♪ " Samsung မှ Galaxy JMax အား တရားဝင်ကြေညာ " ♫


Samsung Galaxy JMax သည် သတင်းကြိုတင်ထွက်ပြီး တစ်ရက်ခန့်အတွင်း တရားဝင်ကြေညာသွားခဲ့သည်။ Galaxy JMax သည် phablet များထဲ၌ပင် အထူးကြီးမားသည်ဟုဆိုနိုင်ပြီး quad-core 1.5GHz processor နှင့် ၇ လက်မအရွယ် WXGA display ပါဝင်ခဲ့သည်။

186.9 x 108.8 x 8.7mm အရွယ်အစားရှိကာ RAM 1.5GB ပါဝင်ပြီး memory ပမာဏ 16GB ပါဝင်ကာ micro SD ဖြင့်လည်း ထပ်မံမြှင့်တင်မှုပြုနိုင်မည်ဖြစ်သည်။ ကြီးမားသော 4000mAh ဘက်ထရီပါဝင်ကာ အဓိကကင်မရာမှာ 8MP ဖြစ်ကာ ရှေ့ဘက်တွင် 2MP ကင်မရာပါဝင်သည်။ Android 5.1 Lollipop ကို သုံးစွဲထားကြောင်းသိရသည်။

Display အရွယ်အစားကြီးမားသဖြင့် ဖုန်းနှင့်အတူ တစ်ပါတည်း bluetooth headset ပါ ပါဝင်လာပြီး ဖုန်းခေါ်ဆိုမှုပြုရာတွင် လွယ်ကူစေမည်ဖြစ် သည်။ 4G, Vo LTE နှင့် dual-SIM တို့ကိုလည်း ထောက်ပံ့ပေးထားသည်။ ထို့အပြင် Ulra Data Saving နှင့် S Bike mode တို့ကိုလည်း ထည့်သွင်းပေးထားသည်။

Galaxy JMax အား ဒေါ်လာ ၂၀၀ ၀န်းကျင် ဈေးသတ်မှတ်ထားကြောင်းသိရပြီး အနက်နှင့် ရွှေရောင် ၂ မျိုးအား ရွေးချယ်နိုင်မည်ဖြစ်သည်။ ယခုလကုန်ရက်များတွင် အိန္ဒိယ၌ စတင်ရောင်းချလိမ့်မည်ဟု သိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment