♪ Android ဖုန်းပေါင်း ၁၀ သန်းကျော်မှာ တရုတ် malware တစ်ခု ကူးစက်နေ ♫


Android ဖုန်းနဲ့ တက်ဘလက်ပေါင်း ၁၀ သန်းကျော်မှာ HummbingBad လို့ခေါ်တဲ့ တရုတ် malware တစ်ခု ၀င်ရောက်နေကြောင်း၊ ဆိုက်ဘာလုံခြုံရေးဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်တဲ့ Check Point က အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Check Point ဟာ အဆိုပါ malware ကို ဖေဖော်ဝါရီလကတည်းက စတင်တွေ့ရှိခဲ့ပြီးနောက်မှာ ယခုအချိန်ထိ ခြေရာခံလိုက်နေခဲ့တာဖြစ်ပါတယ်။ Check Point ရဲ့ ပြောကြားချက်အရ HummingBad malware ကူးစက်မှုဟာ လအတန်ငယ်ကြာအောင် နှေးကွေးနေခဲ့ပေမယ့်၊ မေလအလယ်လောက်မှာ ကူးစက်မှုအရှိန်မြင့်သွားခဲ့ကြောင်း သိရှိရပါတယ်။

HummingBad malware ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က ဒီ malware ရဲ့ နောက်ကွယ်က အဖွဲ့ဟာ ဘေဂျင်းမြို့အခြေစိုက်၊ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ တရားဝင်ကြော်ငြာအေဂျင်စီ Yingmob ရဲ့ developer အဖွဲ့ဖြစ်နေကြောင်းလည်း Check Point က ဖွင့်ဟခဲ့ပါတယ်။

“ Yingmob မှာ တရားဝင်ဒီဂျစ်တယ်စစ်တမ်းကောက်ယူမှုတွေနဲ့ ad platform တွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအများကြီးရှိပါတယ်။ HummingBad လို အန္တရာယ်ရှိ component တွေရေးတဲ့အဖွဲ့ကတော့ “Development Team for Overseas Platform’ အဖွဲ့ဖြစ်ပြီး၊ ၀န်ထမ်းစုစုပေါင်း ၂၅ ယောက်ရှိတဲ့ ၀န်ထမ်းအုပ်စု လေးခုရှိပါတယ်” လို့  အစ္စရေးကျောထောက်နောက်ခံပေးထားတဲ့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Check Point က ပြောကြားခဲ့ပါတယ်။

HummingBad ဟာ လူတွေ ၀က်ဘ်ဆိုဒ်တွေသွားတဲ့အခါ၊ တိုက်ခိုက်တဲ့ download attack ပုံစံမျိုးနဲ့ စတင်ခဲ့ပြီး၊ ဖုန်းတွေထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

“ HummingBad ရဲ့ ပထမအဆင့်တိုက်ခိုက်မှုက rootkit ဆော့ဖ်ဝဲနဲ့ ဖုန်းမှာ root access ရအောင် လုပ်တာဖြစ်ပါတယ်။ တကယ်လို့ ဒီမှာအောင်မြင်သွားရင်၊ တိုက်ခိုက်သူဟာ အဲဒီဖုန်းကို ထိန်းချုပ်မှုအပြည့် ရသွားမှာဖြစ်ပါတယ်။ အကယ်၍ root တိုက်ခိုက်တာမအောင်မြင်ရင်၊ ဒုတိယအဆင့်အနေနဲ့ system update အသိပေးမှုအတုတစ်ခုအသုံးပြုပြီး တိုက်ခိုက်ပါတယ်။ user က နှိပ်မိသွားတာနဲ့ HummingBad ကို စနစ်တစ်ခုလုံး permission ပေးမိသွားမှာပါ”

ဒီလိုဖုန်းကို access ယူမှုဟာ မမှန်မကန်နည်းနဲ့ ကြော်ငြာဝင်ငွေတွေရအောင်ယူဖို့ ဖြစ်ကြောင်း သိရှိရပါတယ်။ HummingBad ဟာ apps တွေကို အတင်းအကျပ်ဒေါင်းလုဒ်လုပ် ခိုင်းခြင်းနဲ့ ကြော်ငြာတွေကို အတင်းအကျပ် ကလစ်ခိုင်းခြင်းတို့ကနေ တစ်လကို ဒေါ်လာ သုံးသိန်းလောက် ကြော်ငြာဝင်ငွေရှာပြီးနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Yingmob ကုမ္ပဏီကို ယခုအကြောင်းနဲ့ပတ်သတ်ပြီး၊ မေးမြန်းခဲ့ရာမှာ ချက်ချင်းဖြေကြားခြင်းမရှိခဲ့ပါဘူး။

Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment