♪ Pokemon Go ဂိမ်းကို ပင်တဂွန် ပိတ်ပင် ♫


အမေရိကန်စစ်ဌာနချုပ် (ပင်တဂွန်) ဟာ အလုပ်သမားတွေကို ကာကွယ်ရေးဌာနရဲ့ အဆောက်အဦအတွင်းမှာ Pokemon Go ဂိမ်းကို မဆော့ဖို့အတွက် သတိပေးခဲ့တယ်လို့ ဝါရှင်တန်တိုင်းမ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဂိမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့တုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

“ဒီဂိမ်းကစားရာကနေ ထွက်ပေါ်လာတဲ့ ဒေတာအချက်အလက်တွေဟာ လျို့ဝှက်ချက်တွေကို သိမ်းဆည်းထားတဲ့ အခန်းအပါအဝင် အခြားလုံခြုံရေးဆိုင်ရာ အထိခိုက်မခံတဲ့ အဆောက်အဦတွေအပေါ်ကို တိကျမှန်ကန်တဲ့ နေရာပြသမှုကို ပေးနိုင်တာကြောင့် ပင်တဂွန်ရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိတွေက ဂိမ်းအပေါ်ကို စိုးရိမ်နေကြတာဖြစ်ပါတယ်” လို့ ဝါရှင်တန်တိုင်းမ်က ဆိုပါတယ်။

Pokemon Go ဂိမ်းဟာ ဂိမ်းဆော့ကစားနိုင်ဖို့အတွက် ပါဝင်တဲ့လိုအပ်ချက်တွေမှာ စမတ်ဖုန်းကနေတစ်ဆင့် GPS စနစ်ကို အခြေခံပြီး အသုံးပြုသူရဲ့ တည်နေရာကို အတိအကျသိရှိဖို့ လဲပါဝင်တာပါ။ ဒီအပေါ်ကို ပင်တဂွန်ကစိုးရိမ်နေတာဖြစ်ပြီး အစိုးရပိုင်းနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေအနေနဲ့ ဝိုင်ယာလက်စ်ဆက်သွယ်မှု စနစ်အပေါ်စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာခဲ့တာပါ။

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment