မျက်လုံးခဏပိတ်ပြီး အောက်ကမေးခွန်းတွေရဲ့ အဖြေကို သုံးစက္ကန့်လောက် စဉ်းစားကြည့်ရအောင် –
အောက်မှာ ဖော်ပြထားတဲ့ထဲက ဘယ်အရာကို ကျည်ဆန်ကို ရပ်တန့်စေနိုင်သလဲ။
Captain America ရဲ့ ဒိုင်းလား၊
Ironman ရဲ့ ဝတ်စုံလား၊
Keanu Reeves ပုံဖော်ရိုက်ကူးတဲ့ The Matrix ထဲက Neo လား။
သင့်အနေနဲ့ ကျွန်တော်ဟာ သိပ္ပံရုပ်ရှင်တွေ အကြည့်များလွန်းတယ်ဆိုပြီး အံ့အားသင့်နေနိုင်ပါတယ်။ တကယ့် ဖြစ်ရပ်တစ်ခုကို လေ့လာလိုက်ရအောင်၊ ပုံမှန်ကြုံဖူးတာတွေနဲ့ လုံးဝ မတူတဲ့ ဖြစ်ရပ်တစ်ခုပေါ့- တောင်အာဖရိက ဒေသတွင်း သတင်းထုတ်ပြန်ချက်အရ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ ကိပ်တောင်း (Cape Town) က လူတစ်ယောက်ဟာ သြဂုတ်လ ၃၀ရက်နေ့မှာ သူရဲ့ Huawei စမတ်ဖုန်းက သူ့အသက်ကို ကယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
IT လုပ်ငန်းတွေနဲ့ ယာဉ်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကလေးငါးယောက်အဖေ အသက် ၄၁ နှစ်အရွယ် Siraaj Abrahams ဟာ တိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ သူ့ရင်ဘတ်အစား သူ့ရဲ့ဖုန်း ဖြစ်တဲ့ Huawei P8 Lite ကို ထိမှန်ခဲ့ပါတယ်။ ပစ်ခတ်ခံရပြီးနောက် Abrahams ဟာ သူ့ Huawei စမတ်ဖုန်းက သူ့အသက်ကိုကယ်ခဲ့ကြောင်း မသိလိုက်ဘဲ သတိလစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သတိရလာတဲ့အချိန်မှာတော့ သူ့ဂျာကင်မှာအပေါက်ကျန်ခဲ့ပြီး သူ့Huawei စမတ်ဖုန်း ပျက်နေတာကို မြင်သွားတဲ့အခါ ဘာဖြစ်ခဲ့တယ်ဆိုတာကို သူနားလည်သွားခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ကျည်ဆန်ကို တားမြစ်နိုင်လိုက်တဲ့ စမတ်ဖုန်း မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်က ဂွါတာမလာ (Guatemala) က အပူပိုင်းတောထဲမှာ Huaewi P7 က သူ့ပိုင်ရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါသေးတယ်။ မီလ်ဝဒ် ဘရောင်း (Millward Brown) က သုတေသနပညာရှင်က မီးပန်းသုတေသနကို ပြုလုပ်နေစဉ်မှာ ကင်ညာ (Kenya) နိုင်ငံ ဂရီဆာ (Garissa) မြို့၌ သေနတ်ပြစ်ခတ်ကြစဉ် Huawei Media Pad ကို ကျည်ကာအဖြစ်အသုံးပြုကာ အသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ စူးစမ်းလိုစိတ်ပြင်းပြတဲ့ လူတချို့ကတော့ ဒီဖုန်းတွေနဲ့ သစ်ကြားသီးတွေကိုတောင် ခွဲကောင်းခွဲကြည့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယနေ့ခေတ် စမတ်ဖုန်းတွေဟာ ကျည်ဒဏ်ကာကွယ်နိုင်လောက်အောင် ခိုင်ခံ့နေကြပါပြီ။

စူပါ-ပါဝါ” စမတ်ဖုန်းတစ်လုံးဖြစ်ဖို့ ဘယ်လို ဖန်တီးခဲ့ရသလဲ။
ယနေ့လက်တွေ့မှာ ကျည်ဆံကာကွယ်ပေးနိုင်တဲ့ စမတ်ဖုန်းတွေရှိနေတာဟာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ တကယ်တော့ Huawei လို ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းဖန်တီးသူတွေဟာ အကောင်းဆုံးအရည်အသွေးမြင့် စမတ်ဖုန်းတွေ ဆက်လက်ရရှိနိုင်ဖို့ သူတို့ရဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲပိုင်းတွေကို ပြီးပြည့်စုံအောင် ဆက်လက် ထုတ်လုပ်ရုံမျှမက ထုတ်လုပ်မှုနဲ့ အရည်အသွေးထိန်းချုပ်မှုကိုလည်း အစဉ်တစိုက် လုပ်ဆောင်နေကြပါတယ်။
ဥပမာအနေနဲ့ Huawei လို ကုန်အမှန်တံဆိပ်တွေဟာ ဒီသတင်းတွေကနေ အဓိကဇာတ်ဆောင်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တစ်နှစ်တည်းမှာပဲ နိုင်ငံပေါင်း (၁၇၀) ကျော်ကို စမတ်ဖုန်းအလုံးရေ သန်း (၁၀၀) ကျော်တင်ပို့နိုင်ခဲ့တဲ့ Huawei ဟာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ (၃) ဦးထဲက တစ်ဦးဖြစ်တာနဲ့အညီ အရည်အသွေးမြင့် စမတ်ဖုန်းတွေကိုထုတ်လုပ်ဖို့ ဘယ်လိုအားထုတ်မှုမျိုးကိုမှ မလွတ်စေဘဲ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အပြင် သူတို့လုပ်ဆောင်နေကျအတိုင်း အမြင့်ဆုံးအထိကို အပြင်းအထန်ဆက်လက်လုပ်ဆောင်နေပါတယ်။ Huawei ဟာ ထုတ်ကုန်အရည်အသွေးကောင်းမွန်သေချာစေဖို့အတွက် ရှေ့ပြေးဒီဇိုင်း၊ သုတေသန၊ ကုန်ကြမ်းဝယ်ယူမှု၊ ထုတ်လုပ်မှုနဲ့ စမ်းသပ်စစ်ဆေးမှုတို့ကနေ QMS စနစ်ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိတဲ့အပြင် အလိုအလျောက်ထုတ်လုပ်ပေးတဲ့ စက်တွေ စနစ်ကျသေချာတဲ့ စက်ပစ္စည်းတွေကို အသုံးပြုလျက်ရှိပါတယ်။ ကမ္ဘာ့အဆင့်အတန်းမီ Huawei ဟာ ဥရောပနဲ့ အမေရိကတို့မှာ သတ်မှတ်ထားတဲ့ စံနှုန်းထက်ကို ပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်။
အရည်အသွေးစစ်ဆေးမှုအတွက် Huawei မှာ စက်ရုံတွင်း ထိပ်တန်း နည်းပညာသုံး ယုံကြည်စိတ်ချရတဲ့ စမ်းသပ်ခန်း ရှိပါတယ်။ Huawei ဟန်းဆက်တွေအပေါ် စမ်းသပ်ရှာဖွေမှုတွေဟာ တခါတလေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ထားပုံရပါတယ်။ စက်ပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှု စစ်ဆေးရေးအတွက် ကြံ့ခိုင်မှုရှိမရှိ သိနိုင်ဖို့ နမူနာကိုအကြိမ်ပေါင်း ထောင်ချီ ခေါက်ကြည့် စမ်းသပ်မှု၊ အကြိမ် ၅၀၀ ခန့် လှည့်ပတ်စမ်းသပ်မှု၊ ၇၀ ကီလိုဂရမ် ဟာ့ဒ်ဝဲဖိအား စမ်းသပ်မှုနဲ့ ဆော့ဖ်ဝဲဖိအားစမ်းသပ်မှု အကြိမ် ၂၀၀၀ ခန့် လုပ်လေ့ရှိပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ ယုံကြည်စိတ်ချရမှုအတွက် ဆိုလာလှိုင်း စမ်းသပ်မှု ၇၂ နာရီ၊ အပူအအေး ပြောင်းလဲမှု ၄၈ နာရီ၊ ဆားငန်ရေ ပက်ဖြန်းမှု ၈နာရီ၊ အပူ စိုထိုင်းမှု စမ်းသပ်ရေး၊ တုန်ခါမှုစမ်းသပ်ရေးနဲ့ အခြားကြံ့ခိုင်မှု စစ်ဆေးရေးတို့ကိုလည်း လုပ်ဆောင်ပါတယ်။ သက်တမ်း ယုံကြည်စိတ်ချရမှု စစ်ဆေးရေးအတွက် မျက်နှာပြင်တွင် အကြိမ်ပေါင်း (၈)သိန်း ခေါက်ခြင်း၊ ခလုတ်ထိတွေ့မှုအတွက် အကြိမ် ၂သိန်း၊ နားကြပ်ပေါက် အသွင်းအထုတ်ခံနိုင်ရည်စမ်းသပ်ခြင်း ၅၀၀၀ နဲ့ USB ကြားခံအပေါက်အတွက် စစ်ဆေးမှု အကြိမ် ၁၀,၀၀၀ တို့ကို လုပ်ဆောင်စစ်ဆေးပါတယ်။ ဒီစမ်းသပ်မှု စံနှုန်းအားလုံးဟာ စမတ်ဖုန်းလုပ်ငန်းစုတစ်ခုလုံးက စံသတ်မှတ်နှုန်းများရဲ့ အထက်မှာရှိပြီး ထိခေါက်မှု၊ အပူ၊ မျက်နှာပြင်ထိတွေ့ခြင်း၊ RF အသေးစိတ်အချက်အလက်စစ်ဆေးမှု တို့ဟာ လုပ်ငန်းစုက သတ်မှတ်ထားတဲ့ စံနှုန်းများထက်ကို တော်တော်များများ ကျော်လွန်နေပါတယ်။
Huawei ဟာ ပုံမှန် စက်ရုံတွေမှာ စမ်းသပ်စစ်ဆေးလေ့ မရှိတဲ့ နားကြပ်ပေါက်၊ အားသွင်းပေါက်နဲ့ SIM ကတ်ပေါက်တွေကိုလည်း စမ်းသပ်စစ်ဆေးလေ့ရှိပါတယ်။ ဒါ့အပြင် Huawei ထုတ်ကုန်တွေကို မရောင်းချမီ ပြည်ပနိုင်ငံများတွင် ကျပန်းစစ်ဆေးခြင်းနဲ့ SAR စမ်းသပ်မှု (4G ကွန်ယက်အတွက် အသင့်ဖြစ်စေရန်) တို့အပါအ၀င် တင်းကြပ်တဲ့ ကွန်ယက်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါတယ်။ ဒီလို စမ်းသပ်မှုတွေကို ကျော်ဖြတ်ခဲ့တာကြောင့် Huawei ရဲ့ ထုတ်ကုန်တွေဟာ အမေရိကန်ပြည်ထောင်စုက AT&T လို နိုင်ငံတကာ ထိပ်တန်း မိုဘိုင်းပံ့ပိုးသူ (မိုဘိုင်းလ် ကယ်ရီယာ) တွေရဲ့ ကွန်ယက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု အပြည့်အဝ ရှိနေတာ ဖြစ်ပါတယ်။ အရည်အသွေး စီမံခန့်ခွဲမှု အပိုင်းမှာတော့ Huawei ရဲ့ ထုတ်ကုန်တွေဟာ အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့လို အရည်အသွေးမှာ ကမ္ဘာ့စံနှုန်းအတိုင်း ကိုက်ညီမှု ရှိနေပါတယ်။ နောက်ပြီး ထုတ်ကုန်အားလုံးဟာ လူသားတွေအတွက် ဘေးကင်းရေးစမ်းသပ်မှုတွေကို အပြည့်အဝ လုပ်ထားပြီး အမေရိကန် FFC လက်မှတ်ရထားပါတယ်။
တိကျတဲ့ အရည်အသွေး ထိန်းချုပ်မှုတွေနဲ့Huawei စမတ်ဖုန်းတွေအကြောင်း ပါဝင်တဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းအချို့ကို ဖတ်ရတာဟာ အံ့သြဖွယ်ကောင်းနေပါလိမ့်မယ်။ ဥပမာ- မြန်မာနိုင်ငံက လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဟာ နိုင်ငံရဲ့ မြောက်ဘက်ပိုင်း ရေခဲတောင်မှာ သူ့လေယာဉ်ပျက်ကျသွားတဲ့နောက် ဘယ်ဖုန်းမှ လိုင်းမမိတဲ့အခြေအနေမှာ Huawei စမတ်ဖုန်းရဲ့ အကောင်းဆုံး လိုင်းဆွဲအားကြောင့် သူ့အသက်ကို ကယ်တင် နိုင်ခဲ့ပါတယ်။ ခရီးသည် ခြောက်ယောက်ပါတဲ့ သူတို့အုပ်စုဟာ ဆဲလ် ဖုန်းကိုယ်စီသုံးပြီး အကူအညီတောင်းဖို့ ခေါ်ခဲ့ကြသော်လည်း ဒီလုပ်ငန်းရှင်ရဲ့ Huawei စမတ်ဖုန်း ကလွဲလို့ တစ်ယောက်မှ လိုင်းမမိခဲ့ကြပါဘူး။ ၃ရက်ကျော်လောက် ဒုက္ခခံလိုက်ရပြီးတဲ့ နောက်မှာတော့ သူတို့ကို လာကယ်သွားကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် Huawei ဟာ ပိုပြီးရပ်သိရွာသိဖြစ်သွားခဲ့ပါတယ်။
ချို့ယွင်းချက် မရှိ ထုတ်ကုန်များ
“အရည်အသွေးဟာ Huawei ရဲ့ တည်တံ့ခိုင်မြဲမှု နဲ့ အသက်သွေးကြော” ဖြစ်တယ်လို့ Huawei ရဲ့ Consumer Business Group ရဲ့ CEO ဖြစ်သူ Richard Yu က ပြောဖူးပါတယ်။ Huawei ဟာ ထုတ်ကုန်တွေကို တိုင်းတာဖို့နဲ့ ချို့ယွင်းချက်မရှိစေဖို့အတွက် “လက်မှုပညာသည်စိတ်” အသုံးပြုနေတာဖြစ်ပါတယ်။
အကြိမ် ၃၀၀၀ မှာ တစ်ကြိမ်ခန့် ကင်မရာချို့ယွင်းချက်ရှိနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် Huawei ဟာ ယွမ်သန်းချီရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ လူကြိုက်များ ရေပန်းစားနေတဲ့ စမတ်ဖုန်းတစ်လုံးမှာ ချို့ယွင်းချက် သေးသေးလေးတစ်ခုကို ဖြေရှင်းဖို့အတွက် Huawei ဟာ ဖုန်းအလုံးပေါင်း ၁သိန်းကျော်အတွက် တင်ပို့မှုကို ကြန့်ကြာစေခဲ့တဲ့အပြင် အဲ့ဒီ Honor မော်ဒယ်အတွက် ထုတ်လုပ်မှုကို လုံးဝ ရပ်တန့်ပစ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ မေလ ၂၈ရက်နေ့က Honor စမတ်ဖုန်း ၁၂၈၄၅ လုံးကို ဖျက်ဆီးလိုက်တဲ့အခါမှာတော့ Huawei ဟာ လူမှုကွန်ရက်ရဲ့ ပြောစဖွယ် ထိပ်တန်းအကြောင်းအရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီယခင်ကလည်း ဖုန်း ၄၄၆၂ လုံးနှင့် ပေါင်းစပ် စက်ကိရိယာ ၁၇၃၀၇ ခုကို ဖျက်ဆီးခဲ့ပြီး တန်ဖိုးငွေ ယွမ် သန်း ၂၀ ကျော် ဆုံးရှုံးခဲ့ ရပါတယ်။ သယ်ယူပို့ဆောင်နေစဉ် ကားရှေ့တာယာမီးလောင်သွားသလိုပဲ Huawei ရဲ့ လုပ်ငန်းစဉ်တွေဟာ တုံ့နှေးသွားခဲ့ရပါတယ်။ ချို့ယွင်းချက်နှုန်း ၁.၄% သာရှိသော်လည်း Huawei က သုံးစွဲသူတွေအနေနဲ့ ၀ယ်ယူပြီး တစ်နှစ်အတွင်း နောက်ဆက်တွဲ ပြဿ      နာတွေ မရှိရလေအောင် ထုတ်လုပ်မှုမတော်တဆဖြစ်ပွားမှုမှာ ပါဝင်တဲ့ စမတ်ဖုန်းအားလုံးကို ဖျက်စီးပစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထိပ်တန်း အတွင်းပိုင်းအရည်အသွေးထိန်းချုပ်မှုမှာ Huawei ဟာ လုပ်ငန်းစဉ်တစ်ခုလုံး ချိတ်ဆက်မှု အရည်အသွေးကောင်းမွန်သေချာစေဖို့အတွက် ပစ္စည်းတင်သွင်းသူတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပါတယ်။ Huawei ဟာ ဒီနည်းလမ်းအတိုင်းကိုသာ သုံးပြီး အရည်အသွေးမြင့် စက်ပစ္စည်းတွေကို သုံးစွဲသူတွေဆီ ပံ့ပိုးပေး နိုင်ခဲ့ပါတယ်။ ဥပမာ – ဖုန်းကင်မရာမှာသုံးတဲ့ ကော်အရည်အသွေးဟာ ကင်မရာချိန်တဲ့အခါ အလိုက်သင့်တုံ့ပြန်မှု နဲ့ အလိုအလျောက်ချိန်ဆမှုတို့အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သုံးစွဲသူတွေကို အကောင်းဆုံး အတွေ့အကြုံတွေပေးဖို့အတွက် Huawei ဟာ ကင်မရာ မှန်ဘီလူးတင်သွင်းသူတွေကိုသာမက မော် တာနဲ့ ကော်တင်သွင်းသူတွေကိုပါ အတူတကွ ထိန်းချုပ်စီမံလေ့ရှိပါတယ်။
Huawei မှာ “Huawei ဟာ ဈေးကွက်ရဲ့ အရည်အသွေးစံနှုန်းတစ်ခုဖြစ်လာဖို့ ကြိုးစားနေပါတယ်။ အကယ်၍ ထုတ်ကုန် အရည်အသွေးဟာ စမတ်ဖုန်းလုပ်ငန်းစုရဲ့ စံနှုန်းအောက်ရောက်သွားရင် ဒီအတွက် ပြန်လည်ပေးဆပ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်တစ်နှစ်ချင်းစီမှာ ၃၀% တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစုရဲ့ စံနှုန်းကိုရပြီးတာနဲ့တစ်ပြိုင်နက် နှစ်စဉ် ၂၀% တိုးတက်အောင် လုပ်ဆောင်သွားမှာပါ” ဆိုတဲ့ ရှင်းလင်းတိကျတဲ့ ပန်းတိုင်တစ်ခုရှိပါတယ်။
ဆန်းသစ်တီထွင်မှုနဲ့ အရည်အသွေးပိုင်းမှာ အစဉ်တစိုက် လုပ်ဆောင်နေပြီး ချို့ယွင်းချက်မရှိ ပြစ်ချက်မရှိတဲ့ ထုတ်ကုန်တွေ ရရှိလာမှုရဲ့ ကျေးဇူးတွေကြောင့် Huawei ဟာ ကမ္ဘာ့လုံးဆိုင်ရာ အောင်မြင်မှုနဲ့ ဂုဏ်သတင်း ကျော်ကြားမှုတွေ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ တယ်လီကွန်းဆက်သွယ်ရေးနဲ့ ကိရိယာများ ဈေးကွက်မှာ Huawei ဟာ Huawei ဟာ ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းလမ်းဖြေရှင်းရေးပံ့ပိုးသူအဖြစ် ကမ္ဘာ့ဦးဆောင်သူ ဖြစ်နေပါပြီ။ စမတ်ဖုန်းဈေးကွက်မှာတော့ ဈေးကွက်သုတေသနနဲ့ သုံးစွဲသူ အတွေ့အကြုံ သုတေသန အကြံပေး GFK ရဲ့ တွက်ဆမှုအရ တရုတ်ဈေးကွက်ကို ဦးဆောင်ရင်း အနောက်ဥရောပလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ထိပ်တန်းသုံးခုထဲက တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ရင်းနဲ့ပင် Huawei ရဲ့ ကမ္ဘာ့ဈေးကွက်ဝေစုဟာ ထိပ်တန်း နံပါတ်သုံးနေရာမှာ ရှိနေပါတယ်။ Huawei ရဲ့ ထုတ်ကုန်တွေကို နိုင်ငံဒေသပေါင်း ၁၇၀ ကျော် ကိုတင်ပို့ရောင်းချခဲ့တာကြောင့် အကျိုးအမြတ်ရဲ့ ၆၀% ဟာ ပြည်ပ ဈေးကွက်က ရတာဖြစ်ပါတယ်။
Richard Yu က အရည်အသွေးပိုင်းအရ ဈေးကွက် ယုံကြည်မှု တည်ဆောက်ရေးရဲ့ အဓိက အကြောင်းအရာဟာ Huawei ဟာ စီးပွားရေးအရ အောင်မြင်ရုံသာမကဘဲ ကုန်အမှတ်တံဆိပ်ရဲ့ တန်ဖိုးအတွက်ပါ အုတ်မြစ်ကောင်း ရမယ်ဆိုပြီး တွေးပါတယ်။
၂၀၁၄ ခုနှစ်မှာ Huawei ဟာ Interbrand ရဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ် “ထိပ်တန်း ၁၀၀” ရဲ့ ကမ္ဘာ့အကောင်းဆုံး ကုန်အမှတ်တံဆိပ်စာရင်းထဲမှာ အဆင့် ၉၄ နဲ့ တရုတ်ပြည်ပကြီးရဲ့ ပထမဆုံး ကုမ္ပဏီအဖြစ် ပါဝင်လာခဲ့ပါတယ်။ ၂၀၁၅ခုနှစ် အောက်တိုဘာလမှာတော့ အဆင့် ၈၈ ကိုတက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ၂၀၁၆မှာတော့ Huawei ဟာ တန်ကြေးငွေ အမေရိကန် ဒေါ်လာ ၁၈.၆၅ ဘီလီယံနဲ့ Brand Z ရဲ့ တန်ဖိုးအရှိဆုံးထိပ်တန်း အမှတ်တံဆိပ် ၁၀၀ စာရင်းထဲကို ၀င်နိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ အဆင့် ၇၀ ရှိနေရာကနေ ၂၀၁၆ခုနှစ်မှာတော့ အဆင့် ၅၀ ကို တက်သွားခဲ့ပါတယ်။