MPT ၏ Nano SIM နှင့် ၀န်ဆောင်မှုလမ်းညွှန် စာအုပ်များကို MPT အမှတ်တံဆိပ်ဆိုင်များတွင် ရယူနိုင်



MPT ၏ Nano SIM နှင့် ၀န်ဆောင်မှုလမ်းညွှန် စာအုပ်များကို
===== MPT အမှတ်တံဆိပ် ဆိုင်များတွင် ရယူနိုင်ပြီ =====


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုအခါ သုံးစွဲသူ အားလုံး အဆင်ပြေ ချောမွေ့စေရန်အတွက် MPT ၏ Nano ဆင်းကတ်နှင့် ၀န်ဆောင် မှု လမ်းညွှန် စာအုပ်ကို MPT အမှတ်တံဆိပ် စတိုးဆိုင်များတွင် ရနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

မည်သည့် ဟန်းဆက် အမျိုးအစားနှင့်မဆို တွဲဖက် အသုံးပြုနိုင်မည့် MPT Nano SIM များသည် MPT သုံးစွဲသူများ လက်ရှိ အသုံးပြုနေသည့် micro နှင့် ပုံမှန် အရွယ်အစားရှိ SIM ကတ်များကို ပိုမို ပြီးပြည့်စုံအောင် ဆောင်ရွက်ထား ပြီး အဆိုပါ Nano SIM ကတ်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၂၄၀ ကျော်နှင့် စာတိုအတွက် အယောက် ၄၀ စာကို လက်ခံ သိမ်းဆည်းထား နိုင် မည် ဖြစ်သည်။ MPT သုံးစွဲသူများ အနေဖြင့် မိမိတို့ လက်ရှိ အသုံးပြုနေသော ဆင်းကတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများအတွက် ပြန်လည် လျှောက်ထားသည့်အခါ Nano SIM ကတ်များကို ရရှိနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများ အနေဖြင့် ၀န်ဆောင်မှုဆိုင်ရာ လမ်းညွန်စာအုပ်များကို MPT အမှတ်တံဆိပ်ရှိသော ဆိုင်များတွင် အခမဲ့ ရယူနိုင်ပြီး အဆိုပါ လမ်း ညွန် စာအုပ်တွင် MPT သုံးစွဲသူများကို အထောက်အကူ ဖြစ်စေနိုင်မည့် ၀န်ဆောင်မှုအသီးသီး၏ ဈေးနှုန်းများ၊ အင်တာနက် Package ၀န်ဆောင်မှု၊ အင်တာနက် Setting အသုံးပြုမှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ၊ နိုင်ငံတ ကာနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ Tourism SIM ကတ်အကြောင်း၊ SIM ကတ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ မျာအား ဖြေရှင်းနည်း၊ Call Centre အစရှိသည် တို့နှင့်အတူ တစ်နိုင်ငံလုံးရှိ MPT အမှတ်တံဆိပ်ရှိ ဆိုင်များ စာရင်းကို ထည့်သွင်းထားသည်။

MPT အမှတ်တံဆိပ်ရှိ ဆိုင်ခွဲများကို ဆူးလေ၊ လမ်း ၄၀ ၊ ပန်းဆိုးတန်း နှင့် အလုံမြို့နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်ထားပြီး မနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ (တနင်္လာနေ့မှ သောကြာနေ့ထိ) ၀န်ဆောင်မှုပေးလျက် ရှိကြောင်း MPT သည် ကွန်ရက်များကို ကောင်းမွန်အောင်လုပ်ခြင်း၊ ၀န်ဆောင်မှု အသစ်များ ကို တီထွင်ဖန်တီးခြင်း၊ ပရိုမိုးရှင်းများကို ပြုလုပ်ပေးခြင်း၊ ပိုမိုကောင်းမွန် သော ၀န်ဆောင်မှုများကို ပေးခြင်းနှင့် အသုံးပြုသူများ ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်ပြီး မကြာမီ ကာလအတွင်း MPT အမှတ်တံဆိပ်ရှိ ဆိုင်များ တွင် ၀န်ဆောင်မှု ပေးချိန်များကိုပါ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ သက်တမ်းရှည်ကြာဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် MPT၏ ၀န်ဆောင်မှုကို သုံးစွဲသူပေါင်း သန်း ၂၀ ကျော် ရှိပြီး MPT ၏ ဆန်း သစ် တီထွင်မှုများ၊ အထူးဆုများ နှင့် ပရိုမိုးရှင်း အစီအစဉ်များကို အမြဲ အားပေးနေသူများအတွက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ထားသည်။


Itizen Weekly


0 comments:

Post a Comment