♪ ခရီးထွက်တိုင်း ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားနိုင်မယ့် TravelMate X349 Ultraportable လက်ပ်တော့ကို Acer မိတ်ဆက် ♫


ထိုင်ဝမ်အခြေစိုက် Acer ရဲ့ နာမည်ကျော် TravelMate စီးရီး ultraportable လက်ပ်တော့အသစ် မနေ့ကပဲ ထွက်ရှိလာပါပြီ။

TravelMate X349 လို့ အမည်ပေးထားတဲ့ လက်ပ်တော့ဟာ အထူအားဖြင့် ၁၈ မီလီမီတာသာရှိသလို၊ အလေးချိန်ကလည်း ၁.၅ ကီလိုဂရမ်သာရှိပါတယ်။ အလူမီနီယမ်ကိုယ်ထည်ပြည့်သုံးထားပေမယ့်၊ ကျစ်လျစ်ပေါ့ပါးတဲ့လက်ပ်တော့တစ်လုံးဖြစ်ပြီး၊ ခရီးမကြာခဏထွက်နေရသူတွေအတွက် တကယ့်ကို အဆင်ပြေမယ့်လက်ပ်တော့တစ်လုံးဖြစ်ပါတယ်။

Acer TravelMate X349 မှာ Intel ရဲ့ ဆဌမမြောက်မျိုးဆက် Skylake ပရိုဆက်ဆာတွေ အသုံးပြုထားပြီး၊ 8GB DDR4 RAM ပါရှိပါတယ်။ မျက်နှာပြင်ကတော့ ၁၄ လက်အကျယ်၊ full-HD ISP မျက်နှာပြင်ဖြစ်ပြီး၊ မျက်နှာပြင်ကို ၁၈၀ ဒီဂရီအထိ နောက်လှန်ချိုးနိုင်ပါတယ်။

Acer ရဲ့ ပြောကြားချက်အရ ဒီလက်ပ်တော့ဟာ ဘက်ထရီသက်တမ်း ၁၀ နာရီအထိ အသုံးခံတယ်လို့ သိရပါတယ်။ လက်ပ်တော့ storage အနေနဲ့လည်း 512GB SSD ပါရှိပြီး၊ Windows 10 Pro စနစ် တပါတည်းပါဝင်မှာဖြစ်ပါတယ်။ အမှောင်ထဲမှာကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက်လည်း ကီးဘုတ်အောက်မှာ LED မီးလုံးတွေပါရှိပါတယ်။

လက်ပ်တော့ကင်မရာအနေနဲ့လည်း 720p HDR webcam ပါရှိပြီး၊ အွန်လိုင်းဗီဒီယိုအစည်းအဝေး တွေလုပ်ရာမှာ ရုပ်ထွက်ကြည်လင်ပြတ်သားစွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
TravelMate X349 မှာ လက်ဗွေရာဆန်ဆာလည်းပါဝင်တာကြောင့်၊ မိမိလက်ပ်တော့တွင်းက အချက်အလက်ဒေတာတွေကို လုံခြုံစွာသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ Acer dock နဲ့ USB Type-C အပေါက်တစ်ခုပါရှိပြီး၊ ဒေတာကူးပြောင်းမှုနဲ့ အားသွင်းမှုမှာ သိသိသာသာမြန်ဆန်မှုကို မြင်တွေ့ရမှာပါ။ USB-C အပြင် လက်ပ်တော့တစ်လုံးမှာပါနေကျဖြစ်တဲ့ USB 3.0 အပေါက်၊ HDMI နဲ့ 3.5mm ဂျက်ပင်ပေါက်တို့လည်း ပါဝင်ပါတယ်။

TravelMate လက်ပ်တော့ကို နိုဝင်ဘာလကျမှ မြောက်အမေရိကားမှာ စတင်ရောင်းချမှာဖြစ်ပြီး၊ အနိမ့်ဆုံးဈေး ၆၄၉.၉၉ ဒေါ်လာရှိတယ်လို့ သိရပါတယ်။ ဥရောပနဲ့ အရှေ့အလယ်ပိုင်းကိုတော့ စက်တင်ဘာလလောက်ကျမှ ရောက်ရှိမှာဖြစ်ပြီး၊ အဆိုပါဒေသတွေမှာတော့ အနိမ့်ဆုံးဈေး ဒေါ်လာ ၅၃၀ လောက်နဲ့ ရောင်းချသွားမှာဖြစ်ကြောင်း Acer က ပြောကြားခဲ့ပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment