♪ “ZTE က စွမ်းရည်မြင့် Nubia Z11 ကိုမိတ်ဆက်” ♫


ZTE က စွမ်းရည်မြင့် Nubia Z11 ကိုတရုတ်မှာမိတ်ဆက်လိုက်ပါတယ်။ Z11 Mini , Z11 Max တို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပါတယ်။ Nubia Z11 ဟာသတ္တုကိုယ်ထည်တပ်ဆင်ထားပြီး Bezelless Display ဖြစ်တဲ့အတွက် မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်မှ ဘေးဘောင်များမှာအလွန်ပါးလွှာ ကြည့်ကောင်းပါတယ်။
 
 စွမ်းရည်မြင့် Qualcomm Snapdragon 820 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage Model နဲ့ 6GB RAM, 128GB Internal Storage Model နှစ်မျိုးထုတ်လုပ်ပေးထားပါ တယ်။ မော်ဒယ် နှစ်ခုစလုံးမှာ microSD Card ကိုထည့်သွင်းအသုံးပြုနိုင်ပါ တယ်။ Dual SIM Phone ဖြစ်ပါတယ်။ အနောက် ဘက်မှာ 16MP Camera တပ်ဆင်ထားပြီး Optical Image Stabilization, Phase Detection Autofocus နည်း ပညာများပါပါတယ်။
 
 အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ 3000mAh Battery တပ်ဆင်ထားပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ Qualcomm Quick Charge 3.0 ပါပါတယ်။ Android 6.0 Marshmallow ကို ZTE Nubia UI 4.0 ဖြင့် ပေါင်းစပ်ထားပါ တယ်။ 
 
လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာကိုအနောက်ဘက်မှာတပ်ဆင်ထားပါ တယ်။ 4GB RAM Model ကို ၃၇၅ ဒေါ်လာ၊ 6GB RAM Model ကို ၅၂၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာရောင်းချမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment