မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံဝင်း မီးလောင်၊ ဘတ် (၁၀) သန်းခန့် ဆုံးရှုံး (ရုပ်သံ)



ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ခလောင်းလုန်မြို့နယ်ထဲမှာ မြန်မာအလုပ်သမား တွေပါ ၀င်ရောက်လုပ်ကိုင်နေတဲ့ ပလပ်စတစ်စက်ရုံဝင်းထဲ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်ကနေ ညနေ ၄ နာရီထိ မီးလောင်ကျွမ်းခဲ့တယ်လို့ mthai.com သတင်းမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်က “သူဟာ ပလပ်စတိတ်နဲ့ ဖော့တုန်းတွေသယ်ဖို့ လုပ် နေတုန်းဂိုဒေါင်ကနေ မီးခိုးတွေတက်လာတာတွေ့လို့ တခြားသူတွေနဲ့အတူ ကြိုးစားငြိမ်းသတ် ခဲ့ကြောင်း၊ ဒါပေမယ့် မီးကတော်တော်နဲ့ မငြိမ်းလို့ တာဝန်ရှိသူတွေကို အကူအညီတောင်း ခဲ့တယ်”လို့ mthai သတင်းထောက်ကို ပြောပါတယ်။

မီးလောင်မှုကြောင့် ဂိုဒေါင် ၁ လုံးနဲ့ အနီးရှိ တလတ်ထိုင်းဈေးထဲက သုံးထပ်တိုက်တလုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားတယ်လို့ ပထုန်ဌာနီရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏ အနည်းဆုံး ဘတ်ငွေ ၁၀ သန်းခန့်ရှိမယ်လို့ ခန့်မှန်းပြီး မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲပဲလို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောသွားပါတယ်။


DVB Burmese



0 comments:

Post a Comment