နောက်ဆုံးပေါ် အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် Huawei ဆားဗစ်စင်တာဖွင့်လှစ်



Huawei မှ ရန်ကုန်မြို့ ဆူးလေတွင် ဆားဗစ်စင်တာကို နောက်ဆုံးပေါ် အကောင်းဆုံး သုံးစွဲသူ ဝန်ဆောင်မှုများဖြင့် မိတ်ဆက်


Huwei နည်းပညာ ကုမ္ပဏီမှ ရန်ကုန်မြို့ ဆူးလေတွင် ဆားဗစ်စင်တာတစ်ခုကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က အသစ် ထပ်မံ ဖွင့်လှစ်ခဲ့သည်။


ဆူးလေ ဆားဗစ်စင်တာ ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်မှုနှင့် P9 ထုတ်ကုန်အကြောင်း ဆွေးနွေးခြင်း၊ အမေးအဖြေများ ပြုလုပ်ခြင်းများ လုပ် ဆောင်ခဲ့ပြီး ဖျော်ဖြေပွဲများ၊ ဂိမ်းများနှင့် ဆုလက်ဆောင်များပေးအပ်သည့် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရန်ကုန်မြို့ ဆူးလေ Huawei ဆားဗစ်စင်တာသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ပြည်၊ မြစ်ကြီးနား၊ မုံရွာနှင့် တောင်ကြီး စသည့် မြန်မာနိုင်ငံရှိ Huawei ဆားဗစ်စင်တာများ ပြီးလျှင် ၁၂ ခု မြောက် ဖြစ်ပြီး အခြား ဆားဗစ်စင်တာ များကဲ့သို့ Huawei သုံးစွဲသူများနှင့် Huawei အကြား ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း ဆူးလေ ဆားဗစ်စင်တာကို အရည်အသွေး ဝန်ဆောင်မှုများအတွက် အထူး ရည်ရွယ်ထားကြောင်း သိရသည်။


“ကျွန်မတို့ Huawei က မြန်မာနိုင်ငံရှိ သုံးစွဲသူတွေအတွက် ထုတ်ကုန် အရည် အသွေးကို တိုးမြှင့်နေသလို ရောင်းချပြီးနောက် ဝန်ဆောင်မှုများ ကိုလည်း အကောင်းဆုံး ပေးစွမ်းနိုင်အောင် လုပ်ဆောင်နေပါတယ်။ GR5, Mate 8, G7 Plus တို့ကို အသုံးပြုနေသူများအတွက်လည်း VIP ဝန်ဆောင်မှုများနဲ့ P9 အတွက် တန်ဖိုး ထပ်ပေါင်း ဝန်ဆောင်မှုများ ဒိုင်းမွန်းဆားဗစ် တို့ကိုလည်း မကြာသေးမီက Huawei ကနေ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်မတို့ တန်ဖိုးထားရတဲ့ Huawei သုံးစွဲသူတွေအနေနဲ့ Huawei ရဲ့ နောက်ဆုံးပေါ် ပြုပြင် မွမ်းမံပေးထားတဲ့ ဝန်ဆောင်မှုတွေကို သဘောကျ နှစ်သက်လိမ့်မယ် လို့ ကျွန်မတို့ Huawei ကနေ ယုံကြည်ထားပါတယ်” ဟု ဖွင့်ပွဲ အခမ်းအနား တွင် Device Business Department of Huawei Technologies (Yangon) Co., Ltd. မှ ဝန်ဆောင်မှု ဒါရိုက်တာ ဒေါ်ချစ်ယုလှိုင်က ပြောသည်။


ဆူးလေ Huawei ဆားဗစ်စင်တာ ဖွင့်ပွဲနှင့်အတူ Huawei မှ ၎င်း၏ အကောင်း ဆုံး နာမည်ရ ဝန်ဆောင်မှု “ဒိုင်းမွန်း ဆားဗစ်” ကို Huawei P9 သုံးစွဲသူများ အတွက် သုံးစွဲသူ ဝန်ဆောင်မှုများဖြင့် နမူနာ အသစ်များ ပြသပေးထားပြီး ဆူးလေ ဆားဗစ်စင်တာတွင် Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ် ဖုန်း P9 အား ဝယ်ယူထားသော သုံးစွဲသူများအား “P9 ဒိုင်းမွန်းဆားဗစ်” မှ အခမဲ့ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်သည့်အပြင် ရေဝင်သွားခြင်း ကြောင့် ပျက်စီးသွားသည်မှလွဲ၍ TPLCD ပျက်စီးမှုများအတွက်ကို ဝယ်ယူပြီး ရက် ၉၀ အတွင်း အခမဲ့ တစ်ကြိမ် လဲလှယ်နိုင်အောင် ဝန်ဆောင်ပေးမှာ ဖြစ်ကြောင်း အကယ်၍ ဖုန်းများတွင် မူလကတည်းက ပြဿနာ တစ်စုံတရာ ပါရှိခဲ့ပါက ဒိုင်းမွန်းဆားဗစ်မှ ဝယ်ယူပြီး ရက် ၉၀ အတွင်း အခမဲ့ ပြန်လည် လဲပေးမည်ဖြစ်ကြောင်း ဒိုင်းမွန်းဆားဗစ်တွင် သုံးစွဲသူများ စိတ်ကျေနပ်စေ မည့် တစ်နေရာတည်း ပြီးပြည့်စုံမည့် ဝန်ဆောင်မှုများ၊ အမြန်ပြင်ဆင်ရေး ဝန်ဆောင်မှုများအပြင် အိမ်အရောက် ပစ္စည်းပို့ ဝန်ဆောင်မှုများလည်း ပါရှိ ကြောင်း သုံးစွဲသူများ အနေဖြင့် Huawei ၏ Hot Line ဝန်ဆောင်မှု 01-900-0900 အား ခေါ်ဆို၍ ဝန်ဆောင်မှုများအတွက် ကြိုတင် ချိန်းဆိုမှုများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။


ဒိုင်းမွန်းဆားဗစ်မှ အခမဲ့ ဆော့ဖ်ဝဲ အပ်ဒိတ်အတွက် နှစ်ကြိမ် အခမဲ့ အထွေ ထွေ ဝန်ဆောင်မှုများ၊ အပလီကေးရှင်းများကို အခမဲ့ ထည့်သွင်းပေးခြင်းနှင့် စနစ်ရှင်းလင်းရေး ဝန်ဆောင်မှုများ ကဲ့သို့သော သုံးစွဲသူ ဝန်ဆောင်မှုများကို ဝန်ဆောင်ပေးနေပြီး Huawei ၏ နောက်ဆုံးပေါ် သုံးစွဲသူ ဝန်ဆောင်မှုများကို ရရှိနိုင်ရန် Huawei မှ ကုန်ပစ္စည်း အရည်အသွေးနှင့် အာမခံ အပြည့်အဝ ရရှိစေမည့် တရားဝင် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသင့်ကြောင်း အကြံပြု တိုက်တွန်းထားသည်။


 
 
 


0 comments:

Post a Comment