ထိုင်း လက်နက်ကိုင် ဆိုင်ကယ်သမား ဂိုဏ်းစတားများ ရန်ပွဲရုပ်သံ ပျံ့နှံ့



ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ထဲ ဇွန်လ ၂၄ ရက်နေ့ကဖြစ်ခဲ့တဲ့ ရန်ပွဲတခုမှာ လက်နက်ကိုင်ဆိုင်ကယ်သမား အယောက် ၂၀ ထက်မနည်း ပါဝင်နေတာကို စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပြီးနောက်မှာ ရဲတွေက စုံစမ်းရှာဖွေနေပါတယ်။
 ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လူငယ် ၁၀ ယောက်လောက်ဟာ ဆိုင်ကယ်တွေနဲ့ ရောက် လာခဲ့ကြပြီး တခြားရန်ဘက် ဆိုင်ကယ်သမားအုပ်စုတွေနဲ့ တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။
သူတို့ဟာ ဓားရှည်တွေ၊ သတ္တုချောင်းတွေနဲ့ လမ်းမပေါ်မှာ ယာဉ်ကြောကိုပိတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာလို့ ထိုင်းချန်နယ်သရီးရုပ်သံမှာ ဖော်ပြပါတယ်။

သစ်သားပိုင်းတွေ၊ ပုလင်းတွေကိုင်ထားသူတွေကိုလည်း အုပ်စုထဲမှာ တွေ့ရပြီး သေနတ်တွေ ကိုင်ထားတဲ့ လူ ၂ ဦးကိုတော့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ နေ့ခင်းကြောင်တောင် ဆမွတ်ပရာကန်ခရိုင်၊ ပါပရာဒန်ဒေသတွင်း ဆွိုင်န ခွန်ကီရန်ခန် ၄ အရပ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ရဲတွေက ရန်ပွဲထဲမှာ ပါဝင်ပတ်သက်နေ သူတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းကလည်း ဘန်ကောက်မြို့လယ်၊ လူသူရှုပ်ထွေးတဲ့ လမ်းမလယ်ခေါင်မှာ ဂန်းစတားအုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေနတ်ပစ်ခံခဲ့ရ ပြီး သေဆုံးသွားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထွက်ခဲ့ပါသေးတယ်။


DVB Burmese


0 comments:

Post a Comment