“Vivo V3” ကိုဝယ်ဖို့စဉ်းစားသူတွေလေ့လာနိုင်ဖို့


V3ဟာ ၂၀၁၆ ခုနှစ် ၄ လပိုင်းကထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး 2G, 3G, 4G Network အထောက်အပံ့များပေးစွမ်းနိုင်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 143.6 × 71 × 7.5 mm ရှိပြီးအလေးချိန်မှာ138g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကိုအသုံးပြုပေးထားပြီးမျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ဖြစ်ပါ တယ်။

 မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ပြီးတစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။Vivo မှ အထူးသီးသန့် ပြုလုပ်ထားတဲ့ AK 4375 Hi-Fi Chip မှာစမ်းသပ်စစ်ဆေးပြီးသော 105 dB နှုန်းရှိတဲ့ SNR စနစ်နှင့် မူလအသံများ ကိုပျက်စီးစေနိုင်သော -97dB နှုန်းရှိအသံများကိုဖယ်ရှားပေးနိုင်သော စနစ် များကြောင့် သီချင်းနားထောင်ရာတွင် ဂီတသံစဉ်များကို နူးညံ့သိမ်မွေ့စွာနှင့် စိတ်ကျေနပ်စရာ Hi-Fi အသံစနစ်ကိုခံစားနိုင်မှာဖြစ်ပါတယ်။

အထူးသီးသန့် ဖန်တီးထားသည့် Smart Amp နည်းပညာနှင့် အသံချဲ့ပေးသောအိမ်သုံးရုပ်ရှင် အသံပိုင်းဆိုင်ရာ chip ပါဝင်တာကြောင့် Vivo ရဲ့ V3 နှင့် V3 Max ဟာအသံ အားကောင်းပြီးအလွန်ကြည်လင်ပြတ်သားသောအသံနှင့် ထူးခြားဆန်းကြယ် လှတဲ့ အသံပိုင်းဆိုင်ရာပေးစွမ်းမှုများကိုအပြည့်အ၀ခံစားနိုင်မှာပါ။

အဓိက ကင်မရာစွမ်းရည်မှာ13MP ဖြစ်ပြီးကင်မရာဆက်စပ်ပတ်သက် စနစ်များစွာ ပါရှိပါတယ်။ အရှေ့ကင်မရာငယ်ရဲ့ စွမ်းရည်မှာ8MP ဖြစ်ပါတယ်။ GPU အမျိုးအစားမှာAdreno 405 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GBပါရှိပါတယ်။ အချက် အလက် အများအပြားသိမ်းဆည်းနိုင်စေဖို့ အတွက်လည်းCardslotစနစ် ထည့်သွင်းပေးထားပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 2550 mAhဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - 32 GB
Bluetooth - v4.1
CPU - Octa Core 1.5GHz
OS - Android OS,v5.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal

<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment