♪ နာမည်ကျော်စမတ်ဖုန်းတွေအားလုံးကို ယှဉ်ပြိုင်မယ့် RAM 6GB ပါ OnePlus 3 စမတ်ဖုန်းထွက်ရှိ ♫


စမတ်ဖုန်းလောကမှာ နာမည်တစ်ခါမှ မကြားဖူးတဲ့ OnePlus ဆိုတဲ့ ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလ လောက်မှာ OnePlus One ဆိုတဲ့ စွမ်းဆောင်ရည်အမြင့်စား၊ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးကို စထုတ်ခဲ့ပြီး၊ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို အမြန်ဆုံးထိုးဖောက်နိုင်ခဲ့ပါတယ်။

OnePlus ကုမ္ပဏီဟာ Oppo ကုမ္ပဏီရဲ့ ဥက္ကဌဟောင်းဖြစ်သူ Pete Lau ပူးတွဲတည်ထောင်ခဲ့တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး၊ ဈေးကွက်တွင်းက တခြား flagship စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကိုယှဉ်နိုင်ပြီး၊ ဈေးပိုသက်သာတဲ့ flagship killer စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ တကယ်တမ်းလည်း OnePlus One ကော OnePlus Two စမတ်ဖုန်းတွေဟာ နည်းပညာဝက်ဘ်ဆိုဒ်တိုင်းရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ဖုန်းတွေဖြစ်ပါတယ်။

အခုအခါမှာတော့ OnePlus ကုမ္ပဏီဟာ ၎င်းတို့ရဲ့စတုတ္ထမြောက်စမတ်ဖုန်းအသစ် OnePlus 3 ကို စတင်မိတ်ဆက်လိုက်ပါပြီ။ ဈေးနှုန်းအားဖြင့် မြန်မာငွေ ၅ သိန်းခန့်ရှိပြီး၊ အကောင်းဆုံးပစ္စည်းတွေကိုချည်း အသုံးပြုထားပါတယ်။

mg-5314-1

OnePlus 3 ဟာ Nano-SIM နှစ်ကတ်ထိုးစမတ်ဖုန်းဖြစ်ပြီး၊ ကိုယ်ထည်တစ်ခုလုံးကို အာကာသဆိုင်ရာသုံးအလူမီနီယမ်သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ full-HD resolution (401ppi) ရှိတဲ့ ၅.၅ လက်မအရွယ် Optic AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး၊ Gorilla Glass 4 ဖန်သားနဲ့ အကာအကွယ်ပေးထားပါတယ်။

ဒီဖုန်းရဲ့ ပထမဆုံးထူးခြားချက်ကတော့ USB 2.0 Type-C အပေါက်နှစ်ပေါက်ပါဝင်လာတာဖြစ်ပြီး၊ ၃.၅ မီလီမီတာနားကြပ်အပေါက်လည်း ပါဝင်ပါတယ်။ ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာ ပါဝင်ပြီး၊ ဒီဇိုင်းကတော့ ရိုးရှင်းလှပတဲ့ဖုန်းတစ်လုံးပါ။

တန်ဖိုးငွေ ငါးသိန်းနဲ့အညီ၊ ပရိုဆက်ဆာပိုင်းမှာလည်း Qualcomm Snapdragon 820 SoC နဲ့ ဂရပ်ဖစ်ပိုင်းအတွက် Adreno 530 GPU တို့ပါရှိပြီး၊ RAM က 6 GB အထိတောင် ပါရှိပါတယ်။ ဈေးသိပ်မကွာတဲ့ Xiaomi ရဲ့ Mi 5 ဖုန်းနဲ့ ဈေးကွက်အဓိကယှဉ်ပြိုင်သွားမယ့် စမတ်ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Android 6.0.1 Marshmallow စနစ်အခြေခံ Oxygen OS ကို အသုံးပြုထားပြီး၊ ဖုန်းတွင်း storage အနေနဲ့လည်း 64 GB အထိ ပါရှိပါတယ်။ ကင်မရာပိုင်းမှာတော့ Sony ရဲ့ IMX298 ဆန်ဆာသုံး 16-megapixel ကျောကင်မရာကို အသုံးပြူထားပြီး၊ OIS , EIS နဲ့ PDAF autofocus စနစ်တို့ ပါဝင်ပါတယ်။ ဒီ့အပြင် ဖုန်းနဲ့ ရိုက်လိုက်တဲ့ပုံကို RAW format အနေနဲ့လည်း သိမ်းဆည်းထားနိုင်ပြီး၊ 4K ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာကလည်း Sony ရဲ့ IMX179 ဆန်ဆာသုံး၊ 8-megapixel ကင်မရာဖြစ်ပါတယ်။

ဖုန်းဘက်ထရီမှာတော့ 3000mAh ဘက်ထရီဖြစ်ပြီး၊ ဘက်ထရီအသေပါ။ တခြား ချိတ်ဆက်မှုအပိုင်းအနေနဲ့ တန်ဖိုးကြီးစမတ်ဖုန်းတွေအတိုင် NFC ၊ Wi-Fi ၊ Bluetooth ၊ GPS/A-GPS စနစ်တို့ အစုံပါရှိပါတယ်။ OnePlus 3 စမတ်ဖုန်းဝယ်တဲ့အခါ ကုမ္ပဏီရဲ့ အားအမြန်သွင်းနည်းပညာသုံး Dash Charge adapter ကိုလည်း တပါတည်းရရှိသွားမှာဖြစ်ပြီး၊ ဘက်ထရီအား ၆၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း သွင်းနိုင်တယ်လို့ သိရပါတယ်။

အရင်လို Invitation ရမှ OnePlus ဖုန်းကို ၀ယ်နိုင်မှာမဟုတ်တော့ဘဲ၊ နိုင်ငံအလိုက်တင်ပို့ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ ပထမဆုံး ခဲရောင်သာရရှိမှာဖြစ်ပေမယ့်၊ နောက်ပိုင်းမှာ ရွှေရောင်မော်ဒယ်ကိုပါ ထုတ်လုပ်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

mg-6045-1

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment