♪ iPhone 7 ၀ယ်မယ်ဆိုရင် ဘယ်အရောင်တွေကိုရွေးသင့်လဲ ♫


“Jet Black iPhone 7 မှာ အရောင်အသွေးချောမွတ်မှုရရှိဖို့ အတွက် အဆင့်ကိုးဆင့်နဲ့  သတ္ထုပုံလောင်းခြင်း နှင့်အရောင်တင်ခြင်း လုပ်ရပါတယ်။ ဒီဖုန်းရဲ့ မျက်နှာပြင်ဟာ တစ်ခြား သတ္ထုတင်ထားတဲ့ Apple ထုတ်ကုန်တွေလိုပဲ မာကျော ပါတယ် ။ဒါပေမယ့်လည်း ဒီဖုန်းရဲ့ တောက်ပမှုဟာ သုံးတဲ့အခါ ပွတ်တိုက်မှုကြောင့် အနည်းငယ် အစင်းရာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ စိတ်ပူတယ်ဆိုရင် သင့်ရဲ့ အိုင်ဖုန်းကို ကာကွယ်ဖို့  ကာဗာတွေအများကြီးထဲက တစ်ခုခုကို သုံးဖို့ အကြံပြုပါတယ်။”  လို့ Apple ဟာ သူ့ ရဲ့ ဝက်ဘ်ဆိုက်မှာ အနည်းငယ်သတိပေးထားတာလည်းတွေ့ရပါတယ်။

ဒါကြောင့် ကိုယ်ဟာ ဖုန်းကိုနုနုရွရွကိုင်တတ်တဲ့သူလား ၊ ဖုန်းကိုလွတ်ကျမှာ (သို့) အမာတစ်ခုခုနဲ့ပွတ်တိုက်မိမှာကို ကိုယ့်ကိုကိုယ်အာမ မခံနိုင်ဘူးလားဆိုတာစဉ်းစားကြည့်ပါ။ အရောင်သစ် ၂ မျိုးထဲကပဲကိုင်ချင်ရင်တော့ နုနုရွရွကိုင်တတ်သူဆိုရင် Jet Black အရောင်ကိုရွေးနိုင်ပါတယ် ။ ဖုန်းကိုကာဗာလည်းတပ်မကိုင်ချင်ဘူး ၊ နုနုရွရွ ကိုင်ကိုင် မကိုင်ကိုင် Jet Black အရောင်ပဲကိုင်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ ရှေ့မှန်တင်မကဘဲနောက်ကိုပါ Tempared Glass ကပ်ပြီးကိုင်ဖို့အကြံပြုလိုပါတယ် ။ ဒါဆိုရင်တော့ သာမန်အထိအခိုက်အပွန်းအပဲ့လောက်ကတော့ ကာကွယ်ပြီးသားဖြစ်တာကြောင့် Jet Black အရောင်နဲ့ iPhone 7 ကိုကာဗာမတပ်ဘဲ ကိုင်လည်းအဆင်ပြေပါတယ်။

အနက်ရောင်လည်းကိုင်ချင်တယ် နုနုရွရွလည်းမကိုင်နိုင်ဘူးဆိုရင်တော့ အရောင်သစ် ၂ မျိုးထဲက ၁ မျိုးဖြစ်တဲ့ Black အရောင်ကိုရွေးသင့်ပါတယ်။



Black အရောင်ကလည်း အရင် Space Gray အရောင်နဲ့မတူဘဲ တော်တော်လှပါတယ်။ Jet Black လိုပြောင်လက်နေတာမဟုတ်တာပဲ ကွာတာပါ။



Black နဲ့ဆိုင်တဲ့အရောင်တွေလုံးဝမကြိုက်ဘူးဆိုရင်တော့ Rose Gold အရောင်ကိုပဲအဓိကရွေးချယ် သင့်ပါတယ်။



Rose Gold အရောင်က Gold အရောင်နဲ့သိပ်မကွာဘဲ Gold အရောင်ထက်ပိုပြီးကြည့်ရတာပိုပြီးကောင်းလို့ iPhone 6s တနုးကလည်း Rose Gold အရောင်က ရွှေရောင်ထက်ပိုပြီးလူကြိုက်များကြတာကိုတွေ့ရပါတယ်။ နောက်ပြီး iPhone 7 ဟာလည်း အနက်ရောင် ၂ မျိုးပြီးလျှင် Rose Gold အရောင်နဲ့ပိုလှတယ်လို့ထင်ရပါတယ်။ Silver အရောင်ကတော့အခုနောက်ပိုင်းအကိုင်နည်းကြတယ်လို့ထင်ပါတယ် ။ သင်ဆိုရင်ရော iPhone 7 ထဲက ဘယ်အရောင်ကိုအကြိုက်ဆုံးပါလဲ ?

သက်နိုင်စိုး (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment