♪ Windows 10 အလုပ်မလုပ်လို့ ဒေါ်လာ ၁ သောင်း လျော်လိုက်ရတဲ့ Microsoft ♫

1

Microsoft က ကယ်လီဖိုးနီးယားမှာ ခရီးသွား အေဂျင်စီထောင်ထားတဲ့ Teri Goldstein ကို လျော်ကြေး ဒေါ်လာ ၁ သောင်း ပေးလိုက်ရပါတယ်။

အဲဒီအမျိုးသမီးရဲ့ ကွန်ပြူတာမှာ Windows 10 ဟာ သူမ မသိဘဲ အလိုအလျှောက် Install လုပ်သွားတာ ဖြစ်ပြီး အဲဒီနောက်မှာ စက်ဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ အဲဒီအတွက် သူမက Microsoft ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမှုမှာ အမျိုးသမီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Microsoft က ၀င်းဒိုးကွန်ပြူတာများမှာ Windows 10 ကို အဆင့်မြှင့်ဖို့ တိုက်တွန်းတဲ့ စာသားများကို အမြဲ ပြသပေးနေပါတယ်။ Windows 10 ကိုလည်း အင်တာနက်ကနေ တစ်ဆင့် အဆင့်မြှင့်နိုင်အောင် ပြုလုပ်ပေးနေပါတယ်။

Credit to ==> Myanmar Digital Life Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment