အိန္ဒိယမှာ ဇွန်လက မိတ်ဆက်ခဲ့တဲ့ Lenovo Vibe K5 ကို ရောင်းချပေးလိုက်ပါပြီ။ လက်ရှိမှာ အလုံးရေ ၁၀၀ ၀၀၀ ရောင်းချပြီးပြီလို့ သိရပါတယ်။ Amazon India ကနေ ရောင်းချပေးနေပြီး ကြိုတင်မှာယူထားခြင်း မရှိသူများလည်း ၀ယ်ယူနိုင်ပါတယ်။

Lenovo Vibe K5 မှာ Snapdragon 415 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ ၅ လက်မ HD 720p Display တပ်ဆင်ထားပါတယ်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း ပါရှိတဲ့အတွက် SD Card ထည့်သွင်းနိုင်ပါတယ်။

2750mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ အိန္ဒိယရူပီး ၆၉၉၉ ( ဒေါ်လာ ၁၀၅ ) ဖြင့် ရောင်းချပေးနေပါတယ်။