♪ “OPPO Mirror 5” အကြောင်းလေ့လာနိုင်ဖို့ ♫


Mirror 5 ဟာ ၅.၀ လက်မရှိမှာဖြစ်ပါတယ်။ Display ဖော်ပြနိုင်စွမ်းကလည်း 540 x 960 pixels ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ ကတော့ 220 ppi ပါ။ အလေးချိန်ကတော့ 160g ရှိပြီး၊ အိတ်ကပ်ထဲမှာ ထည့်ထားနိုင်သလို၊ လက်ထဲမှာကိုင်တွယ်ထားရင် အလိုက် သင့်အနေအထားရှိနေမှာပါ။

7.7mmအထူရှိတာကြောင့် 7.1mm ရှိတဲ့ R1 ထက်စာရင် အနည်းငယ် မဆိုသလောက်လေးထူတယ်လို့ ထင်ရနိုင်ပါတယ်။ ဘေးဘောင်လေးတွေဟာ 0.30inch သာရှိတာကြောင့် မျက်နှာပြင်ကို အပြည့်အ၀ အသုံးချနိုင်ပါလိမ့်မယ်။ ကိုယ်ထည်ကိုတော့ ပလတ်စတစ်နဲ့ တည်ဆောက်ထား ပါတယ်။ စပီကာကိုတော့ ဖုန်းရဲ့နောက်ကျောပိုင်း အောက်ဘက်မှာ တပ်ဆင်ပေးထားပြီး၊ အောက်ဘက်မှာတော့ USB အားသွင်း ကြိုးပေါက်ကို တွေ့ရမှာပါ။

Power ခလုတ်ကိုတော့ ညာဘက်ဘေး မှာတပ်ဆင်ထားပြီး၊ အသံအတိုးအကျယ်ခလုတ်ကိုတော့ အခြားဘက်မှာတွေ့ ရမှာပါ။ OS ပိုင်းအတွက်ကတော့ opensource ဖြစ်တဲ့ android ကို ပြန်လည် ပြင်ဆင်ရေးသားထားတဲ့ Color OS 2.1 ကို သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။ 

Quad-core 1.2 GHz Cortex-A53 ကို Adreno 306 GPU နဲ့ ထောက်ပံ့ပေး ထားတာကြောင့် HD ဂိမ်းတွေကို လျင်မြန်စွာဆော့ကစားနိုင်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒါဟာ Qualcomm MSM8916 Snapdragon 410 ကို သုံးထားတာပါ။ အချက်အလက် သိုလှောင်သိမ်းဆည်း နိုင်စွမ်းအတွက်ကတော့ 16GB ဖြစ်ပြီး၊ 2GB RAM ကို တပ်ဆင်ပေးထားပါ တယ်။ SD card ထပ်မံထည့်သွင်းပြီးတော့ 128GB အထိတိုးမြှင့်နိုင်မှာဖြစ်ပါ တယ်။

အရှေ့ ဘက် ကင်မရာငယ်ကိုတော့ 5MP သာတပ်ဆင်ပေးထားပါ တယ်။ Gesture စနစ်ကလည်း ပြည့်စုံ ပါတယ်ဆိုတာ ထက်တောင် ပိုပါသေး တယ်။ ColorOS ပါရှိတာကြောင့် Security Mode, Gloves Mode, Screen Off Gesture 13 မျိုးကို သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 5 inches
Memory - 16 GB
Bluetooth - v4.0
CPU - Quad Core 1.2 GHz
OS - Android OS,v5.1
Contact - 01-252988
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment