♪ “KENBO Fly O31 Plus” ♫


ကိုင်ဆောင်ရသက်သောင့်သက်သာလည်းရှိမယ်၊ ဒီဇိုင်းပိုင်းကလည်း စမတ် ကျလှပနေမယ့်အပြင် ကင်မရာပိုင်းလည်းကောင်းတဲ့ ဖုန်းတစ်လုံး နဲ့ မိတ်ဆက် ပေးပါရစေ။ လူငယ်လူရွယ်များအတွက် အဓိကရည်ရွယ်ပြီး KENBO Smart phone မှ O31 Plus ဖုန်းကို ထုတ်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

စမတ်ကျ လှပပြီး ထိခိုက်မှုဒဏ် ခံနိုင်ရည်ရှိဖို့အတွက် O31 Plus ဖုန်းရဲ့ ကိုယ်ထည် ဘေးဘောင် တစ်ခုလုံးကို Metallic နည်းပညာနဲ့ ပြုလုပ်ပေးထားတဲ့အပြင် ဖုန်းအဖွင့်အပိတ်ခလုတ်ကိုလည်း CNC နည်းပညာနဲ့ ဖန်တီးပေးထားပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အရွယ်အစားမှာ 5.2 inchesရှိတဲ့အပြင် 2.5D Screenကို တပ်ဆင်ပေးထားပါတယ်။

Movie ပဲကြည့်ကြည့် Game ပဲဆော့ဆော့ ဖုန်းရဲ့ Screen မှာ ရုပ်ပုံများကို 2.5 D Screen က ရုပ်လုံးရုပ်ကြွများအဖြစ် ပြန်လည် ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ မျက်နှာပြင်ကို IPS နည်းပညာ အသုံးပြုထားတဲ့ အပြင် ရုပ်ထွက်ကောင်းမွန်မြင့်မားတဲ့ Movie တွေကြည့်တဲ့အခါမှာလည်း 1920 × 1080 Pixels အထိ မြင့်မားတဲ့ Full HD ရုပ်ထွက်ကို အပြည့်အ၀ရရှိ စေမှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းမျက်နှာပြင်အပေါ်မှာ အစင်းရာအခြစ်ရာများ ဖြစ်ပေါ်မှုကို ကာကွယ်ပေးဖို့အတွက် Corning Gorilla Glass မှန်ပြားလေးကို ထပ်မံ ပေါင်းစပ်ပေးထားပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ လုပ်နိုင်စွမ်းအား ပိုမိုကောင်းမွန် စေရန်အတွက် Octa Core CPU 1.3 GHz ၊ RAM 2GB တို့နဲ့အတူ ROM 16 GB တို့ ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။

 မြင့်မားတဲ့ လုပ်နိုင်စွမ်းအားရှိသော Hardware Device များကိုအသုံးပြုထားတဲ့အတွက် ဂိမ်းနဲ့ အင်တာနက် အသုံးပြု ရာမှာလည်း ထစ်ငေါ့ခြင်းမရှိ ချောမွေ့သွက်လက်လို့ သုံးရတာ အလွန်အဆင်ပြေစေပါတယ်။ အရှေ့နဲ့အနောက်ဘက် နှစ်ဖက်စလုံးမှာ LED Flash မီးများ ထည့်သွင်းပေးထားတဲ့အပြင် နည်းပညာမြင့် ကင်မရာများ ကိုလည်း အရှေ့ဘက်တွင် 5MP နဲ့ အနောက်ဘက်တွင် 13MP အထိ ပါဝင် အောင်ဆောင်ရွက်ပေးထားပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - 16 GB
CPU - Octa Core 1.3 GHz
Camera - 13MP
Screen - 5.2 inches
OS - Android OS, v5.1
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment