♪ Pokémon GO ဂိမ်းကစားသူတွေအတွက် chatting အက်ပလီကေးရှင်း Razer GO ♫


PC နဲ့ Laptop တွေအတွက် ဂိမ်းတွေထုတ်လုပ်ရာမှာ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ကတော့ Pokémon GO  ဂိမ်းကိုထောက်ပံ့ပေးမယ့် စကားပြော အက်ပလီကေးရှင်းတစ်ခုထုတ်လုပ် လိုက်ပြီဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းရဲ့ နာမည်ကိုတော့ RazerGo လို့နာမည်ပေးထားပြီး မကြာခင် ဇူလိုင် ၂၅ ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ရောက်ရှိသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအက်ပလီကေးရှင်းကိုတော့ Android နဲ့ iOS ပလက်ဖောင်းနှစ်ခုလုံးမှာအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ဒ်ီအက်ပလီကေးရှင်းဟာဆိုရင်တော့ ဒီနေ့မှာ desktop ဗားရှင်းအတွက် တရားဝင်ထုတ်လုပ်ခဲ့ပြီဖြစ်ပြီး Apple Store နဲ့ Google Play Store တို့ရဲ့ ထောက်ခံချက်ပေါ်ကို မူတည်ပြီးတော့ မကြာခင်မှာ အသုံးပြုသူအကုန်လုံးဆီကို  အနှေးနဲ့အမြန်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Pokémon GO  ဂိမ်းဟာဆိုရင် အသုံးပြုသူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုပြုလုပ်နိုင်ပေမယ့်လည်း စကားပြောနိုင်တဲ့လုပ်ဆောင်ချက်တော့ပါဝင်မလာပါဘူး။ ဒါ့ကြောင့် အခုလို third-party အက်ပလီကေးရှင်းကို အသုံးပြုပြီး စကားပြောဖို့ ကြိုးပမ်းလာရတာဖြစ်ပါတယ်။ Razer က ထုတ်လုပ်တဲ့ ဒီအက်ပလီကေးရှင်းမတိုင်ခင် ၊ Google Play Store မှာ Pokémon GO ကစားသူတွေကြား စကားပြောနိုင်တဲ့ app တွေရှိခဲ့ပေမယ့်လည်း အခက်အခဲတစ်ချို့ရှိနေတာကြောင့် အဆင်ပြေပြေအသုံးပြုလို့မရခဲ့တာပါ။

အခုထုတ်လုပ်တော့မယ့် RazerGo အက်ပလီကေးရှင်းဟာ အသုံးပြုသူရဲ့ ပတ်လည် မိုင် ၃၆၀ နဲ့ ၆၀၀ ကြားက Pokémon GO ကစားသူတွေကို ဆက်သွယ်မှုပြုလုပ်နိုင်ပြီး team တစ်ခုထဲမှာပဲ စကားပြောလို့ရသလို ၊ public chat မှာလည်း ဝင်ရောက်ပြောဆိုနိုင်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment