♪ ၆ လက်မအကျယ်မျက်နှာပြင်၊ 4100mAh ဘက်ထရီနဲ့ ထွက်ရှိလာတဲ့ Meizu M3 Max ♫


လွန်ခဲ့တဲ့လက Meizu M3E ဖုန်းထွက်ရှိပြီးနောက်မှာ၊ တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu ဟာ Meizu M3 Max ဆိုတဲ့ စမတ်ဖုန်းအသစ်တစ်မျိုးကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြန်ပါတယ်။

မျက်နှာပြင်ကြီးကြီးဖုန်းကြိုက်သူတွေအတွက် ၆ လက်မအကျယ် LCD မျက်နှာပြင်ပါရှိပြီး၊ ဘက်ထရီကလည်း မျက်နှာပြင်ကြီးကြီးနဲ့ လိုက်အောင် 4100mAh ဘက်ထရီအထိ ပါရှိလာပါတယ်။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁၆၉၉ ( မြန်မာငွေသုံးသိန်းဝန်းကျင်) ရှိပြီး၊ Xiaomi ရဲ့ Mi Max ကို အဓိကထားယှဉ်ပြိုင်သွားမယ့်ဖုန်းလို့ ယူဆရပါတယ်။
gsmarena_001

Meizu M3 Max ဟာ နာနိုဆင်းမ်သုံး ဆင်းမ်နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ hybrid slot ( နှစ်မျိုးစပ်) နဲ့ဖြစ်တာကြောင့် SIM တစ်ကတ်နဲ့ microSD ကတ်တစ်ကတ် သုံးစွဲနိုင်မှာပါ။ MediaTek Helio P10 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ 1.8GHz octa-core Cortex-A54 CPU နဲ့ RAM 3GB တို့ ပါဝင်ပါတယ်။
Meizu M3 Max ရဲ့ အဓိကထူးခြားချက်ကတော့ ကြီးမားလှတဲ့မျက်နှာပြင်ဖြစ်ပြီး၊ resolution ကလည်း full-HD (1080×1920 pixels) ဆိုတော့ ကောင်းမွန်တဲ့ရုပ်ထွက်ကို ခံစားနိုင်မှာပါ။ ဖုန်းတွင်း storage အနေနဲ့ 64GB ပါရှိပြီး၊ microSD ကတ်က 128GB အထိ ထပ်စိုက်နိုင်မှာပါ။

ကင်မရာကတော့ တန်ဖိုးလတ်ဖုန်းတွေထုံးစံအတိုင်း ကျောကင်မရာ 13MP နဲ့ ရှေ့ကင်မရာ 5MP တို့ ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းအနေနဲ့ 4G ၊ 3G ၊ Wi-Fi ၊ Bluetooth တို့ ပါဝင်ပြီး၊ လက်ဗွေရာဆန်ဆာကတော့ အရှေ့ဘက်ဟုမ်းခလုတ်မှာ ဖြစ်ပါတယ်။

gsmarena_002

Meizu M3 Max ကို ရွှေရောင်၊ ပန်းရောင်၊ ခဲရောင်နဲ့ ငွေရောင်ဆိုပြီး ကာလာလေးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး တရုတ်နိုင်ငံတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

gsmarena_004


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment