♪ တယ်လီနောက 4G ၀န်ဆောင်မှု ကို စတင် ♫


တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) က ယနေ့တွင် ၎င်း၏ 4G ၀န်ဆောင်မှုကို မြန်မာနိုင်ငံ ၏ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တွင် စတင်အသုံးပြုနိုင်ကြောင်းကြေငြာခဲ့သည်။ ထိုကဲ့သို့ ကြေငြာ ခဲ့ ခြင်းမှာ တယ်လီနော သုံးစွဲသူများကို နောက်ဆုံးပေါ် နည်းပညာများနှင့် ၀န်ဆောင်မှုပေးနိုင်ရန် စတင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲမှုနူန်းထားတွေ မြင့်တက်လာတယ်။ ဒါ့အပြင် မိုဘိုင်းဒေတာ သုံးစွဲမှုအားကလည်း ပိုပြီး မြင့်လာ နေပါတယ်။ တယ်လီနောသုံးစွဲသူတွေရဲ့ ၆၀ ရာခိုင်နူန်းကျော်က အင်တာနက်သုံးစွဲသူတွေဖြစ်ပါတယ်။ ဒီနေ့ 4G ၀န်ဆောင် မှုကို စပြီး ပေးခဲ့တာက သုံးစွဲသူတွေကို နောက်ဆုံးပေါ် နည်းပညာ ၀န်ဆောင်မှုတွေသုံးစွဲနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ တယ်လီနော မြန်မာရဲ့ နောက်ထပ် အောင်မြင်မှုတစ်ခုပါပဲ။ 4G ၀န်ဆောင်မှုကို စတင်နိုင်ခဲ့တာ က မြန်မာနိုင်ငံရဲ့ အလျှင်အမြန်တိုးတက်နေတဲ့ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ခြေလှမ်း တစ်ခုပဲဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

တယ်လီနော မြန်မာသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးအင်တာနက်ကွန်ရက်အဖြစ် နိုင်ငံတ၀ှန်းတွင် တာဝါတိုင်ပေါင်း ၅၈၀၀ ကျော်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးသို့ဝန်ဆောင်မှု များပေးနေပြီဖြစ်သည်။ လက်ရှိတွင် သုံးစွဲသူပေါင်း ၁၆ သန်းကျော်ရှိပြီဖြစ်သည်။

“နေပြည်တော်မှာ 4G ၀န်ဆောင်မှုကို အသုံးပြုနိုင်သလိုပဲ အခြားမြို့တွေမှာလည်း အလားတူ ၀န်ဆောင်မှုမျိုးကို တဖြည်းဖြည်းနဲ့တိုးချဲ့ဝန် ဆောင်မှုပေးသွားဖို့ ကျွန်တော်တို့ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် အခြားမြို့တွေမှာ 4G ၀န်ဆောင်မှုပေးနိုင် ဖို့ဆိုရင် တယ်လီနောအနေနဲ့ Spectrum ပိုပြီးလိုအပ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံအစိုးရ က ဒီနှစ်ကုန်နောက်ပိုင်းမှာ လုပ်ဖို့စီစဉ်ထားတဲ့ Spectrum လေလံပွဲတွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေရဲ့ ဒေတာ သုံးစွဲမှု အားက အရမ်းကို မြင့်မားလာတော့ မြန်မာပြည်အနှံ့ 4G ၀န်ဆောင်မှု တိုးချဲ့ပေးနိုင်ဖို့ Spectrum က လိုကိုလိုအပ်ပါတယ်” ဟု Petter ကပြောသည်။

တယ်လီနော အနေဖြင့် ယခုလက်ရှိအချိန်တွင် 2G နှင့် 3G ၀န်ဆောင်မှုများကို 900 MHz နှင့် 2100 MHz spectrum များဖြင့် ၀န်ဆောင်မှုပေးနေသည်။ အရှေ့တောင်အာရှနှင့် သမုဒ္ဒရာဒေသနိုင်ငံများတွင် ၂၀၁၅ ခုနှစ်အဆုံးထိ 4G သုံးစွဲသူများမှာ စုစု ပေါင်း မိုဘိုင်းသုံးစွဲသူများ၏ ၅ ရာခိုင်နူန်းအထိရှိပြီး ၂၀၂၁ ခုနှစ်တွင် ၄၀ ရာခိုင်နူန်းအထိ တိုးတက်လာမည်ဟု Ericsson Mobility Report 2016က ခန့်မှန်းထားသည်။

“နေပြည်တော် ပြီးတဲ့နောက်မှာ အခြားမြို့တွေကို မှာလည်း 4G ၀န်ဆောင်မှု ပေးနိုင်ဖို့ ဆက်လက်စမ်းသပ်ပေးနေပါတယ်။ 4G က ခုဆိုရင် သုံးစွဲသူအ များစုရဲ့ ဟန်းဆက်တွေနဲ့လည်း အသုံးပြုနိုင်မယ့် အနေအထားရှိတယ်လို့လည်း ကျွန်တော်တို့သိရှိထားပါတယ်။ အနာဂတ်မှာတော့ အခြား4G ၀န်ဆောင်မှုတွေကို ပိုမိုကြည်လင်ပြတ်သားတဲ့အသံနဲ့ မက်ဆေ့ပို့လို့ရမယ့် အတွေ့အကြုံသစ် တွေနဲ့ ၀န်ဆောင်မှုပေးနိုင်ပါလိမ့်မယ့်”ဟု Petter ကဆက်လက်ပြောသည်။

Credit to ==>  Myanmar Digital Life Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment