♪ ယနေ့ညကျင်းပမယ့် iPhone 7 မိတ်ဆက်ပွဲကို ဖုန်းတိုင်း၊ကွန်ပြူတာတိုင်းကနေ တိုက်ရိုက်ဘယ်လိုကြည့်မလဲ ♫


Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့၊ (ညနေ့ည) မြန်မာစံတော်ချိန် ဆယ့်တစ်နာရီခွဲမှာ iPhone မျိုးဆက်သစ်ဖြစ်တဲ့ iPhone 7 ကို မိတ်ဆက်ပေးသွားဖို့ရှိပါတယ်။

အဆိုပါမိတ်ဆက်ပွဲကို ဆန်ဖရန်စစ္စကိုမြို့က Bill Graham မြို့နယ်ခန်းမမှာ ပြုလုပ်သွားမှာဖြစ်ပြီး၊ တစ်ခုထူးခြားတာက Apple ဟာ သူ့ရဲ့ event တွေကို Apple devices တွေကနေပဲ တရားဝင်ကြည့်လို့ရအောင်လုပ်ပေးထားပါတယ်။ Windows ကနေ တရားဝင်ကြည့်လို့ရအောင်လည်း လုပ်ပေးထားတယ်ဆိုပေမယ့်၊ Windows 10 မှာပါတဲ့၊ Edge browser နဲ့ပဲ  ကြည့်လို့ရမှာဖြစ်ပါတယ်။ တခြား Windows စနစ်အဟောင်းတွေနဲ့ Android အတွက်တော့ အောက်ပါနည်းလမ်းတွေအတိုင်း လုပ်ပြီးကြည့်ရမှာပါ။

Apple မိတ်ဆက်ပွဲကို Apple ပစ္စည်းတွေကနေ တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင်

  • iOS 7 နှင့် အထက်မှာ Safari ဘရောက်ဆာထဲဝင်ပြီး၊ ယခု URL ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။
  • Mac OS ကနေတော့ Safari 6.0.5 နှင့်အထက်လိုပြီး၊ အထက်ပါလိပ်စာ (URL) ကနေပဲ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
  • ဆော့ဖ်ဝဲ 6.2 နှင့်အထက်ရှိတဲ့ Apple TV (2nd gen နဲ့ 3rd gen) ဒါမှမဟုတ် 4th gen Apple TV ကနေ Apple Events app ထဲမှာ ယခုပွဲကို ရှာပြီးကြည့်ရှုနိုင်ပါတယ်။

Windows ကွန်ပြူတာကနေ Apple ပွဲကို ဘယ်လိုကြည့်မလဲ

Apple ဟာ သူ့ရဲ့ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေကို Windows ကနေလည်း အဆင်ပြေပြေကြည့်နိုင်အောင် မကြာသေးခင်ကလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Windows 10 မှာပါတဲ့ Microsoft Edge browser ကနေပဲ အထက်ပါလိပ်စာသွားပြီး ကြည့်နိုင်မှာပါ။
ဒါဆို Windows 10 မဟုတ်တဲ့ Windows ကွန်ပြူတာကနေ ကြည့်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ ဒါဆိုရင်တော့ ပထမဆုံး သင့်ကွန်ပြူတာမှာ VLC player လိုပါမယ်။
VLC player ရှိတယ်ဆိုရင်၊ player ကို ဖွင့်ပြီး၊ အပေါ်ဘက် ဘယ်ဘက်ထောင့်က Media ကို ကလစ်နှိပ်ပြီး၊ Open Network Stream ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် Apple event livestream url ကို ရိုက်ထည့်ပေးရပါမယ်။ ဒါပေမယ့် ပွဲစမှ URL အသစ်ပေါ်မှာဆိုတော့ မိတ်ဆွေအနေနဲ့ ဒီဆောင်းပါးကို တစ်ခေါက်ပြန်လာဖတ်ဖို့ လိုမှာပါ။ မိတ်ဆွေရိုက်ထည့်ပေးရမယ့် URL ကို ကျနော်တို့ ဖော်ပြပေးထားပါမယ်။
ဒါမှမဟုတ်ရင်တော့ Youtube မှာ ယခုပွဲကို live လွှင့်ပေးမယ့် ချန်နယ်တစ်ခုခုလောက်ရှာပြီးလည်း ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ချန်နယ်ရှာနေရတာက ပိုကြာတာကြောင့်၊ VLC နဲ့ ကြည့်တာက ပိုအဆင်ပြေမယ်ထင်ပါတယ်။

Android ကနေ ကြည့်ချင်တယ်ဆိုရင်တော့

Windows အတိုင်းပဲ VLC player for Android လိုမှာပါ။
  • VLC Player ကို install လုပ်ပြီးသွားရင် Menu ထဲက “Stream” ဆိုတာကို နှိပ်လိုက်ပါ။
  • URL ကွက်လပ်နေရာမှာ၊ ကျနော်တို့ဖော်ပြပေးမယ့် URL ကို ရိုက်ထည့်လိုက်ပါ။
  • ပြီးရင် “Play”ကို နှိပ်လိုက်တာနဲ့၊ Apple ပွဲစနေပြီဆိုရင် livestream ပြပေးသွားမှာဖြစ်ပါတယ်။
Apple ရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေဟာ တင်ဆက်ပုံတွေက အရမ်းဆွဲဆောင်မှုရှိလွန်းတာကြောင့်၊ Apple ထုတ်ကုန်တစ်ခု ဝယ်ဖို့စိတ်ကူးမရှိရင်တောင်၊ ကြည့်ရတာ တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment