♪ ရောင်းချထားပြီး Galaxy Note 7 များအားလုံးကိုပြန်သိမ်းတော့မည့် Samsung ♫


Samsung ဟာ Note 7 ပေါက်ကွဲမှုများနဲ့ ပတ်သတ်လို့ တရားဝင်ကြေငြာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

Samsung မိုဘိုင်းလုပ်ငန်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ DJ Koh မှ သြဂုတ်လ ၁၉ ရက်နေ့ က ရောင်းချခဲ့တဲ့ Note 7 ဖုန်းများ မီးလောင် ပေါက်ကွဲ ရတဲ့ ကိစ္စများကို စုံးစမ်းရာမှ ရလာတဲ့ ရလဒ်များကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Note 7 ကို တစ်ကမ္ဘာလုံးကနေ ပြန်ပြီး ရုပ်သိမ်းသွားမှာပါ။ ရောင်းချမှုများကို ဆိုင်းငံ့ထားပြီး အခုလို ထိခိုက်နစ်နာခဲ့တဲ့ ဖုန်းတွေအတွက် ဖုန်းအစားထိုးလဲလှယ်မှုများကို လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အခုလို အစားထိုးလဲလှယ်မှု ဖြစ်စဉ် ဟာ နှစ်ပတ်ခန့် ကြာမြင့်ဖို့  ရှိတယ်လို့  ကုမ္ပဏီက ဆိုပါတယ်။

အားသွင်းနေစဉ် လုပ်ဆောင်ချက်များ မှားယွင်းသွားတဲ့ Note 7 အလုံးရေ ၃၅ လုံးအကြောင်း သတင်းပေးပို့ မှုများကို Samsung မှ စုစည်းထားပါတယ်။ သံသယရှိထားတဲ့အတိုင်း ပြဿနာဟာ ဘက်ထရီနဲ့  ဆက်စပ်နေပါတယ်။ ဖုန်းအလုံးရေ ၄၂၀၀၀ မှာတစ်လုံး (အလုံးရေ တစ်သန်းမှာ ၂၄ လုံး) ဟာ အခုလို မီးလောင် ပေါက်ကွဲမှုဖြစ်ဖို့ ရှိတယ်လို့  Samsung မှ ဆိုထားပေမယ့် ပြန်ရုပ်သိမ်းမှုလုပ်တာကတော့ သတိပေးချက်တစ်ခုအနေနဲ့  လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အမှန်တကယ် ပြန်ရုပ်သိမ်းမယ့်ဖြစ်စဉ်နဲ့ ပတ်သတ်လို့ အသေးစိတ်အချက်အလက်တွေကိုတော့  ဈေးကွက် တစ်ခုချင်းအလိုက် Samsung မှ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ယခင်က နာမည်မဖော်လိုတဲ့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ကိုရီးယားမီဒီယာကို ပြောပြရာမှာ ပြဿနာ ဟာ ဘက်ထရီ pack နဲ့ ဆက်စပ်နေပြီး ဒီပြဿနာဟာ တင်ပို့ ရောင်းချထားသမျှ Note 7 ရဲ့ 0.1 % ဝန်းကျင် လောက်ထိ သက်ရောက်မှုရှိမယ်လို့ ခန့် မှန်းထားတယ်လို့ ဆိုပါတယ်။

အခုလို ပြန်ရုပ်သိမ်းမှုဟာ ကာလအတိုင်းအတာကြောင့် Samsung အတွက်တော့ ကြီးမားလွန်းတဲ့ အခက်အခဲပြဿနာကြီးဖြစ်နေပါတယ်။ Apple ဟာ Note 7 ကို ယှဉ်ပြိုင်မယ့် သူ့ ရဲ့ နောက်ထပ် iPhone မျိုးဆက်အသစ်ကို ထုတ်ဖော်ပြသသွားတော့မှာပါ။

 ဘေးကင်းစိတ်ချရမှုပိုင်းမှာ စိုးရိမ်စရာဖြစ်မှုတွေနဲ့  ပြန်သိမ်းမယ့် အလားအလာဟာ Apple နဲ့ တစ်ခြား Samsung ရဲ့ ပြိုင်ဘက်တွေဆီ ဖောက်သည်တွေ ရောက်သွားနိုင်ပြီး ဈေးကွက်ထဲမှာ Note 7 ရဲ့ ကောင်းမွန်တဲ့ နာမည်သတင်းထွက်ပေါ်မှု ကို ပျက်စီးသွားစေနိုင်ပါတယ်။


Credit to ==> Myanmar Mobile App



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment