♪ " Samsung Galaxy A9 Pro (2016) VS Sony Xperia XA Ultra " ♫


A9 ထွက်ရှိခဲ့ပြီးနောက်ပိုင်းမှာ Galaxy A9 Pro (2016) ဆက်လက်ထွက်ရှိလာမှု၊ မလာမှုတို့ ကောလာဟလတွေ ပေါ်ပေါက်ခဲ့ပေမယ့်နောက်ဆုံးမှာ Samsung ဟာ Galaxy A9 Pro (2016) ကို အကောင်းဆုံး ထုတ်လုပ်ပေးခဲ့ပါတယ်။ Dual-SIM အသုံးပြုနိုင်တဲ့ Galaxy A9 Pro (2016) ကို Galaxy A9 နဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ ကျောဘက်ကင်မရာ ပိုမိုကောင်းမွန်လာပြီး RAM နဲ့ ဘက်ထရီပမာဏ တို့လည်း ပိုမိုများပြားလာတာ တွေ့ရပါတယ်။ 

Galaxy A9 Pro (2016) မှာ 10MP ကင်မရာကို ကျောဘက်မှာတွေ့ရပြီး LED flash, f/1.9 aperture နဲ့ OIS တို့ ပါဝင်ပါတယ်။ A9 Pro (2016) မှာ RAM 4GB ထည့်သွင်းထားပြီး 5000mAh ပမာဏရှိတဲ့ ဘက်ထရီကို သုံးစွဲထားပါတယ်။ A9 Pro (2016) ဟာ Android 5.1 (Lollipop) ကို အခြေခံထားပြီး ၆ လက်မအရွယ် Display ပါဝင်ပါတယ်။ ရှေ့ဘက် 8MP ကင်မရာမှာ Wide Selfie mode, Self-portrait mode, Palm Selfie mode စတာတွေ သုံးနိုင်ပါတယ်။ Sony Xperia XA Ultra ဟာ full HD ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ပြီး ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ကို မလုံလောက်ခဲ့ရင် microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။ XA Ultra ရဲ့ အဓိကကင်မရာဟာ 21.5MP ရှိပြီး ရှေ့ဘက်ကင်မရာကတော့ 16MP ဖြစ်ပါတယ်။

* Design *

1. Samsung Galaxy A9 Pro (2016)

A9 Pro (2016) ရဲ့ ဒီဇိုင်းဟာ ပုံမှန် A9 အတိုင်းတူညီပြီး Samsung ရဲ့ Galaxy ဒီဇိုင်းပုံစံထဲကတော့ ကွဲထွက်မသွားအောင် ဖန်တီးပေးခဲ့တာ
တွေ့ရပါတယ်။ သတ္တုဘေးဘောင်နဲ့ ဖန်သားကိုယ်ထည်ဒီဇိုင်းကို Note 5, Galaxy S6 တို့အတိုင်း အဆင့်မြင့်မြင့် ဖွဲ့စည်းထားပါတယ်။

2. Sony Xperia XA Ultra

Xperia XA Ultra ကို သတ္တုနဲ့ တည်ဆောက်ပေးထားတာဖြစ်ပြီး သိပ်သည်းကျစ်လျစ်နေအောင် ဖွဲ့စည်းထားပါတယ်။ ကျောဘက်ကင်မရာကို အလယ်ခေါင်ကနေ ဘယ်ဘက်ထောင့်ကို ပြောင်းရွှေ့တပ်ဆင်ထားပြီး ပါဝါခလုတ်မှာ fingerprint sensor ထည့်ထားပါတယ်။

* Processor *

1. Samsung Galaxy A9 Pro (2016)

အရင် A9 မှာ အသုံးပြုထားတဲ့ Qualcomm Snapdragon 652 Octa-core processor ကို ဆက်လက်သုံးစွဲပေးထားတာကြောင့် စွမ်းဆောင်ရည်မြင့်မားနေဆဲဖြစ်ပြီး A9 Pro (2016) မှာ RAM ပမာဏ
4GB ထိ မြင့်တက်လာပါတယ်။ Adreno 510 ဂရပ်ဖစ် ပါဝင်ပါတယ်။

2. Sony Xperia XA Ultra

Mediatek MT6755 Helio P10 chipset ဟာ နာမည်ကြီး chip ဖြစ်ပြီး XA Ultra ရဲ့ စွမ်းဆောင်ရည်မြင့်မားအောင် ကောင်းကောင်း support လုပ်ပေးနိုင်ပါတယ်။ 3GB RAM ကို အသုံးပြုနိုင်ပြီး ဂရပ်ဖစ်အတွက်တော့ Mali-T360 MP2 ကို ထည့်ပေးထားပါတယ်။

* Display *

1. Samsung Galaxy A9 Pro (2016)

မျက်နှာပြင် ၆ လက်မကို အသုံးပြုရမှာဖြစ်ပြီး ကြီးမားတဲ့မျက်နှာပြင်ကြောင့် မြင်ကွင်းကောင်းမွန်နေမှာပါ။ Full HD 1080 x 1920 pixels အရည်အသွေးနဲ့ သိပ်သည်းဆ 367ppi ပါရှိပါတယ်။ မျက်နှာပြင်အကြမ်းဒဏ်ခံနိုင်အောင် Gorilla Glass 4 နဲ့ ဖုံးအုပ်ထားပါတယ်။
2. Sony Xperia XA Ultra

ကျဉ်းမြောင်းတဲ့ ဘေးဘောင်ကြောင့် Display ကောင်းမွန်ပြီး ၆ လက်မအရွယ် screen ပြုလုပ်ထားတာဟာ Sony ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ iPhone 6s Plus ထက် အနည်းငယ်ပိုမိုကြီးမားပြီး 2.5D curved glass နဲ့ မျက်နှာပြင်ကို ဖွဲ့စည်းထားပါတယ်။

* Verdict *

1. Samsung Galaxy A9 Pro (2016)

Galaxy ဖုန်းအများစုမှာ သုံးခဲ့ရတဲ့ Home ခလုတ်ကို နှစ်ချက်နှိပ်ရုံနဲ့ ကင်မရာလုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်တဲ့ feature ကို 9 Pro (2016) မှာလည်း ထည့်ထားပါတယ်။ Samsung Pay ကို support လုပ်ပေးနိုင်တဲ့ frngerprint sensor ကိုလည်း Home ခလုတ်ကနေ ဆောင်ရွက်နိုင်ပါတယ်။

2. Sony Xperia XA Ultra

ကြီးမားတဲ့ screen နဲ့ selfie နှစ်သက်သူတွေအတွက် Xperia C5 Ultra ကို ထုတ်လုပ်ပေးပြီးတဲ့နောက်မှာ Xperia XA Ultra ကို အဆင့်မြင့်ထားတဲ့ဒီဇိုင်းနဲ့ X series တွေရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် Sony က ဖန်တီးပေးခဲ့ပါတယ်။ ကင်မရာနှစ်ခုလုံးမှာ high-end sensor တွေ ထည့်သွင်းကာ upgrade ပြုလုပ်ထားပါတယ်။

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment