အာဇာနည် (၉) ဦး၏ ရုပ်တုများ တောင်တွင်းကြီးမြို့ လွတ်လပ်ရေးပန်းခြံတွင် ထားရှိမည်

ဓါတ်ပုံ ကိုတင်ထွန်းအောင်


မကွေး-ဇူလိုင်၁၂

မြန်မာနိုင်ငံတွင် မည်သည့်တိုင်းဒေသမှ မထားရှိဖူးသေးသည့် အာဇာနည်ကိုးဦး၏ရုပ်တုများကို တောင်းတွင်းကြီးမြို့ လွတ်လပ်ရေးပန်းခြံတွင် အာဇာနည်
ရင်ပြင်အဖြစ်ထားရှိနိုင်ခဲ့ခြင်းကို ဂုဏ်ယူဝမ်းမြောက်မိကြောင်း ကော်မတီဝင်
တစ်ဦးဖြစ်သူ ကိုနေပန်ဦးမှပြောသည်။



မကွေးတိုင်းတောင်တွင်းကြီးမြို့ အာဇာနည်ရင်ပြင်မှာ ထားရှိမည့် အာဇာနည် (၈)ဦး၏ု့ပုံစံတူကြေးရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီအရပ်ကနေ သယ်ဆာင်လာရာတွင် ဖြတ်သန်းခဲ့သော ကျောက်ပန်းတောင်း၊ရေနံချောင်း၊မကွေး စသည့်
မြို့နယ်မှ ပြည်သူအများကလမ်းဘေးဝဲယာတစ်လျှောက်ကြိုဆိုခဲ့ကြကြောင်း အာဇာနည်ရင်ပြင် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးကပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏မတ်တပ်ရပ်ပုံစံတူကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၃)ရက်
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ပြီး ကျန်အာဇာနည်(၈)ဦး၏ပုံတူများကို လာမည့် ဇူလိုင်လ(၁)ရက်အာဇာနည်နေ့တွင် ထားရှိမည်ဖြစ်ကြောင်း
လည်းပြောပါသည်။




ကုန်ကျစရိတ်များ ကို ဒေသတွင်းပြည်သူများ၏ ကူညီဝိုင်းဝန်းမှုဖြင့် ဆောင်ရွက်ခဲ့
ပြီး ဗိုလ်ချုပ်ကြေးရုပ်တုအတွက် ကြေးသွန်းလုပ်ခ ကျပ်၁၃၅သိန်းနှင့် အခြားအာဇာနည်(၈)ဦးအတွက် ကုန်ကျငွေ ကျပ်သိန်း၃၂၀ဖြစ်ပြီး အားလုံးစုစုပေါင်း
ကြးသွန်းခ (၄၅၅)သိန်းကုန်ကျခဲ့ကြောင်းသိရသည်။ဦးမင်း













0 comments:

Post a Comment