Samsung Galaxy Note 7 အား ကမ္ဘောဇဘဏ်တွင် ခြောက်လအရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်



ကျပ် ၉၂၀၀၀၀ တန် Samsung Galaxy Note 7 အား ကမ္ဘောဇဘဏ်တွင် ခြောက်လအရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Samsung Myanmar အနေဖြင့် KBZ Bank နှင့်လည်း ချိတ်ဆက်ထား သောကြောင့် သုံးစွဲသူများအနေဖြင့် Samsung Galaxy Note 7 အား အတိုးနှုန်းမဲ့ ၆ လ အရစ်ကျစနစ်ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပါသည်။ ကြိုတင်မှာယူနိုင်သည့်ကာလမှာ ပစ္စည်းလက်ကျန် အရေအတွက်ရှိသည့်နေ့ အထိသာဖြစ်သည်။



ကြိုတင်မှာယူလိုသူများအနေဖြင့် ကမ္ဘောဇဘဏ်များတွင် နှစ်သက်ရာ Saving account (စုငွေစာရင်း)ဖွင့်၍ ၆ လအရစ်ကျဖြင့် ကျပ် ၉၂၀၀၀၀ စုငွေသွင်းကာ အတိုးနှုန်းမဲ့ (0% Interest Rate) ဖြင့် ၀ယ်ယူနိုင် ပါသည်။ ယခုကြိုတင်မှာယူအရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများသည် Galaxy Note 7 အား စတင်ရောင်းချသည့်နေ့တွင် ပေးအပ်မည့် ကျပ်ရှစ်သောင်း တန်ဖိုးရှိ အပိုဆောင်းလက်ဆောင်များ (Original S- View Standing Cover နှင့် C-Type travel adapter) ကိုလည်း (ကံစမ်းမဲအစီအစဉ်မှအပ) ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

Galaxy Note 7 တွင် ကြည်လင်ပြတ်သား၍ စွဲမက်နစ်မျောဖွယ်ရာရုပ်ပုံများကို ၅.၇လက်မရှိ သေသပ် လှပသော မျက်နှာပြင်ကွေး QHD Super AMOLED မျက်နှာပြင်ရှိ စမတ်ဖုန်းပေါ်တွင် ကြည့်ရှုခံစားနိုင်စေရန်ဖန်တီးထား သည်။ ရုပ်ရှင်ဖန်တီးသူမှ ပေးစွမ်းချင်သောအတွေ့အကြုံအား အသုံးပြုသူများ အပြည့်အ၀ရရှိစေရန် တောက်ပသော အရောင်များနှင့် ပိုမိုနက်ရှိုင်းသော အနက်ရောင်အသားပေးထားသည့် ရုပ်ရှင်ရုံအဆင့်မီ HDR ဗီဒီယိုအား တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Galaxy Note 7 အား ရွှေရောင်၊ ငွေရောင် နှင့် အနက်ရောင်သုံးမျိုးရွေးချယ်နိုင်မည်ဖြစ်သည်။ Galaxy Note 7 အား စတင်ရောင်းချသည့်နေ့တွင် ရန်ကုန်မြို့ရှိမြန်မာပလာဇာနှင့် မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ၀ယ်ယူသူ များအနေဖြင့် ငွေကျပ် ၈၀၀၀၀ ကျပ်တန်ဖိုးရှိ Original S-View Standing Cover နှင့် C-Type travel adapter တို့အပြင် Samsung 32" LED TV အလုံး ၅၀၀ အား အဆိုပါနှစ်နေရာလုံးတွင် ကံစမ်းမဲ ဖောက်ပေးသွားရန်လည်း စီစဉ်ထားပါသည်။ရောင်းချပေးမည့်နေ့ရက် ကိုတော့ Samsung မှ ထပ်မံကြေညာပေးသွားမည်ဟုလည်း သိရပါသည်။


ရဲလင်းလင်းသန်း

















<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 

www.pyaephyo.com

0 comments:

Post a Comment