♪ Android မှာပါ ကစားနိုင်ပြီဖြစ်တဲ့ Final Fantasy VII ♫


Final Fantasy VII ဂိမ်းဟာ Final Fantasy စီးရီးတွေထဲမှာ အကောင်းဆုံးဂိမ်းလားဆိုတာ အငြင်းပွားဖွယ်ရာရှိပေမယ့်၊ နာမည်အကြီးဆုံးဆိုတာကတော့ လုံးဝသေချာပါတယ်။

အခုအခါ ဒီလိုနာမည်ကျော်ဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy VII ကို Android ပရိတ်သတ်တွေ လည်း ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။

ဒီဂိမ်းဟာ Nintendo 64 စက်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်၊ Sony PlayStation မှာ ၁၉၉၇ ခုနှစ်က စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ PS1 ရဲ့ အောင်မြင်မှုဟာ ဒီဂိမ်းနဲ့ သက်ဆိုင်တယ်လို့ ပြောမယ်ဆိုရင် ရလောက်ပါတယ်။ PS4 မှာ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလောက်မှာ ထွက်ရှိခဲ့ပြီး၊ Steam မှာတော့ ၂၀၁၃ ခုနှစ်ကတည်းက ထွက်နေခဲ့တာဖြစ်ပါတယ်။ iOS မှာတော့ လွန်ခဲ့တဲ့သြဂတ်စ်လက စတင်ရခဲ့တာဖြစ်ပြီး၊ ယခု Android နဲ့ဆို ဂိမ်းပလက်ဖောင်းအစုံမှာ ရနေပြီဖြစ်ပါတယ်။

iOS ဂိမ်းအတိုင်းပဲ၊ ဂိမ်း cheats တွေ တော်တော်များများပါပြီး၊ ကိုယ့်ရဲ့ stats တွေကို ချက်ချင်းအဆုံးထိ တင်ပစ်တာ၊ random battle တွေ ပိတ်ပစ်တာမျိုးလုပ်နိုင်ပါတယ်။

ဒီဂိမ်းကိုတော့ အခမဲ့ဒေါင်းလုဒ်ဆွဲနိုင်မှာမဟုတ်ဘဲ ၁၅.၉၉ ဒေါ်လာနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ၊ သင့်ဖုန်းထဲမှာ အနည်းဆုံး 4GB လောက် အလွတ်ရှိဖို့လိုအပ်ပြီး၊ ဂိမ်းသွင်းပြီးရင် 2GB လောက် နေရာယူထားဦးမှာဖြစ်ပါတယ်။ FF ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒါက ဘာမှမပြောပလောက်ပါဘူး။

Final Fantasy VII Android ဂိမ်းရဲ့ အားသာချက်တစ်ချို့ကတော့ ကွန်ထရိုးပုံစံအမျိုးမျိုးပြောင်းလို့ရတာ ဖြစ်ပါတယ်။ စခရင်မှာ D-Pad ပုံစံဖော်ကစားနိုင်သလို၊ လက်ကိုင်ခလုတ်နဲ့လည်း ကစားနိုင်ပါတယ်။ ဒီ့အပြင် စခရင်ပေါ်က ခလုတ်တွေရဲ့ opacity (ဖောက်ထွင်းမြင်ရမှု) ကိုလည်း ချိန်ညှိနိုင်ပါတယ်။ ဂိမ်းဟာ ဖိုင်ဆိုက် တော်တော်ကြီးတာကြောင့်၊ ခဏခဏထွက်သွားတာမျိုးဖြစ်နိုင်တာမို့၊ ဆော့မယ်ဆိုရင် မကြာခဏ save လုပ်ထားဖို့ ကြိုတင်တိုက်တွန်းထားချင်ပါတယ်။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment