Microsoft က Windows 10 Anniversary Update ကို ဖြန့်ချိတော့မည်



Microsoft က မတ်လကသူ့ရဲ့ Annual Build Developer Conference မှာ Windows 10 အတွက် ပထမဆုံးအဓိက Update ကိုသရုပ်ပြသခဲ့ပြီး နွေရာသီမှာ ဖြန့်ချိပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ဒီထက် စောပြီး ဖြန့်ချိပေးတော့မယ့်ပုံပေါ်ပါတယ်။


Microsoft က ဇွန်လ ၂၈ ရက်နေ့မှာ Anniversary Update ကို သြဂုတ်လ ၂ ရက်နေ့မှာ ဖြန့်ချိပေးမယ်လို့ ဘလော့ သတင်းတစ်ပုဒ်မှာအမှတ်တမဲ့ ကြေညာမိခဲ့ပါတယ်။ အဲဒီ နောက်မှာအဲဒီ သတင်းကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီအတွက် သြဂုတ်လ ၂ ရက်နေ့မှာ Anniversary Update ကို ဖြန့်ချိပေးတော့မယ်လို့ ထင်ရပါတယ်။ Update မှာစွမ်းဆောင်ချက်များစွာပါလာမှာ ဖြစ်ပါတယ်။




Windows Ink စွမ်းဆောင် ချက်မှာ Lock Screen or Desktop ကနေဒစ်ဂျစ်တယ် ဘောပင်နဲ့ အသုံးပြု လို့ရတဲ့ Apps များကို လျင်မြန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 10 ကိုဒစ်ဂျစ်တယ် ဘောပင်များနဲ့ အသုံးပြုဖို့ ရည်ရွယ်ပါတယ်။ Windows Hello ကတော့ လက်ဗွေရာနဲ့ Windows, Apps, Websites များကို Login လုပ်ဖို့ ဖြစ်ပါတယ်။


ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana မှာလည်း စွမ်းဆောင်ချက်များစွာ အသစ်ပါလာမှာဖြစ်ပါတယ်။ Lock Screen ကနေ တောင် Cortana ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Microsoft Edge Browser မှာလည်း Extension များကိုထောက်ပံ့ပေးတော့မှာ ဖြစ်ပါတယ်။ Action Center မှာလည်း Microsoft Edge မှ Notifications များကို ပြသပေးမှာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
































<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 

www.pyaephyo.com

0 comments:

Post a Comment