊ ဖုန်းထဲမှာ HD ဗီဒီယို
တွေကြည့်ရှုတာ၊ ဂိမ်းတွေဆော့ ကစား တာကိုကြည်လင်တဲ့မြင်ကွင်းနဲ့
ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ စမတ်ဖုန်း
မျက်နှာပြင်ရဲ့ရောင်စဉ်ဖြာထွက်နိုင်မှုအပိုင်းတွေကိုတိကျသေချာ
အောင်ပြုလုပ်ပေးထားနိုင်ပြီး၊ Blue BackLight LED ကိုသုံးစွဲပေးထားပါ တယ်။
Android 5.1 (Lollipop) အပေါ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ UI ဒီဇိုင်းဟာ LG
သုံးစွဲသူတွေအတွက်သီးသန့်ဖြစ်ပါတယ်။ G4 မှာလဲလှယ် တပ်ဆင်လို့ရနိုင်တဲ့
3000mAh ဘက်ထရီနဲ့အတူ အချက်အလက်တွေ သိုလှောင်သိမ်းဆည်းနိုင်ဖို့အတွက် 32GB
ကို တစ်ပါတည်းပါဝင်လာ စေမှာ ဖြစ်ပါတယ်။ Snapdragon 808 processor
ကိုသုံးစွဲထားပြီး၊ သူ့ရဲ့ လုပ်ဆောင်နိုင်မှုဟာ Dual Core CPU နဲ့ Quad Core
CPU ပေါင်းစပ်မှုပဲ ဖြစ်ပါတယ်။ Qualcomm ရဲ့ 800 Series processor
တွေလုပ်ဆောင်မှုဟာ နောက်ပိုင်း ထွက်မိုဘိုင်းဖုန်းတွေမှာ
အတော်လေးပြည့်စုံလာခဲ့ပြီး၊ တချို့ Series တွေမှာတော့
အပူလွန်ကဲမှုကိုဖြစ်စေပါ တယ်။ ဒါကြောင့် LG အနေနဲ့ 808processor
ကိုထည့်သွင်းတပ်ဆင်ပြီး၊ Graphics ပိုင်းအတွက်တော့ Adreno 418 GPU
ကိုပေါင်းစပ်ပေးထားပါတယ်။ အဓိက ကင်မရာဟာ 16MP အရည်အသွေးရှိမှာဖြစ်ပါတယ်။
သူ့ရဲ့ Image Sensor ကတော့ 1/2.6 လက်မရှိမှာပါ။
<S Series feature>
<Camera>
Galaxy S7 နဲ့ S7 edge တို့ရဲ့ကင်မရာကိုကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ
အလိုအလျောက်၊ အလျင်မြန်ဆုံးချိန် ညှိဖမ်းယူရိုက်ကူးနိုင်ဖို့ Dual Pixel
နည်းပညာ ဖြင့်ဖွဲ့စည်းဖန်တီးထားပါတယ်။ Pixel တိုင်းမှာ Photo-diodes
နှစ်ခုပါဝင်ခြင်းကြောင့် ရိုက်ကူးလိုတဲ့အရာကို
ဝေဝါးမှုမရှိဖို့အလျင်မြန်ဆုံး ချိန်ညှိ ပေးနိုင်ပါတယ်။ ပိုကြီးမားတဲ့ Pixel
ဖွဲ့စည်းမှု (1.4um)နဲ့အတူ အလင်းအားကောင်းစေတဲ့
lens(F.17)ကိုအသုံးပြုထားခြင်းကြောင့် အလင်း အားနည်းတဲ့အချိန်မှာပင်
ပိုမိုလင်းလက်တဲ့ပုံရိပ်များကိုရိုက်ကူးနိုင်မှာဖြစ်ပါ တယ်။ Motion
Panorama လုပ် ဆောင်ချက်ကိုအသုံးပြုပြီး ရှုခင်းတွေကို
သက်ဝင်နေတဲ့မြင်ကွင်းကျယ်ဓာတ်ပုံအဖြစ် သိမ်းဆည်းနိုင်ဦးမှာပါ။
ကျောဘက်ကင်မရာလိုပဲအရှေ့ဘက်ကင်မရာကလည်း Lens(F1.7)
ကိုပဲအသုံးပြုထားတဲ့အပြင် ဖုန်းမျက်နှာ ပြင်ကို Flash မီးအသွင်လင်းလက်
စေပြီး အမှောင်ထဲမှာပင်ဓာတ်ပုံရိုက်ကူးဖို့ အဆင်ပြေစေမှာဖြစ်ပါတယ်။
<Water & Dust resistant>
Galaxy S7 နဲ့ S7 edge တို့ကတော့ရေစိုနဲ့ဖုန်းဒဏ်ခံနိုင်အား IP68 ကြောင့်
မိုးရေထဲဖုန်းသုံးစရာရှိတောင် စိတ်ပူစရာမရှိအောင် ဆောင်ရွက်ပေးလိုက်နိုင်
ပါပြီ။ IP ပမာဏများနဲ့ပတ်သက်တဲ့ ရေစိုနဲ့ဖုန်းဒဏ်ခံနိုင်တဲ့ညွှန်း
ကိန်းများမှာ ရှေ့ဘက်ကိန်းဂဏန်းက ဖုန်းဒဏ်ခံနိုင်မှုကိုပြသပြီး၊
နောက်ဘက်ကိန်း ဂဏန်းကတော့ရေစိုခံနိုင်မှု ကိုပြသပါတယ်။ IP 68
စံသတ်မှတ်ချက်ကတော့ Galaxy S7 နဲ့ S7 edge တို့ဟာဖုန်းဝင်ရောက်မှုကိုပြည့်ဝ
စွာတားဆီး ကာကွယ်ပေးနိုင်သလို ရေအောက် ၁ .၅မီတာတွင် မိနစ်(၅ဝ)ထိ ရေဖိအားကို
ကောင်းစွာခံနိုင်ရည်ရှိ အောင်ဖော်ပြပါတယ်။ အဖုံးပိတ်စရာမလိုဘဲ ရေစိုနဲ့
ဖုန်းဒဏ်ကိုခံနိုင်ရည်ရှိစေတာကတော့ USB အပေါက်၊ SIM ထည့်သွင်းရန် အပေါက်နဲ့
နားကြပ်အသုံးပြုရာအပေါက်တွေမှာ ရာဘာစည်းကိုကောင်းစွာ တပ်ဆင်ထားခြင်း
ကြောင့်ပဲဖြစ်ပါတယ်။ Galaxy S7 ရဲ့မျက်နှာပြင်ကတော့ Galaxy S6
နဲ့အရွယ်အစားတူညီပေမယ့်ဘေးဘောင် bezel တွေက ပိုပြီး ကျဉ်းမြောင်းပါတယ်။
<Dual-pixels>
Galaxy S7 နဲ့ S7 edge တို့ရဲ့ကင်မရာဟာ Dual Pixel နည်းပညာဖြင့်
ဖွဲ့စည်းထားခြင်းကြောင့် အရာ ဝတ္ထုတွေကို လူသားတစ်ဦးရဲ့မျက်လုံး
အသွင်လျင်မြန်စွာချိန်ညှိရှုမြင်နိုင်စေပါတယ်။ Dual Pixel ဆင်ဆာစနစ် ကြောင့်
ရိုက်ကူးလိုတဲ့အရာကို လျင်မြန်စွာတွက်ချက်ချိန်ညှိပေးနိုင်တာမျိုးကို
စမတ်ဖုန်းများမှာ ပထမဦးဆုံး အကြိမ်လုပ်ဆောင်နိုင်လာခဲ့ခြင်း လည်းဖြစ်ပါ
တယ်။ တကယ့်လုပ်ငန်းသုံးကင်မရာကြီးတွေမှာသာ ပါဝင်အသုံးပြု လေ့ရှိတဲ့
Cuttingedge dual photodiodes နည်းပညာကိုအသုံးပြုထားပါတယ်။ Dual Pixel 12MP
ကင်မရာရဲ့ကျေးဇူးကြောင့် Galaxy S7 နဲ့ S7 edge တို့က
လူတစ်ယောက်ရဲ့မျက်စိနှစ်ဖက်က အရာဝတ္တု တစ်ခုကိုလျင်မြန်စွာအချိန်ညှိ
ရှုမြင်နိုင်သလိုမျိုး အကြည်လင်အပြတ်သားဆုံးပုံရိပ်တွေကို Pixel အားလုံးက
မြန် ဆန်စွာသိရှိထုတ်လုပ်ပေးစွမ်းနိုင်ပါတယ်။ ရှေးကထွက်ရှိပြီးသားအမျိုး
အစားတွေထက် ထူးခြားစွာတိုးတက် ပြောင်းလဲလာမှုကိုလည်းကိုယ်စားပြုပြီး
အထူးသဖြင့်အလင်းအားနည်းတဲ့အခြေအနေမျိုးမှာ ရိုက်ကူးတဲ့ဓာတ်ပုံ များမှာ
ပိုမိုသိသာထင်ရှားပါတယ်။
<G Series feature>
<Audio Zooming>
Audio Zoom လို့ခေါ်တဲ့ လုပ်ဆောင်ချက်ဟာ video ရိုက်နေတဲ့အချိန်မှာ
ထွက်ပေါ်နေတဲ့အသံတွေထဲကမှ ကိုယ်အဓိကကြား
စေချင်တဲ့သူ(နေရာ)ဆီကထွက်လာတဲ့အသံကို ပိုမိုကြားနိုင်အောင်
ပြုလုပ်ပေးနိုင်တဲ့လုပ် ဆောင်ချက်ပဲဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည်မှာ
မြှုပ်နှံတည်ဆောက်ထားတဲ့ mic တွေကနေ အသံရဲ့လားရာ
ဦးတည်ချက်ကိုရှာဖွေကာချဲ့ထွင်ပေးနိုင်တဲ့
ဒီလုပ်ဆောင်ချက်ဟာဆူညံနေတဲ့ပတ်ဝန်းကျင်မှာ Video ရိုက်ကူး တဲ့အခါမလိုအပ်တဲ့
အသံတွေမပါဝင်စေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
<Plug & Pop>
သီချင်းနားထောင်ချင်တဲ့အခါ ဖုန်းကိုနားကြပ်တပ်လိုက်ရုံပါပဲ။ ဖုန်းထဲကို
တေးသီချင်းဖိုင်တွေ ထည့်သွင်းချင်ခဲ့ရင် လည်း USB Port ကို ချိတ်လိုက်ရုံ
ပါပဲ။ အရင်တုန်းက ဒီလိုလုပ်ဆောင်နိုင်ဖို့သီးသန့် Apps တွေအသုံးပြုရပေ မယ့်
G2 မှာတော့ အဆင်သင့်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Plug & Pop
လုပ်ဆောင်ချက်က နားကြပ်တပ်လိုက် တဲ့အခါ၊ USB Port တပ်လိုက်တဲ့အခါ
ဘယ်လိုလုပ်ဆောင်ချက်ကိုလုပ်ဆောင်မယ်ဆိုတာ ကြိုတင်သတ်မှတ် ပေးထားနိုင်တဲ့
အတွက် ထပ်မံရွေးချယ်ခိုင်းစေပေးရတဲ့ အချိန်သက်သာစေ မှာဖြစ်ပါတယ်။
<Smart Security>
စဖတ်ဖုန်းပေါ်တွင် ကိုယ်ရေးအချက်အလက်များ၊ အရေးကြီးကတ်နံပါတ်များ၊
လျှို့ဝှက်ပြောစကားများ၊ ဘဏ် ငွေထုတ်ကတ်၊ စသည့်အခြင်းအရာများကို
သွယ်ဝိုက်(သို့)တိုက်ရိုက်လုပ်ဆောင်နေကြပြီဖြစ်ရာ နေရာထားမှားခြင်း၊
မေ့ကျန်ခြင်း၊ ကျပျောက်ခြင်းနှင့်ခိုးယူခံရခြင်းအပြင် အခြားသောနည်းလမ်း
များစွာကြောင့်မိမိ၏ စမတ် ဖုန်းမှသည် မိမိ၏အသက်အန္တရာယ်အထိ ဖြစ်လာ နိုင်သည်။
သို့သော်ထိုအရာများကို LG က ကြိုတင်သိမြင်ပြီး အဆင့်အတန်း
အလွန်မြင့်မားသော လုံခြုံရေးစနစ်ပါရှိလာမည်ဖြစ်သည်။
<Tracking Zoom>
မွေးနေ့ပါတီလိုမျိုးပွဲတစ်ခုခုမှာဓာတ်ပုံ Album တစ်ခုစာ ပုံတွေအများအပြား
ရိုက်ကူးတတ်ကြပါတယ်။ ဒီအထဲကမှ မွေးနေ့ရှင်ရဲ့လှုပ်ရှားမှုတွေ ကိုချည်း
သီးသန့်ပြသချင်တဲ့အခါမျိုးမှာ တခြား editor app တစ်ခုခုကိုထပ်မံ အသုံးပြု
စရာမလိုပါဘူး။ Tracking Zoom က မူရင်းဓာတ်ပုံတွေမပျက်စေဘဲ ကိုယ်
အာရုံစိုက်ချင်တဲ့လူ (အရာဝတ္ထု)ကို Photo frame တွေအဖြစ်သီးသန့်ပြု လုပ်ကာ
Video ဖိုင်တစ်ခုအဖြစ် ပြုလုပ်ပေးမှာဖြစ်ပါတယ်။
<Text Link>
ဖုန်းမှာအသုံးပြုနေတဲ့ Apps တွေကနေ သတင်းအချက်အလက်တွေကို
စာသားအဖြစ်ကူးပြောင်းဖို့ အခက်အခဲ အနည်းငယ်ရှိပါလိမ့်မယ်။ တချို့
အကြောင်းအရာတွေဟာ ခဏခဏအသုံးပြုပေမယ့် အလွတ်မှတ်မိဖို့ အခက် အခဲရှိတဲ့အခါ
သက်ဆိုင်ရာ Apps တစ်ခုခုသုံးကာမှတ်သားထားတာမျိုး မလွဲမသွေပြုလုပ်ကြရပါတယ်။
G2 ရဲ့ Text Link လုပ်ဆောင်ချက်ကတော့ Calendar, Message, Map
အစရှိတဲ့နေရာပေါင်းစုံက မှတ်သားထားတဲ့ အချက်အလက်တွေကို link တစ်ခုအနေနဲ့
အလွယ်တကူရယူနိုင်ပြီဖြစ်ပါ တယ်။
<Capture plus & clip tray>
ဖုန်းပေါ်ကနေ အင်တာနက်အသုံးပြုပြီး Shopping Website တွေ၊
လမ်းညွှန်ချက်တွေကြည့်ရှုတဲ့အခါ ဖော်ပြထားတဲ့ WebPage တွေဟာ
အကြောင်းအရာများပြားတဲ့အတွက် ရှည်လျားစွာတည် ရှိနေတတ်ကြပါ တယ်။ ဒီလို Page
တွေအတွက် clip tray လုပ်ဆောင်ချက် Web စာမျက်နှာ တစ်ခုလုံးကို Screen
capture ပြုလုပ်ကာရယူထားနိုင်မှာဖြစ်ပါတယ်။
အင်တာနက်ဆက်သွယ်မှုမရရှိတဲ့အခါပဲဖြစ်ဖြစ်၊ အလွယ်တကူပြန်လည်ရှာ
ဖွေချင်တဲ့အခါပဲဖြစ်ဖြစ် capture plus နဲ့ရယူထားတဲ့ပုံတွေက ပြန်လည်
အသုံးဝင်စေမှာဖြစ်ပါတယ်။
<Cutting dual-Edge technology>
Samsung အတွက် 2016 မျိုးဆက်သစ်စမတ်ဖုန်းတွေဟာလုံးဝမတူညီတဲ့
အသွင်အပြင်တစ်ခုနဲ့ သုံးစွဲသူတွေ ကိုဆွဲဆောင်ပေးမှာဖြစ်ပါတယ်။ ဖန်သား
နဲ့သတ္တုပေါင်းစပ်မှုဟာ ရွေးချယ်စရာဖုန်းတွေထဲမှာအချောသပ် ကိုင်တွယ်
စရာဒီဇိုင်းနဲ့အတူ ပြည်တွင်းကသုံးစွဲသူတွေအတွက် ဝင်ရောက်လာခဲ့ပါပြီ။
ဖုန်းကိုယ်ထည်ကိုအသေးစိတ် လေ့လာရမယ်ဆိုရင်တော့ ဖုန်းရဲ့ဘေးထောင့်
မှာတော့အသံအတိုး၊ အချဲ့ပြုလုပ်နိုင်မယ့် volume up/down ခလုတ်နှစ်ခုကို
တပ်ဆင်ပေးထားပါတယ်။ ပါဝါခလုတ်ကိုတော့ ညာဘက်ဘေးဘောင်ရဲ့ အလယ်ဘက်နားမှာ
ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရမှာဖြစ်ပါ တယ်။
မိုဘိုင်းဖုန်းပြောဆိုမှုအတွက် ဆင်းကတ်ထည့်သွင်း မှုကိုတော့
ဖုန်းကိုယ်ရဲ့အပေါ်ဘက်မှာ sim-card tray ကို တပ်ဆင်ပေးထားပြီး Nano sim
ထည့်သုံးမှရမှာပါ။ အောက်ဘက်မှာတော့ စပီကာနဲ့ headphone jack
တို့နဲ့အတူထောင့်နားမှာ USB 2.0 အပေါက်ကိုတွေ့ မြင်ရ မှာဖြစ်ပါတယ်။ Samsung
Galaxy S7 ဟာ Screen မျက်နှာပြင် အကျယ် ၅.၁လက်မရှိပြီး၊ Samsung Galaxy S7
edge ကတော့ ၅.၅ လက်မရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ကထွက်ရှိထားခဲ့တဲ့
စမတ်ဖုန်းတွေထက် မျက်နှာပြင်ပိုင်း မှာလည်း ပိုမို ကြီးမားလာပါတယ်။ Samsung
Galaxy S7 နဲ့ S7 Edge တို့ရဲ့ Screen 2 ခုလုံးကို 2560 x 1440 pixel
အရည်အသွေးရှိတဲ့ Super AMOLED screen တွေတပ်ဆင်ပေးထားတာကြောင့်
ရုပ်ထွက်အလွန် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ မြင်တွေ့ရမှာပါ။
အရေးပါတဲ့ပြောင်းလဲမှုတစ်ခုအဖြစ် Galaxy S7 နဲ့ S7 edge တို့ရဲ့ကင်မရာတွေမှာ
အလင်းအားနည်းချိန်အထူးကောင်းမွန်တဲ့ ဓာတ်ပုံများရိုက်ကူးနိုင်ဖို့ F1.7
Lenses ကို အသုံးပြုပေးထားပါတယ်။ အသစ် ထည့်သွင်းပေးလိုက်တဲ့ Motion
Panorama ဖြင့် သက်ဝင်နေသော မြင်ကွင်း ကျယ်ပုံရိပ်များကို
မှတ်တမ်းတင်ထားနိုင်ပါပြီ။ ပိုကြီးတဲ့ Pixel ပမာဏကို သုံးစွဲပေးထားလို့
ပိုကောင်းတဲ့ပုံရိပ်တွေ ကိုရရှိမှာပါ။ ယခင်က Professional Camera
များတွင်သာအသုံးပြုလေ့ရှိတဲ့ လူ့မျက်စိနှစ်ဖက် အသွင် Dual-Photo-diode
စနစ်ကြောင့်အထူးလျင်မြန်စွာ Focus ချိန်ညှိပေးနိုင်ပါတယ်။ ရှေ့ကင်မရာ 5MP
နှင့်ကျောဘက် ကင်မရာ 12MP တို့အသီးသီးပါဝင်ပါ တယ်။ Galaxy S7 နဲ့ S7 edge
မှာ ကင်မရာကိုဖုန်းကိုယ်နဲ့ တစ်သား တည်း
ဖြစ်အောင်ပြုလုပ်လိုက်တာကြောင့်ကင်မရာမှအစင်းရာထင်တာတွေ
ဖြစ်တော့မှာမဟုတ်ပါဘူး။
Processor
ကိုဗားရှင်းနှစ်မျိုးထုတ်ထားပါတယ်။ တစ်မျိုးက Qualcomm Snapdragon 820
ကိုသုံးထားပြီး တစ်မျိုးက Octa Core 2.3 GHz quad နောက်တစ်မျိုးက 1.6 GHz
quad ရှိပါတယ်။ 64 Bit processor ကိုပဲ အသုံးပြုထားခြင်းဖြစ်ပါတယ်။ CPU ရဲ့
စွမ်းဆောင်နိုင်မှုဟာ Samsung Galaxy S6 ထက် ၃ဝ ရာခိုင်နှုန်း ပိုမြန်ပြီး
GPU ကတော့ ၆၄ ရာခိုင်နှုန်း ပိုမြန်သွားမှာဖြစ် တယ်လို့ဆိုပါတယ်။ Galaxy S7
နဲ့ S7 edge တို့မှာ ဖုန်းပူခြင်း လျှော့ချနိုင်ဖို့ Cooling System
အသစ်ကိုအသုံးပြုထားပြီး ကြာရှည်အသုံးပြုနိုင်ဖို့ ဘက်ထရီအားကို Galaxy S7
အတွက် 3000mAh နဲ့ S7 edge အတွက် 3600mAh အသီးသီးအသုံးပြုထားလို့ Gamer
များ၊ အင်တာနက်သုံးစွဲသူများနဲ့ ဖုန်းအားခဏခဏမသွင်းလိုသူများအတွက်
နှစ်သက်စရာဖြစ်မှာပါ။ S6 နှင့် S6 edge မှာတုန်းက Micro SD Card ထည့်ဖို့
Slot ထည့်သွင်းမပေးခဲ့သော်လည်း Galaxy S7 နဲ့ S7edge တို့မှာ MicroSD Slot
ကိုလည်း ထည့်သွင်းပေးထားတာ ကိုတွေ့ရပါတယ်။ အသစ်မိတ်ဆက် လိုက်တဲ့ Galaxy S7
နဲ့ S7 edge တို့ဟာ IP68 ရေစိုနဲ့ဖုန်ဒဏ်ကို အထူး ခံနိုင်ရည်ရှိပြီး၊
အတွင်းသို့ မဝင်ရောက်နိုင်အောင် အထူးပြုလုပ် ထားပါတယ်။
နောက်ထပ်လုပ်ဆောင်ချက်ကတော့ sidesync ဖြစ်ပြီး PC နဲ့စမတ်ဖုန်းကို
ချိတ်ဆက်သုံးစွဲနိုင် စေမှာဖြစ်ပါတယ်။ PC မှာသုံးလိုက်တဲ့အရာတွေဟာ
စမတ်ဖုန်းမှာပါလိုက်လံ ဖော်ပြပေးမှာဖြစ်ပါတယ်။ Galaxy S7 Edge မှာ
dual-edge display ကိုသုံးစွဲနိုင်မှာဖြစ်ပြီး ပါဝင်လာတဲ့လုပ်ဆောင်ချက်
အသစ်ကတော့ App Edge လို့ခေါ်တဲ့ UI feature လေးပဲဖြစ်ပါတယ်။ S7 Edge
သုံးစွဲသူအနေနဲ့ ပုံမှန်သုံးစွဲနေကြဖြစ်တဲ့ app တွေ ရွေးချယ်သတ်မှတ်
ထားနိုင်မှာပဲဖြစ်ပါတယ်။ S6 Edge မှာတော့သုံးစွဲသူတွေဟာ People Edge
ဆိုတဲ့လုပ် ဆောင်ချက်ကိုသုံးစွဲခဲ့ဖူးပြီးသွားပါပြီ။ Feature ပေါင်းများစွာ
ထည့်သွင်းလာခဲ့တဲ့မိုဘိုင်ဖုန်းအသစ်မှာ နှစ်သက် စရာနောက်ထပ်တစ်ခု ကတော့
Youtube video တွေကို streaming video ပြုလုပ်နိုင်ဦးမှာဖြစ်ပါ တယ်။
အင်တာနက်သုံးစွဲမယ်ဆိုရင်တော့ browser မှာ facebook, Google, YouTube,
Yahoo, Wikipedia, Amazon တို့ကိုမြန်ဆန်သွက်လက်စွာ
ဝင်ရောက်သုံးနိုင်စေဖို့အတွက် Quick access လုပ်ဆောင်မှုကို ထည့်
သွင်းပေးထားပါတယ်။ Quick access ကိုလည်းလိုအပ်သလိုပြန်လည်
ပြင်ဆင်နိုင်ပါလိမ့်မယ်။ Google နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်မှန်သမျှကို လည်း
တစ်စုတစ်စည်းထည့်သွင်းပေးထားပါသေးတယ်။
ဖုန်းခေါ်ဆိုမှုတွေ
ပြုလုပ်တဲ့အခါမှာလည်း အသံအရည်အသွေးပိုကောင်း သွားစေဖို့ extra volume
ဆိုတဲ့လုပ်ဆောင်ချက်ကိုလည်း သုံးနိုင်မှာဖြစ်ပါ တယ်။ 10 မိနစ်
ကြာအားသွင်းရုံနဲ့ HD Movie တွေကို 2 နာရီကြာကြည့်ရှုနိုင် မှာ ဖြစ်ပါတယ်။
ဂိမ်းတွေ၊ရုပ်ရှင်ကားတွေကြည့်လိုက်လို့ အားကုန်သွားတဲ့ အချိန်မှာ မိနစ် ၉ဝ
ကြာအားသွင်းလိုက်ရုံနဲ့ 100% အားအပြည့်ရရှိမှာဖြစ်ပါ တယ်။ Samsung အနေနဲ့
Micro USB ပေါက်ကိုအသုံးပြုပြီးတော့ အားသွင်းရ
တဲ့နည်းလမ်းတွေကိုပိုမိုအဆင့်မြှင့်လိုက်ပါတယ်။ QI Wireless Charging
နဲ့နည်းပညာတူညီတဲ့ PMA ဖြစ်ပြီး၊ အသုံးပြုရတဲ့အခါမှာဖုန်းကို Charging
ပေါ်မှာ တင်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။
<Compare boss>
<Samsung Galaxy S7>
<Display>
5.1 လက်မမျက်နှာပြင်ကို Super AMOLED နည်းပညာသုံးထားမှာဖြစ်ပြီး 1440 ×
2560 pixels ပုံရိပ်ဖော်ပြ နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ S7 ရဲ့ ပြောင်းလဲ
မှုအဖြစ် dual edge မျက်နှာပြင်ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပြီးတော့
display ရဲ့နောက်ထပ်လုပ်ဆောင်ချက်တွေအဖြစ် always-on display လုပ်ဆောင်ချက်
ကိုသုံးနိုင်မှာပါ။
<Camera>

ကင်မရာပိုင်းဆိုင်ရာအတွက် 12MP အနောက်ဘက်ကင်မရာကို f/1.7,22mm
တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကိုလည်း 5MP တပ်ဆင်ပေးထားပြီး၊ dual
video call လုပ်ဆောင်မှုကိုအသုံးချ နိုင်ပါလိမ့် မယ်။
ကင်မရာဟာအရင်မျိုးဆက်ဖုန်းတွေလို အပြင်ကိုထိုးထွက်နေတာ မဟုတ်ပါဘူး။
<Storage>
S6 နှင့် S6 edge မှာတုန်းက Micro SD Card ထည့်ဖို့ Slot ထည့်သွင်း
မပေးခဲ့သော်လည်း Galaxy S7 မှာ MicroSD Slot ကိုလည်းထည့်သွင်း
ပေးထားတာကိုတွေ့ရပါတယ်။ ထပ်မံတိုးမြှင့်နိုင်စွမ်းကတော့ 200GB
အထိဖြစ်ပါတယ်။

Credit to ==> Mobile Guide Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment