♪ Huawei Mate 9 မှာ P9 အတိုင်း Leica ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာဖို့ရှိ ♫


မကြာမီကာလအတွင်းဖြစ်တဲ့ နှစ်ကုန်ပိုင်းမတိုင်ခင်လောက်မှာ Mate 9 ဖုန်းကို Huawei ဟာမိတ်ဆက်ဖို့ ရှိနေတာနဲ့အညီ ဖုန်းနဲ့ ပတ်သက်တဲ့ ကောလဟာလသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသတင်းတွေထဲမှာ P9 ဖုန်းမှာ ထည့်သွင်းထားသလိုပဲ ကျောဘက်ကင်မရာနှစ်လုံး ထည့်သွင်းလာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် P9, P9 Plus နဲ့ Honor 8 တို့နဲ့ တူညီဖွယ်မရှိပဲ ကင်မရာတွေမှာ Optical Image Stabilization နည်းပညာလည်း ပါဝင်လာဖို့ ရှိနေပါတယ်။

မကြာခင်ထွက်ရှိတော့မယ့် Apple ရဲ့ iPhone 7 Plus မှာလည်း ကျောဘက်ကင်မရာနှစ်လုံး ထည့်သွင်းလာမှာဖြစ်တယ်လို့ သတင်းပြေးနေပါတယ်။

mate9-2

Mate 9 ဖုန်းမှာတော့ Huawei အနေနဲ့ ဂျာမန်ကင်မရာကုမ္ပဏီ Leica နဲ့ ကင်မရာပိုင်းဆိုင်ရာ ပူးပေါင်းထုတ်လုပ်ခဲ့သလို ပူးပေါင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Huawei ရဲ့ ကျောဘက်ကင်မရာတွေမှာ iPhone 7 Plus မှာ ထည့်သွင်းမယ့် ကင်မရာနဲ့ ကွာခြားသွားတာကတော့ Huawei ဟာ ကာလာဆင်ဆာ တစ်မျိုးတည်းကိုပဲ ထည့်သွင်းထားတာဖြစ်ပြီး Apple မှာတော့ ကာလာယူနစ်နှစ်ခုပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Huawei ရဲ့ နောက်ထွက်မယ့် အဓိက စမတ်ဖုန်းအတွက် ပါဝင်လာမယ့်လုပ်ဆောင်ချက်တွေကတော့ Kirin 960 Processor နဲ့ EMUI ဗားရှင်း 5.0၊ Android နောက်ဆုံးထွက်ဗားရှင်း 7.0 Nougat နဲ့ 6GB RAM တို့ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment