♪ Vivo မှ ဖောက်ထွင်းမြင်နိုင်သော စမတ်ဖုန်းထုတ်နိုင်ဖွယ်ရှိ ♫


Vivo ဟာဖောက်ထွင်းမြင်နိုင်သော စမတ်ဖုန်းထုတ်နိုင်ဖွယ်ရှိကြောင်း တရားဝင်အရိပ်အမြွက်ပြခဲ့တာဟာ လူတွေရဲ့စိတ်ဝင်စားမှု အထူးသဖြင့် Vivo ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီသတင်းကို ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ဖောက်ထွင်းမြင်နိုင်သည့် စမတ်ဖုန်းပါဝင်သော ကြော်ညာ ဓာတ်ပုံတစ်ခုကို တင်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ရှိလာခဲ့မယ်ဆိုရင် Vivo X-series ထဲမှဖြစ်နိုင်ချေရှိပြီး X7 သို့မဟုတ် X7 Plus ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Vivo ဟာမကြာသေးခင်က ထွက်ရှိခဲ့သော Captain America 3 ရုပ်ရှင်မှာ Vivo brand နဲ့ စမတ်ဖုန်းအတွက် ကြော်ညာအား အလုံးလိုက်အရင်းလိုက် သုံးခဲ့ပါတယ်။ ဒါကတော့ ထို Captain America 3 ရုပ်ရှင်မှာ Tony Stark (Iron Man) ကိုင်တဲ့ဖုန်းဟာ Vivo V3 ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Vivo ရဲ့ဖောက်ထွင်းမြင်နိုင်သော စမတ်ဖုန်းအကြောင်းကို အသေးစိတ်မသိရှိ ရသေးသော်ငြား စိတ်ဝင်စားမှုကြီးစွာဖြင့် စောင့်ကြိုနေတဲ့ ပရိတ်သတ်တွေရှိနေမှာကတော့ အမှန်ပဲဖြစ်ပါ တယ်။

ခမ်းမူး (Myanmar Mobile App)




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment