♪ “လစဉ်ကြေး အမေရိကန်ဒေါ်လာ ၅၀၀ ၀န်းကျင်ဖြင့် 1 Mbps အမြန်နှုန်း ရရှိမည့် NTT ၏ အင်တာနက်ဝန်ဆောင်မှု” ♫


NTT Communications မှ အမြန်နှုန်း 1 Mbps ရရှိနိုင်ပြီး အမေရိကန်ဒေါ်လာ ၅၀၀ ၀န်းကျင် မှစတင်မည့် Digi-Path Premier အင်တာနက်ဝန်ဆောင်မှု အားရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများအတွက် စတင်မိတ်ဆက် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံ NTT Group ၏ အခွဲတစ်ခုဖြစ်သည့် NTT Communication Corporation (NTT Com) အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို လက်ခံရရှိခဲ့ပြီးဖြစ်ကာ စိတ်ကျေနပ်ဖွယ်ဝန်ဆောင်မှုများကို စတင်တော့မည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရန်ကုန်ဧရိယာအတွင်းရှိ စီးပွားရေးလုပ်ငန်း များအား စတင်ဝန်ဆောင်မှုပေးရန် စီစဉ်ထားပါသည်။

Digi-Path Premier ဟု ခေါ်တွင်သည့် အဆိုပါဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းများအား NTT Com ၏ ဂလိုဘယ်အင်တာနက်ကွန်ရက်ဖြင့်ချိတ်ဆက်ရန် 1 Mbps မှစတင်၍ သီးသန့်ခွဲဝေပေးထားသည့်လိုင်းဖြင့် ချိတ် ဆက်ပေးမည်ဖြစ်သည်။ ထို့အပြင် Global IP addresses များ၊ web hostingmail hostingrouters များငှားရမ်း ခြင်း၊ firewalls များကို စီမံခန့်ခွဲပေးခြင်း၊ Internet VPN နှင့် ဖိုင်ရွှေ့ပြောင်းမှု များကဲ့သို့သော ရွေးချယ်သုံးစွဲနိုင်သည့် ၀န်ဆောင်မှုများလည်း ပါဝင်ပါသည်။

NTT Communications ရန်ကုန်မှ လက်ထောက်မန်နေဂျာမဥမ္မာမင်းက “ NTT က ၂၀၁၂ တုန်းကတည်းက ဆာကူရာတာဝါမှာ လုပ်ငန်းစဖို့လုပ်ခဲ့ တာပါ။ ဒါပေမယ့် ၂၀၁၂မှာတော့ ၀န်ဆောင်မှုစမပေးဖြစ်ဘူး။ ၂၀၁၃ နှစ် လည်ကျမှ WAN လိုင်စင်နဲ့ဆာကူရာတာဝါ တစ်ခုမှာပဲအင်တာနက် ၀န်ဆောင်မှု စပေးခဲ့တယ်။ အခုကတော့ သြဂုတ်လအတွင်းမှာ NS လိုင်စင် ရလိုက်တယ်။ ဒါကလည်း အရင်ရထားတဲ့ AS လိုင်စင်ကို upgrade လုပ်ထား တာပါ။ အခုကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုကိုရန်ကုန်မှာ စပေး မှာပါ။ ရန်ကုန်နေရာတိုင်းလိုတော့ရတယ်။ ဒါပေမယ့်နေရာအနေအထားပေါ်မူတည်ပြီး မြောင်းတကာတို့ ဘာတို့တော့ မရသေးဘူး” ဟုပြောသည်။“လက်ရှိ 1Mbps အမြန်နှုန်းအတွက် လစဉ်ကြေး တစ်လကို အမေရိကန်ဒေါ်လာ ၅၁၀ နဲ့ ကနဦးတပ်ဆင်ခက အမေရိကန် ဒေါ်လာ ၅၀၀ ကနေ နေရာအနီးအဝေးပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၃၅၀၀ အထိရှိပါတယ်။ ရန်ကုန်မှာတော့ ပါတနာတွေဆီကနေ ဖိုင်ဘာယူ သုံးနေတာပါ” ဟု မဥမ္မာမင်းက ဆိုပါသည်။

NTT Com သည် NTT Com ၏ ဂလိုဘယ်အင်တာနက်ကွန်ရက်ကို အသုံးပြု သူ၏ ရုံးခန်းမှာချိတ်ဆက် အသုံးပြု နိုင်ရန်အချိန်တိုအတွင်းစီစဉ် ဆောင်ရွက် ပေးနိုင်ပါသည်။ ၀န်ဆောင်မှုရရှိရန်ကာလမှာ အချိန်တစ်လခန့်သာ ကြာ မြင့်မည်ဖြစ်သဖြင့် ယခင်ကဲ့သို့အင်တာနက် ၀န်ဆောင်မှုရရှိရန်လပေါင်း များစွာ စောင့်ဆိုင်းနေရခြင်းမှ ကင်းဝေး ပြီးလျင်မြန်စွာ စတင်သုံးစွဲနိုင်မည်ဖြစ် သည်။NTT Com သည် ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းများကို ၀န်ဆောင်မှု ပေးလျက်ရှိပြီး အာဆီယံဒေသတွင်း၌ လည်း မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား (၇)နိုင်ငံတွင် အင်တာနက် ချိတ်ဆက်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေပါသည်။

ဒေတာစင်တာအတွက် အမေရိကန်ဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံထားပြီး ထိုင်းနိုင်ငံတွင်ထားရှိကာ နောက်ပိုင်း တွင် ရန်ကုန်မြို့တွင်ပါထားရှိသွားရန် စီစဉ်ထားပါသည်။ ၀န်ဆောင်မှုများအားယခုလမှ စတင်ပေးနေပြီဖြစ်ပြီး အင်တာနက်မြန်နှုန်း 1 Mbps မှာ အနိမ့်ဆုံးနှုန်းဖြစ်ပြီး သုံးစွဲသူ၏ တောင်းဆို ချက်ပေါ်မူတည်၍ မြန်နှုန်းတိုးမြှင့် နိုင်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment