Window 10 Update ကို ဇူလိုင် ၂၉ ရက်နေ့ နောက်ဆုံးထား Upgrade လုပ်နိုင်မည်



တကယ်လို့ Microsoft ရဲ့ Update ဗားရှင်းကို Upgrade လုပ်ဖို့ Notification တက်လာတယ်ဆိုရင်တော့ သင့်အနေနဲ့ Free အနေနဲ့ အဆင့်မြှင့်တင်လို့ ရပါတယ်။ Microsoft အနေနဲ့ Free Upgrade လုပ်ဖို့အတွက် Deadline Day သတ်မှတ်ထားပြီး လာမယ့် ဇူလိုင်လ ၂၉ရက်နေ့ နောက်ဆုံးထား Upgrade လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာဆိုရင် OS ကိုထုတ်လုပ်ပြီး တစ်နှစ်အကြာမှာ ယခုလို Update ဗားရှင်းဟာ Window ရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။

ကုမ္ပဏီအနေနဲ့ နှစ်ပတ်လည် Update ရဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။ ဒီအထဲမှာ အဆင့်မြှင့်တင်ထားတဲ့ ခြေလက်ဟန်ပြသတဲ့စနစ်၊ Cortana ရဲ့အမိန့်ပေးစနစ်သစ်နဲ့ Windows/Xbox  One app စတိုးတွေအတွက် ချုံ့ထားတဲ့ စနစ်သစ်တစ်ခုတို့ပဲဖြစ်ပါတယ်။

Window 10 စနစ်သစ်ကို ဇူလိုင်လ ၂၉ရက်နေ့ကျော်သွားရင် လိုင်စင်ကြေးအနေနဲ့ ဒေါ်လာ ၁၁၉နဲ့ Update လုပ်ရမှာဖြစ်ပါတယ်။


0 comments:

Post a Comment