♪ “အွန်လိုင်းမှ အစွန်းရောက်များရဲ့ ၀ါဒဖြန့်မှုများကိုတားဆီးမည်” ♫


ISIS လိုအစွန်းရောက်များကအွန်လိုင်းမှာလည်း ၀ါဒဖြန့်ချိမှုများကို ပြုလုပ် နေပါတယ်။ ဒီလို ၀ါဒဖြန့်မှုများကိုတစ်စုံတစ်ယောက်က Report လုပ်မှသာ Facebook, Google တို့ကသိနိုင်ကြ ပါတယ်။ 

အခုတော့ ဆော့ဝဲကို အသုံးပြု ပြီးအဲဒီ ၀ါဒဖြန့်မှုများကိုအလိုအလျောက် တားဆီးနိုင်မယ့် နည်းပညာကို Facebook နဲ့ Google တို့က တီထွင်နေကြပါတယ်။ နို်င်ငံအစိုးရများကလည်း ဒီလို အကြမ်းဖက်သမားများရဲ့ အွန်လိုင်းမှာ ၀ါဒဖြန့်ချိမှုများကိုတားဆီးဖို့ နည်းပညာကုမ္ပဏီများကို ဖိအား ပေးနေပါတယ်။

 ပြင်သစ်အကြမ်းဖက်မှုမှာ သေဆုံးသွားတဲ့ သမီးအတွက် ဖခင်က Facebook ကိုတရားစွဲဆိုမှု များလည်း ပေါ်ပေါက်လာနေပါပြီ။ နည်းပညာကုမ္ပဏီများကလည်း ဒီလိုဆော့ဝဲမျိုးကို တီထွင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ISIS နဲ့ ပတ်သက်ဆက်နွယ် နေတဲ့ အကောင့်ပေါင်း ၁၂၅,၀၀၀ ကို Twitter က ပိတ်ပင်ခဲ့ရတယ်လို့ ကြေညာထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment