♪ iPhone အတွက် Battery အပိုနှင့် Memory Storage အပိုပါဝင်သည့် SanDisk ဖုန်းကာဗာထွက်ရှိ ♫


သင့်အနေနဲ့ သင်ရဲ့ အဖိုးတန်တဲ့ iPhone 6 နဲ့  iPhone 6s မှာ storage မလုံလောက်တော့ရင်ဘာလုပ်မလဲ ? Apple ဆီသွားပြီး iPhone model အသစ် ဒါမှမဟုတ် အဆင့်မြှင့်ထားပြီးသားကို လည်း တကူးတက သွားဝယ်စရာမလိုတော့အောင် SanDisk ကနေ iPhone အတွက် Battery အပိုနှင့် Memory Storage အပိုပါဝင်သည့် ဖုန်းကာဗာကို မိတ်ဆက်ပြသခဲ့ပြီး စတင်ရောင်းချပေးနေပါပြီ။

ဒါက ရူးတာပါပဲလို့ သင့်အနေနဲ့  တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ကဲ့။ဒါတွေက တကယ့်ကို ဖြစ်နိုင်တဲ့အရာတွေပါ။နောက်ပြီး အခုမေးခွန်းထဲမှာ ပါတဲ့ ရုးသွပ်ခြင်းဆိုတာကလည်း တကယ်တော့ iXpand Memory Case လို့ ခေါ်တဲ့ SanDisk ကနေ အသစ်ထုတ်တဲ့ case တစ်ခုဟာ နာမည်မှာ ပေးထားတဲ့အတိုင်းပဲ iPhone ကို အကာအကွယ်ပေးထားရုံတင်မကပါဘူး ။ဖုန်းရဲ့ internal Storage ပိုင်းကိုလည်း ချဲ့ထွင်ပေးနိုင်ပါတယ်။



အသစ်ထုတ်SanDisk ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ကာကွယ်နိုင်တဲ့ အတိုင်းအတာက 32 GB, 64 GB နဲ့  128 GB အထိ အမျိုးမျိုးကွဲပြားပါတယ်။ဒါ့အပြင် ဒီ SanDisk ကို တပ်ဆင်ထားတဲ့ iPhone ဟာ အရေးကြီးတဲ့ ဖိုင်တွေ ၊ စာရွက်စာတမ်းနဲ့ ဂီတဖိုင်တွေအားလုံးအတွက် အပို Storage ပမာဏအမြောက်အများကိုလည်း တစ်ချိန်တည်းမှာ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ case ခွံလေးဟာ အပိုstorage space ကို ပို့ ရာမှာ တစ်ပါတည်းတွဲပြီး ပါလာတဲ့Lighting connector လေးနဲ့  iPhoneမှာ အုပ်ထားတာပါ။သုံးစွဲသူတွေဟာ App Store ပေါ်မှာ ရယူနိုင်တဲ့ iXpand Memory Case app လေးနဲ့ တွဲဖက်ပြီး case ခွံထဲကို လွတ်နေတဲ့ space တွေအားလုံးကို အပြန်အလှန်ပေးပို့ ရယူနိုင်ပါတယ်။ ဒါတွေအားလုံးကို case လေးက iPhone ပတ်လည်ကနေ အစင်းရာတွေနဲ့  အက်ကွဲရာတွေ မဖြစ်အောင် ကာကွယ်ရင်း နေသားတကျလေး အုပ်ထားတာပါ။



ဒီကာဗာလေးနဲ့တွဲဖက်အသုံးပြုဖို့ iXpand Case App တစ်ခုကိုလည်း iTunes Store ကနေ Download ရယူထားဖို့တော့လိုပါလိမ့်မယ်။ သင့်ဖုန်းကာဗာမှာ သိမ်းထားတဲ့ သင့်ရဲ့ အချက်အလက်တွေကို စီမံခံ့ခွဲပြီး ရယူသုံးစွဲနိုင်စေဖို့  သင့်ရဲ့ iXpand Case နဲ့ အတူ ပါလာတဲ့ တွဲဖက်app တစ်ခုပါ။သင့်ရဲ့ ဓါတ်ပုံတွေကို အမြန်ဆုံးရယူနိုင်ဖို့  ၊ သင့်ရဲ့ ဗွီဒီယိုဖိုင်တွေကို ဖွင့်ကြည့်နိုင်ဖို့ နဲ့  တခြားဖိုင်တွေကို ရယူသုံးစွဲနိုင်နိုင်ဖို့ အပြင် လွယ်လင့်တကူ ရွေးချယ်ရယူနိုင်အောင် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ဒီ app ဟာ ဓါတ်ပုံတွေ ၊ ဗွီဒီယိုဖိုင်တွေနဲ့  သီချင်းတွေအားလုံးကို အလိုအလျောက် စုစည်း စီစဉ်ပေးသွားမှာ ဖြစ်လို့ ဒါနဲ့ ပတ်သတ်ပြီး သင့်အနေနဲ့  စိတ်ပူစရာ မလိုတော့ပါဘူး။

ဗွီဒီယိုဖိုင်တွေ ဓါတ်ပုံတွေကို လွယ်လွယ်ကူကူ save လုပ်ထားနိုင်သလို memory case ကနေလည်း တိုက်ရိုက်ဖွင့်ကြည့်လို့ ရပါတယ်။ကိုယ့်အကြိုက်ဆုံး သီချင်းတွေကို playlist တွေနဲ့  ဖန်တီးထားလို့ ရတဲ့အပြင် တွဲပြီးပါလာတဲ့ ဘက်ထရီ pack ကိုလည်း ရွေးချယ်ပြီး စီမံmanage လုပ်လို့ ရပါတယ်။သင့်ရဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို Case ထဲကို တိုက်ရိုက်ပဲ အလိုအလျောက် ရွှေ့ ပြောင်းပေးထားလို့ လည်း ရပါတယ်။

တကယ်လို့  အပိုထည့်ထားတဲ့ ကာကွယ်မှုနဲ့  Storage ပိုင်းဟာ သင့်အတွက် အဆင်မပြေဘူးဆိုရင် iXpand Memory Case နှုန်းထားကို သူ့ နဲ့ အံကျဖြစ်အောင် ထားနည်းလေ့လာသင့်ပါတယ်။ optional ဖြစ်တဲ့ 1900 mAh batter pack က လည်း ပါဝါ ပေးပို့ နေစဉ် ဖုန်းရဲ့ နောက်ကွယ်ကနေ ချက်ချင်းအားဆွဲပေးပြီး ပါဝါစွမ်းဆောင်ရည် အပြည့်အဝ ရလာအောင် ချဲ့ထွင်ပေးနေမှာဖြစ်ပါတယ်။ ဒီဘက်ထရီ pack ဟာ iPhone တစ်လုံးရဲ့ သက်တမ်းကို နှစ်ဆဆွဲဆန့် ပေးသွားမှာဖြစ်ပြီး သူနဲ့ ချိတ်ထားတဲ့ iPhone ရဲ့ ပါဝါlevel ကို တိုင်းထွာ စစ်ဆေးပြီး အလိုအလျောက် ဖြတ်တောက်ပေးသွားတာမျိုး လုပ်ပေးသွားမှာပါ။



iXpand Memory Case ကို ပြန်သွားကြည့်မယ်ဆိုရင် ဈေးနှုန်းအရ 32 GB model အတွက်ဆို၇င် 59.99 $ ၊ 64 GB model အတွက်ကတော့ 99.99 $ ကျသင့်မှာဖြစ်ပြီး 128 GB model memory Case အတွက်ဆိုရင်တော့ 129.99 $စသည်ဖြင့်အသီးသီး ကျသင့်သွားမှာပါ။SanDisk မှာ memory case အတွက် အပြာရောင် ၊ မီးခိုးရောင် ၊ အနီရောင် နဲ့ ခဲရောင်စသည်ဖြင့် အရောင်လေးမျိုး ရှိပါတယ်။
iXpand Memory Case နဲ့ တွဲပါလာတဲ့ external battery pack ကတော့ 39.99$နဲ့ အောက်က link မှာအခုချက်ချင်း မှာယူလို့ ရနိုင်ပြီဖြစ်ပါတယ်။

SanDisk iXpand Memory Case for iPhone 6/6s from Amazon

Wai Linn Aung (Myanmar Mobile App)



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment