♪ Android Nougat နဲ့ မိတ်ဆက်ကြရအောင် ♫


Google ဟာ မေလမှာကျင်းပခဲ့တဲ့ Google I/O developer များ နှစ်ပတ်လည်
ကွန်ဖရင့်မှာ Android N နဲ့ ပတ်သတ်ပြီး တရားဝင်ကြေငြာချက်တစ်ရပ်
ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပွဲကနေတစ်ဆင့် ကမ္ဘာ့လူသုံးအများဆုံး မိုဘိုင်း OS
ရဲ့ နောက်ထွက်ရှိလာမယ့် major revision အတွက် တရားဝင်နာမည်တစ်ခုရရှိဖို့ 
သူတို့ ရဲ့ ပရိသတ်တွေဆီက အကြံပြုချက်တွေ တောင်းခံမှုကို လုပ်ခဲ့ကြပါတယ်။
အကြံပြုချက်တွေတောင်းခံပြီးတဲ့နောက် Google ဟာ Android 7.0  (Android N )
ရဲ့ တရားဝင် ကုဒ်နာမည်ကို Nougat လို့ ရွေးချယ်လိုက်ကြောင်း
ကြေငြာခဲ့ပါတယ်။







အမှတ်တံဆိပ်အသစ်ဖြစ်တဲ့ Android Nougat ရဲ့ ရုပ်တု ဖွင့်ပွဲကို Googleရဲ့ အစဉ်အလာအတိုင်း ဖွင့်လှစ်ခဲ့တာပါ။









Android Nougat ဟာ အရည်အသွေးမြင့်လုပ်ဆောင်ချက်တွေ ၊
ထုတ်လုပ်နိုင်စွမ်းနဲ့  လုံခြုံစိတ်ချမှုတွေကို ရရှိဖို့ အတွက်
ပစ်မှတ်ထားတာပါ။အရင်ကထက်လည်း app တွေကို မြန်မြန်ဆန်ဆန် run
နိုင်လာမှာဖြစ်သလို ဒေတာသိုလှောင်အားကိုလည်း နည်းနည်းပဲ ယူသုံးသွားမှာပါ။



အခုလို အဆင့်မြှင့်တာကို သုံးရတဲ့ end-user တစ်ချို့ ထဲမှာဆိုရင်
စမတ်ဖုန်းတွေကို ထောက်ပံ့ပေးထားတဲ့ Multi-Window ၊ notificationတက်တာနဲ
့လုပ်ဆောင်ချက်တူတဲ့ Quick Reploy တို့ နဲ့ အတူ Vulkan ကနေတစ်ဆင့်
ပိုမြန်တဲ့ ဂိမ်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ၊ Apple ရဲ့ Metal နဲ
့ဆင်တူတဲ့ low-level ဟာ့ဒ်ဝဲလ်နဲ့ အဆင့်မြှင့်ထားတဲ့ ဂရပ်ဖစ်Framework တွေ
နဲ့ Daydream virtual-reality platform တွေအပြင်
နောက်ထပ်အဆင့်မြှင့်ချက်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။



Wai Linn Aung (Myanmar Mobile App)




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment