ဦးဖြိုးမင်းသိန်းစကားကို ဒီမိုကရေစီအရ လွတ်လပ်စွာပြောဆိုခြင်းဟု မှတ်ယူကြောင်း မဘသထုတ်ပြန်

 
မဘသ ဗဟိုဦးဆောင်ဆရာတော်များ၏ အရေးပေါ်အစည်းအဝေးကို ဇူလိုင် ၁၂ ရက်က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ − ဇေနွေထွန်း)
 
 
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောစကားကို အလေးဂရုပြုစရာ မလိုတော့ဘဲ ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ ပြောဆိုခြင်းဟုသာ မှတ်ယူရန် မဘသအဖွဲ့က ထုတ် ပြန်ခဲ့သည်။
ဇူလိုင် ၁၂ ရက်နေ့လယ်က မဘသဗဟိုဦးဆောင် ဆရာတော် များက အထူးအစည်းအဝေးတစ် ရပ် ပြုလုပ်ပြီးနောက် ထုတ်ပြန် သည့် အသိပေးညွှန်ကြားချက် အမှတ်စဉ် (၁၂) တွင် မဘသ အဖွဲ့က အထက်ပါအတိုင်း ဖော် ပြထားသည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင် ၉ ရက်တွင် ဦးဖြိုးမင်းသိန်း ၏ ပြောကြားချက်ကို ဒီမိုကရေ စီစနစ်အရ လွတ်လပ်စွာ သဘော ထားကွဲလွဲခွင့်ရှိပြီး ၎င်း၏ အယူ အဆကိုသာ ထုတ်ဖော်ပြောဆို ခြင်းဖြစ်၍ သီးခြားသဘောထား မှတ်ချက်ပေးရန် မရှိကြောင်း ပြောဆိုပြီးနောက် မဘသအဖွဲ့ က အထက်ပါအတိုင်း ထုတ်ပြန် ခြင်းဖြစ်သည်။

‘ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၏ စကားအရ ‘‘မဘသ မလိုအပ်တော့ပါဘူး’’ဟူ သော ဦးဖြိုးမင်းသိန်း၏ စကား သည် သူ၏ သဘောထားမှတ် ချက်သာဖြစ်ပြီး နိုင်ငံတော်အစိုးရ ၏ သဘောထားမူဝါဒ မဟုတ် ကြောင်း သိရှိရသည်။ ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏စကားနှင့်ပတ်သက်ပြီး အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘောတရားအရ သူ၏ လွတ်လပ်စွာ ပြောဆိုခြင်းမျှဖြစ်သည်ဟုမှတ် ယူရမည်ဖြစ်သည်’ဟု မဘသ၏ ညွှန်ကြားချက်တွင် ပါရှိသည်။

အထက်ပါ ညွှန်ကြားချက် တွင် ရဟန်းရှင်လူ ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းကြစေရန် ဆန္ဒဖော်ထုတ်ရန် စည်းရုံးတိုက် တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုးဘာသာ သာသနာ ပြုလုပ်ငန်းကို မေတ္တာရှေ့ထား၍ အေးအေးချမ်းချမ်း ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြားထား သည်။ ဦးဖြိုးမင်းသိန်း စင်ကာပူ နိုင်ငံတွင် ပြောကြားခဲ့သည့်မဟန အဖွဲ့ရှိထားပြီးဖြစ်သဖြင့် မဘသ အဖွဲ့မလိုအပ်တော့ဟူသော စ ကားရပ်အပေါ် မဘသဦးဆောင် ဆရာတော်များက ဇူလိုင် ၇ ရက် က အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ အဆိုပါစကားနှင့်ပတ် သက်၍ လာမည့်ဇူလိုင် ၁၄ ရက် မတိုင်မီ အစိုးရက တာဝန်ယူဖြေ ရှင်းပေးရန် တောင်းဆိုခဲ့သော် လည်း ဇူလိုင် ၁၂ ရက်တွင် အ ထက်ပါကြေညာချက် ထွက်ပေါ်  လာခြင်းဖြစ်သည်။

အင်းစိန်ရွာမ ပရိယတ္တိကျောင်းတွင် ပြုလုပ်သောမဘသ ဦးဆောင်ဆရာတော်များ၏တံခါးပိတ်အစည်းအဝေးသည် ၄၅မိနစ်ခန့်ကြာမြင့်ပြီး
 အဆိုပါအစည်း အဝေးသို့ မဘသဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သည့် ဦးဝီရသူ မတက်ရောက်ခဲ့ပေ။


7daydaily

0 comments:

Post a Comment