Windows 10 တွင် Disable လုပ်ထားရမည့်အချက် (၁၀) ချက်



Windows 10 ကို အဆင့်မြှင်တင်ပြီး အသုံးမပြုမီ ကိုယ်ရေးလုံခြုံမှု၊ လျင်မြန်မှုနဲ့ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် disable လုပ်ထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။

File-sharing update များ



Windows 10 ရဲ့ feature သစ်များအနက် တစ်ခုမှာ အခြား Windows 10 ကွန်ပျူတာများမှ update များကို အင်တာနက်ပေါ်မှတစ်ဆင့် download ပြုလုပ်ပေးမယ့် update delivery system ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကွန်ပျူတာဟာ အခြား Windows 10 သုံးစွဲသူတွေအတွက် update-sharing hub တစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။

ဒီ feature ကို default အနေနဲ့ enable လုပ်ထားပေးတာကြောင့် Settings > Update & security > Advanced options > Choose how updates are delivered မှာ off လို့ပြောင်းပြီး disable လုပ်ထားနိုင်ပါတယ်။


စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ notification များ



Windows 10 Action Center ဟာ app တွေ၊ reminder တွေအပြင် လတ်တလောထည့်သွင်းထားတဲ့ program တွေအပါအဝင် notification တွေအားလုံးအတွက် အသုံးတည့်စေပါတယ်။ ဒါပေမဲ့ မလိုအပ်တဲ့ notification တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် Settings > System > Notifications & actions မှာ ကိုယ်မလိုချင်တဲ့ notification တွေကို ပိတ်ထားနိုင်ပါတယ်။


Start menu ကြော်ငြာများ




Microsoft ဟာ Windows Store app တွေကို ရှေ့တန်းတင်တဲ့အတွက်ကြောင့် သင့်ရဲ့ Start menu မှာ တစ်ခါမှ download မလုပ်ဖူးတဲ့ app တွေကို မြင်တွေ့ရနိုင်ပါတယ်။ အဲ့ဒီ app တွေဟာ တကယ်တမ်းတော့ ကြော်ငြာတွေပါပဲ။

ဒါကို disable လုပ်ချင်တယ်ဆိုရင် Settings > Personalization > Start > Occasionally show suggestions in Start ကို off လို့ပြောင်းရုံပါပဲ။


Third-party app များမှ ကြော်ငြာများ



Microsoft ဟာ Windows 10 သုံးစွဲသူတွေရဲ့ preference တွေနဲ့ အင်တာနက်သုံးတဲ့အလေ့အထတွေကို စောင့်ကြည့်ပါတယ်။ သုံးစွဲသူမှာ Microsoft account နဲ့ ချိတ်ဆက်ထားပြီး ပစ်မှတ်ထားတဲ့ ကြော်ငြာတွေကို သုံးစွဲသူထံပြသပေးမယ့် ကြော်ငြာ ID တစ်ခုရှိပါတယ်။

အဲ့ဒီ ကြော်ငြာ ID ကို Windows Store က third-party app တွေနဲ့ ဝေမျှပါတယ်။ ဒါကြောင့် အချက်အလက်တွေ ဝေမျှမှုကို disable လုပ်ချင်တယ်ဆိုရင် Settings > Privacy > General > Let my apps use my advertising ID for experiences across apps မှာ off လုပ်နိုင်ပါတယ်။ ဒီနည်းက သုံးစွဲသူရဲ့ ID ကို reset လုပ်ပေးပါလိမ့်မယ်။


Cortana ရဲ့ Getting to know you



Windows 10 မှာပါတဲ့ personal assistant ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူစုဆောင်းပါတယ်။ Cortana “gets to know you” ဟာ သုံးစွဲသူရဲ့ စကားသံ၊ လက်ရေးပုံစံနဲ့ စာရိုက်တဲ့ history စတဲ့ အချက်အလက်တွေကို ရယူစုဆောင်းတာကြောင့် ဒါကို disable လုပ်မယ်ဆိုရင် Settings > Privacy > Speech, inking, & typing ကိုသွားပြီး Stop getting to know me ကိုနှိပ်ပြီး turn off ကို နှိပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။


Background မှာ အလုပ်လုပ်နေတဲ့ app များ



Windows 10 မှာ app တော်တော်များများက background မှာအလုပ်လုပ်ပါတယ်။ ဒါကြောင့် default အနေနဲ့ အဲ့ဒီ app တွေကို ဖွင့်ဖို့မလိုပါဘူး။ ဒီ app တွေဟာ အချက်အလက်တွေရယူနိုင်သလို၊ notification တွေ ပေးပို့တာ၊ download ပြုလုပ်တာနဲ့ update ထည့်သွင်းတာတွေကို ပြုလုပ်တာကြောင့် bandwidth နဲ့ ဘက်ထရီကုန်ဆုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လု့ မိုဘိုင်းထုတ်ကုန်တစ်ခု ဒါမှမဟုတ် metered connection တစ်ခုကို သုံးမယ်ဆိုရင် ဒီ feature ကို ပိတ်ထားဖို့လိုပါတယ်။
ဒါကို disable လုပ်ဖို့အတွက် Settings > Privacy > Background apps ကိုသွားပြီး app တစ်ခုချင်းစီကို off လုပ်နိုင်ပါတယ်။


Lock screen

Windows 10 ဟာ ထုတ်ကုန်အားလုံးအတွက် ရည်ရွယ်ဖန်တီးထားတဲ့ universal operating system တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာပါဝင်တဲ့ lock screen နဲ့ log-in screen ဟာ ထုတ်ကုန်တွေမှာ log in မြန်မြန်လုပ်ချင်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ Lock screen ကို disable လုပ်ပြီး log-in screen ထံ တိုက်ရိုက်ရောက်ချင်တယ်ဆိုရင် Windows Registry ကနေ သွားလုပ်ရပါမယ်။


(၁) Start ခလုတ်ပေါ်မှာ right-click နှိပ်ပြီး pop-up menu ကနေ Run ကိုရွေးပါ။ Run dialog box မှာ regedit လို့ရိုက်ပြီး OK ကိုနှိပ်ပါ။

(၂) Registry Editor ပေါ်လာတဲ့အခါ HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows ထံသွားပါ။

(၃) Windows folder မှာ Registry Editor ရဲ့ ညာဘက် window မှာ right-click နှိပ်ပြီး Key ကိုရွေးပါ။ Windows folder ထဲမှာ New Vaue #1 ဆိုတဲ့ folder သစ်တစ်ခုပေါ်လာပါမယ်။ အဲ့ဒါကို Personalization ဆိုပြီး အမည်ပြောင်းပါ။ ပြီးရင် Personalization folder ကို နှိပ်ပါ။

(၄) Personalization folder မှာ Registry Editor ရဲ့ ညာဘက် window မှာ right-click နှိပ်ပြီး New ကိုရွေးပါ။ ပြီးရင် DWORD (32-bit) Value ကိုနှိပ်ပါ။ အဲ့ဒီအခါ New Vaue #1 ဆိုတဲ့ item သစ်တစ်ခုပေါ်လာပါမယ်။ အဲ့ဒါကို NoLockScreen ဆိုပြီး အမည်ပြောင်းပါ။

(၅) NoLockScreen ကို double-click လုပ်ပြီး value data ကိုဖွင့်ပါ။ Value data မှာ value ကို 0 မှ 1 သို့ပြောင်းပြီး OK ကိုနှိပ်ပါ။ ပြီးရင် Registry Editor ကထွက်ပြီး ကွန်ပျူတာကို reboot လုပ်ပါ။ ဒါဆိုရင် lock screen ပျောက်သွားပြီး log-in screen ထံ တိုက်ရိုက်ရောက်သွားပါမယ်။


Sync ပြုလုပ်ခြင်း



Windows 10 ဟာ system setting များ၊ theme များ၊ password များနဲ့ search history အပါအဝင် အရာအားလုံးကို sign-in လုပ်ထားတဲ့ ထုတ်ကုန်အားလုံးကနေ default အနေနဲ့ sync လုပ်ပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ကို disable လုပ်ချင်သူတွေက Settings > Accounts > Sync your settings ထံသွားပြီး ပြုလုပ်နိုင်ပါတယ်။


Search history syncing ကို disable လုပ်မယ်ဆိုရင် Cortana ကိုဖွင့်ပြီး Settings > My device history မှာ သွားရောက်ပြုလုပ်နိုင်ပါတယ်။





Visual interface များ



Windows 10 ကို ခေတ်မီလှပတဲ့ interface နဲ့ သုံးနိုင်ပေမယ့် ရိုးရှင်းပြီး လျင်မြန်စွာနဲ့ အသုံးပြုချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။


Start ခလုတ်ပေါ်မှာ right-click နှိပ်ပြီး System ကိုသွားပါ။ ပြီးရင် Advanced system settings ကိုနှိပ်ပါ။ Advanced tab အောက်က Performance မှာ Settings ကိုနှိပ်ပြီး မလိုချင်တဲ့ visual effect တွေကို အမှန်ခြစ်ဖြုတ်ပါ။



အလိုအလျောက် Update များ

Windows 10 ဟာ update တွေကို အလိုအလျောက် download လုပ်ပြီး install လုပ်ပါတယ်။ Operating system ကို update ပြုလုပ်တာဟာ operating system ကို ပိုမိုလုံခြုံစေတာကြောင့် ဖြစ်နိုင်ရင် ဒီလုပ်ဆောင်ချက်ကို disable မလုပ်သင့်ပါဘူး။ ဒါပေမဲ့ Windows 10 update တွေကို အလိုအလျောက် download လုပ်ပြီး install လုပ်တာကို ကာကွယ်ချင်တယ်ဆိုရင်တော့ metered connection ကို enable လုပ်ပြီး သုံးနိုင်ပါတယ်။

Settings > Network & Internet > Wi-Fi> Advanced options မှာ Set metered connection ကို on လုပ်ပြီး သုံးနိုင်ပါတယ်။


Ref: CNET , InternetJournal


0 comments:

Post a Comment