လမ်းတွေကို ချောင်းဖြစ်သွားစေသည့် တရုတ်မှ ကြောက်မက်ဖွယ် ရေကြီးမှု (ရုပ်သံ)



တရုတ်နိုင်ငံ ယူနန်ခရိုင် ဇောင်တော်မြို့မှာ သည်းထန်စွာရွာသွန်းတဲ့ မိုးကြောင့် ရေတွေကြီးပြီး လမ်းတွေဟာလည်း ချောင်းတွေအဖြစ် ပြောင်းလဲသွားပါတယ်။
 
လမ်းပေါ်မှာ ရပ်ထားတဲ့ကားတွေလည်း မျောပါသွားသလို လူ ၅ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

လမ်းတွေပေါ်ရေတွေက ချောင်းတွေလို စီးဆင်းပြီး တချို့နေရာတွေမှာ ရေတံခွန်လို ဖြစ်နေတဲ့ ဖြစ်ရပ်ကို အပျော်တမ်း ကင်မရာသမားတဦးက မှတ်တမ်းတင်ထားပြီး တရုတ် စီစီတီဗွီသတင်းဌာနက လွန်ခဲ့တဲ့ နာရီအနည်းငယ်က ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။
သည်းထန်တဲ့ မိုးနဲ့ မုန်တိုင်းဟာ မြို့ပေါ်က လူ ၆၀၀၀၀ ကျော်အပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။


DVB Burmese

0 comments:

Post a Comment