LG က စွမ်းဆောင်ရည်သင့် X5 နဲ့ X Skin စမတ်ဖုန်းအသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း အသစ်များဟာ အရွယ်အစားနဲ့ ဘက်ထရီများက လွဲပြီး ကျန် အစိတ်အပိုင်းများဟာ LG X Power နဲ့ ဆင်တူပါတယ်။

LG X5
X5 မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ X Power ထက် ပိုမို ပါးလွှာပြီး ပေါ့ပါးပါတယ်။ 2800mAh Battery တပ်ဆင်ထားတဲ့အတွက် 4100mAh Battery တပ်ဆင်ထားတဲ့ X Power ထက် ဘက်ထရီအပိုင်းမှာ အားနည်းပါတယ်။ Quad-Core Processor, 2GB RAM , 16GB Storage , Android 6.0 Marshmallow , 13MP Main Camera, 5MP Front Camera တပ်ဆင်ထားပါတယ်။ အဖြူ၊ အနက်ရောင်များ ထုတ်လုပ်ပေးထားပြီး ကိုရီးယားမှာ ၀မ် ၂ သိန်း ( ဒေါ်လာ ၁၇၅) ဖြင့် ရောင်းချမှာပါ။

LG X Skin
X Skin မှာ ၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ X5 , X Power ထက် ပါးလွှာ ပေါ့ပါးပါတယ်။ Android 6.0 Marshmallow , 1.3GHz Quad-Core Processor , 1.5GB RAM , 2100mAh Battery , 8MP Main Camera တပ်ဆင်ထားပါတယ်။ ၀မ် ၂၃၁ ၀၀၀ ( ဒေါ်လာ ၂၀၀ ) ဖြင့် ရောင်းချပေး မှာ ဖြစ်ပါတယ်။