4G Plus အသုံးပြုနိုင်သည့် Huawei 4G Wi-Fi Device အူရီဒူး မိတ်ဆက်

 


အူရီဒူးနှင့် Huawei ပူးပေါင်းပြီး အင်တာနက် အသုံးများသူများအတွက် 4G Wi-Fi Device ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် လိုက်သည်။


အဆိုပါ Wi-Fi Device သည် မြန်မာနိုင်ငံအတွင်း အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို Device များစွာမှ ချိတ်ဆက် အသုံးပြုနိုင်မည့် ပထမဦးဆုံး သော 4G Wi-Fi Device ဖြစ်ပြီး မိမိတို့၏ ကွန်ပျူတာ၊ လက်ပ်တော့၊ မိုဘိုင်း ဖုန်း၊ တက်ဘလက် အစရှိသသည့် device ၁၀ ခုအထိ ချိတ်ဆက်ကာ အင်တာနက် အသုံးပြုနိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော 4G personal Wi-Fi Device ဖြစ် သည့် Huawei E5577 သည် Device ၁၀ ခုခန့် ချိတ်ဆက်ကာ အင်တာနက် အသုံးပြုနိုင်ပြီး အဆိုပါ Wi-Fi Device သည် အိတ်ဆောင် အရွယ်အစားသာ ရှိသည့်အတွက် မည့်သည့်နေရာသို့မဆို အလွယ်တကူ သယ်ဆောင်သွားနိုင် သည့် အပြင် နေရာများစွာ မယူသည့်အတွက် ရုံးခန်းများတွင်လည်းကောင်း၊ နေအိမ်များတွင်လည်းကောင်း မည်သည့်နေရာတွင်မဆို စိတ်ကြိုက် အင်တာ နက် အသုံးပြုနိုင်မည် ဖြစ်သည်။ Huawei E5577 သည် သုံစွဲသူများမှ မြန် ဆန် သည့် အင်တာနက်နှုန်းဖြင့် တစ်ပြိုင်နက်ထဲ download ဆွဲခြင်း၊ upload တင်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် စံနှုန်းမြင့် ပစ္စည်းကောင်း တစ်ခုဖြစ် ကြောင်း အူရီဒူးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


Huawei Wi-Fi Device နှင့်အတူ သုံးစွဲသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း များဖြင့်ပင် အင်တာနက် အစီအစဉ်များ ဝယ်ယူကာ ထို Wi-Fi Device သို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်သည့်အပြင် အူရီဒူးမြန်မာ အနေဖြင့် အဆိုပါ Wi-Fi Device အား ငွေပြန်ဖြည့်ရ လွယ်ကူစေရန် ဆင်းကဒ်နှစ်ခု ပေးအပ် မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းတွင် ဆင်းကဒ်တစ်ခု၊ Wi-Fi Device တွင် ဆင်းကဒ်တစ်ခုထည့်ကာ အသုံးပြုနိုင်ပြီး အူရီဒူး၏ အင်တာနက်လက်ဆောင် အစီအစဉ်ဖြင့် မိမိ၏ မိုဘိုင်းဖုန်းမှ Wi-Fi Device ထဲသို့ လွယ်ကူစွာ ငွေလွှဲပေးနိုင်မည်ဖြစ်သည်။


“သုံးစွဲသူတွေအနေနဲ့ အင်တာနက်ကို အများကြီး သုံးချင်နေကြပြီး၊ အိမ်မှာ မိသားစုနဲ့ Wi-Fi Device အသုံးပြုဖို့ကြတော့ ဈေးလည်းကြီးပြီး တပ်ဆင်ဖို့ လည်း မလွယ်ကူပါဘူး။ အခု သုံးစွဲသူတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အတွင်း နီးစပ်ရာ အူရီဒူးစတိုး သို့မဟုတ် Huawei စတိုးကို သွားပြီး Huawei 4G Wi-Fi Device ကို အချိုသာဆုံး ဈေးနှုန်းနဲ့ ဝယ်ယူမယ်၊ ပြီးရင် ငွေဖြည့်ပြီး အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို လုပ်ဖော် ကိုင် ဘက် တွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တစ်ပြိုင်နက် ချိတ်ဆက်ပြီး အသုံးပြုဖို့၊ download လုပ်ဖို့၊ upload တင်ဖို့ လွယ်ကူသွား ပါပြီ။ ကျွန်မတို့အနေနဲ့ အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံးသော အင်တာနက် ဝန်ဆောင်မှု ပေးရုံတင် မကပါဘူး၊ တကယ့်ကို ဈေးနှုန်းချိုသာပြီး သုံးပျော်တဲ့ အင်တာနက် အစီအစဉ်တွေပါ ကမ်းလှမ်းပေးလျက် ရှိပါတယ်။ ကျွန်မတို့က Huawei နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူ ပါတယ်” ဟု အူရီဒူးမှ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က ပြောသည်။


Huawei E5577 ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အူရီဒူးနှင့် Huawei အရောင်းဆိုင်များတွင် ရောင်းချသွားမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိမည့် ဈေးနှုန်းမှာ ၈၉,၀၀၀ ကျပ် ဖြစ်သည်။ အူရီဒူးမြန်မာသည် အထူးလက်ဆောင် အဖြစ် 4G ဆင်းကဒ်နှင့်အတူ ဝယ်ယူပြီး ပထမ လေးလအတွင်း ငွေငါးထောင် ကျပ် ဖြည့်သွင်းတိုင်း 1GB ကို လက်ဆောင်အဖြစ် စုစုပေါင်း 4GB ကို လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်း Huawei E5577 Personal Wi-Fi Device ကို ဇွန်လ (၂၈) ရက်မှ စတင်ကာ အူရီဒူးနှင့် Huawei အရောင်း ဆိုင်များ၌ ရရှိနိုင်ပြီဖြစ်ကြောင်း အဆိုပါ Device များကို ရရှိနိုင်မည့် နီးစပ်ရာ အူရီဒူး အရောင်းဆိုင် စာရင်းကို www.ooredoo.com.mm တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


Itizen Weekly



0 comments:

Post a Comment