Galaxy Note 7 သုံးစွဲသူများအား ပြန်လည်အစားထိုး လဲလှယ်ပေးသည့် အစီအစဉ်တွင် အမြန်ဆုံး ပါဝင်ရန် Samsung တိုက်တွန်းနှိုးဆော်


Samsung Electronics မှ Galaxy Note 7 နှင့်ပတ်သက်၍ ဘက်ထရီဆဲလ် ချို့ယွင်းမှုကြောင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် နိုင်ငံတကာတွင် ဆောင် ရွက်မည့် ပြန်လည် အစားထိုးလဲလှယ်ပေးသည့် အစီအစဉ်အား လွန်ခဲ့သည့် တစ်ပတ်ခန့်က သတင်းထုတ်ပြန် ကြေငြာခဲ့ပြီး အဆိုပါ အချိန်မှစ၍ #Samsung အနေဖြင့် ပြန်လည် လဲလှယ်သည့် အစီအစဉ်အား လုပ်ဆောင်နိုင်ရန်နှင့် သုံးစွဲ သူများ၏ အဆင်မပြေမှု၊ အခက်အခဲများအား လျှော့ချပေးနိုင်ရန်အတွက် ပို့ကုန် ပစ္စည်းများကို အလျှင်အမြန် ရရှိနိုင်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း သုံးစွဲသူများ၏ စိုးရိမ်ပူပန် မှုများကို Samsung အနေဖြင့် နားလည်သဘောပေါက်ပြီး သုံးစွဲသူများ အနေနှင့် ပစ္စည်းသစ် ပြန်လည် လဲလှယ်ပေးသည့် အစီအစဉ်တွင် ပါဝင်ရန် အလွန်အရေးကြီးကြောင်း Samsung မှ သတင်းထုတ်ပြန်လိုက်သည်။

“ကျွန်တော်တို့ရဲ့ ပထမဦးစားပေး နံပါတ်တစ် အချက်ကတော့ ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ အနေနဲ့ လက်ရှိ ကိုင်ဆောင်နေတဲ့ Galaxy Note 7 ဖုန်းတွေကို ပါဝါပိတ်ပြီး အမြန်ဆုံး လာရောက် လဲလှယ်ပေးကြဖို့ တောင်းဆိုလိုပါတယ်။ ကျွန်တော်တို့လည်း ပြန်လည် လဲလှယ်တဲ့ အစီအစဉ်က တစ်ဆင့် အဆင်ပြေနိုင်သမျှ ပြေစေဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်စေပြီး အစားထိုး ဖုန်းသစ်များကို ပံ့ပိုးပေးနိုင်ဖို့အတွက် အလျှင်အမြန် ဆောင်ရွက် လျက် ရှိပါတယ်။ သုံးစွဲသူများရဲ့ နားလည်ပေးမှုနဲ့ သည်းခံမှုများကို ကျွန်တော် တို့ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်” ” ဟု Samsung Electronics ၏ President of Mobile Communications Business, DJ Koh က ပြောသည်။

သုံးစွဲသူများမှ ပေးပို့တင်ပြလာသော မတော်တဆဖြစ်ရပ် အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း Samsung အနေနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ရန် ဂရုတစိုက် ဆောင်ရွက်လျက် ရှိကြောင်း ချို့ယွင်းချက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား Samsung မှ ရှာဖွေ တွေ့ရှိ ဖော်ထုတ်ပြီး ရောင်းချမှုများနှင့် အဆိုပါ ပစ္စည်းများ သယ်ယူပို့ဆောင် တင်သွင်းမှုများကိုလည်း ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Samsung ၏ သတင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

" ကျွန်တော်တို့ Samsung Myanmar အနေနဲ့လည်း #ကမ္ဘောဇဘဏ် ကြိုတင် မှာယူစနစ် အစီအစဉ်က တစ်ဆင့် Note 7 ဖုန်း ဝယ်ယူခဲ့တဲ့ သုံးစွဲသူ တစ်ယောက်ချင်းစီကို အကြောင်းကြား ဆက်သွယ်လျက် ရှိပါတယ်။ ဝယ်ယူ သုံးစွဲထားသူများ အနေနဲ့ သူတို့ လက်ရှိ အသုံးပြုလျက်ရှိတဲ့ ဖုန်းတွေကို အချိန်မီ ပြန်လည် ပေးအပ်နိုင်ဖို့အတွက် ဝယ်ယူထားသူတိုင်းကို ကျွန်တော်တို့ အမြန်ဆုံး ဆက်သွယ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သုံးစွဲသူတွေရဲ့ လုံခြုံရေးက ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေး နံပါတ်တစ် အချက် ဖြစ်တဲ့ အတွက် သုံးစွဲသူတွေ အနေနဲ့လည်း လက်ရှိ ဝယ်ယူထားတဲ့ #Galaxy #Note7 ဖုန်းတွေကို ဝယ်ယူခဲ့တဲ့ နေရာတွေမှာ တတ်နိုင်သမျှ အမြန်ဆုံး သွားရောက်ပြီး ပြန်လည် ပေးအပ်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်" ဟု #Samsung #Myanmar ၏ Head of IT and Mobile Channel ကိုဇာနည်ဝင်းထက်မှ ပြောသည်။
 



0 comments:

Post a Comment