အမေရိကန်သမ္မတဖြစ်လာတော့မည့် ဟီလာရီကလင်တန် သူမရဲ့ ဒုသမ္မတကို မိတ်ဆက်





အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာတော့မယ့် ဟီလာရီ ကလင်တန်ဟာ သူ့ရဲ့ ဒု သမ္မတ အနေနဲ့ တင်မ် ကိန်းကို တရားဝင် ပွဲထုတ် မိတ်ဆက် ခဲ့ပြီ ဖြစ်ပါတယ်။

မိုင်အာမီ မြို့ မဲဆွယ်ပွဲမှာ ဗာဂျီးနီးယား ပြည်နယ် ဆီနိတ်တာ အမတ် မစ္စတာ ကိန်း ဟာ သူ့ရဲ့ ဒုသမ္မတ ဖြစ်လာမယ့် သူ ဆိုတာ ကို မစ္စစ် ကလင်တန် က တရားဝင် ကြေညာ ခဲ့တာ ဖြစ်ပါ တယ်။

ပြိုင်ဘက် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ မစ္စတာ ထရမ့်ရဲ့ ဒုသမ္မတ တို့နဲ့ မစ္စတာကိန်းဟာ အစစ အရာရာ မှာ ကွာခြားသူ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ဆိုပါတယ်။

ရည်မှန်း ချက် မှန်သမျှ ပြီးမြောက်အောင် လုပ်ဆောင် နိုင်စွမ်း သူ တစ်ယောက် အဖြစ်လည်း မစ္စတာ ကိန်းကို မစ္စစ် ကလင်တန်က ပုံဖော် ပြောဆို ခဲ့ပါတယ်။

မစ္စတာ ကိန်းကလည်း လူထု ပရိတ်သတ်ကို “ဒို့အားလုံး အမေရိကန် ဖြစ်တယ်” ဆိုတဲ့ စကားကို စပိန်လို ပြောဆို ခဲ့ပါတယ်။

ဒါဟာ ဒေါ်နယ် ထရမ့်က နှိမ်ချ တိုက်ခိုက် ပြောဆိုလေ့ ရှိတဲ့ ဟစ္စပင်းနစ်ခ်ျ လို့ ခေါ်တဲ့ စပိန် စကားပြော မျိုးနွယ်စု တွေ ဆီက အားပေး ထောက်ခံ မှု ရအောင် မစ္စတာ ကိန်း ဆွဲဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။




Source : BBC Burmese 


0 comments:

Post a Comment